မန်စီးတီး ကွင်းလယ် ဂွမ်ဒိုဂန်က ၄င်းရဲ့ အသင်းဖော် ဆာနေး ဘိုင်ယန်သို့ ပြောင်းရွှေ့မယ်ဆိုတဲ့ သတင်းများကို ငြင်းပယ်လိုက်ပြီး မန်စီးတီးဟာ ဆာနေးကို သွားခွင့်ပြုမှာ မဟုတ်ကြောင်း အခိုင်အမာ ဆိုလိုက်ပါတယ်။

အီတလီအားကစားသတင်းဌာန Radio Sportiva က သတင်းထောက် အဆိုအရ ပက် ဂွာဒီယိုလာဟာ ဂျူဗင်တပ် ဥက္ကဌနဲ့ တွေ့ဆုံခဲ့ပြီး ၄ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ပြောင်းရွှေ့လာဖို့ သဘောတူခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ဂွာဒီယိုလာက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ ဂျူဗင်တပ်နဲ့ သတင်းများကို ငြင်းဆိုထားတာ ရှိပါတယ်။

ဝက်ဟမ်းအသင်းရဲ့ နောက်ခံလူ ဇာဘက်လက်တာ က မန်စီးတီးအသင်းရဲ့နည်းပြ ဂွာတီယိုလာ မန်စီးတီး အသင်းကနေ ထွက်ခွာသွားဖို့ မျှော်လင့်ထားကြောင်း ဆိုပါတယ်။ ဇာဘက်လက်တာက ဂွာဒီယိုလာဟာ အသင်းတစ်သင်းမှာ ၃ – ၄ နှစ်ထက် ပိုမနေတက်ဘူးလို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ဂွာတီယိုလာ ဂျူဗင်တပ်အသင်းကို ပြောင်းရွေ့မယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

ဘိုင်ယန်တိုက်စစ်မှူး လီဝန်ဒေါစကီးက မန်စီးတီးတောင်ပံကစားသမား လီရွိုင်းဆာနေးကို ခေါ်ယူဖို့ အသင်းကို တိုက်တွန်းထားတယ်လို့ သိရပါတယ်။

ဂျာမန်သား ဆာနေးဟာ ပြီးခဲ့တဲ့ ၂၀၁၈-၁၉ ဘောလုံးရာသီမှာ မန်စီးတီးအသင်းအတွက် ပထမဦးစားပေးနေရာကနေ များများစားစား ကစားခဲ့ရခြင်းမရှိပဲ ရာသီဝက်အရောက်မှာ ပရီးမီးယားလိဂ်(၉)ပွဲသာ ကစားခဲ့ရပါတယ်။ ဘိုင်ယန်အနေနဲ့ကလည်း ဆာနေးအတွက်မန်စီးတီးကို ဆက်သွယ်ခြင်းမရှိသေးပေမယ့် စိတ်ဝင်စားမှုတော့ ရှိနေတယ်လို့ သိရပါတယ်။

မန်စီးတီး တိုက်စစ်မှူး ရာဟင်းစတားလင်းက တစ်နေ့မှာ စီးတီးက ထွက်ခွာသွားရင် မေဂျာလိဂ်သို့ သွားရောက်ကစားဖို့ ရည်မှန်းထားကြောင်း ဖွင့်ဟပြောဆိုမှု ပြုသွားပါတယ်။