ချယ်ဆီးအသင်းက မန်စီးတီးကို ချန်ပီယံလိဂ် ဗိုလ်လုပွဲမှာ အနိုင်ရခဲ့ခြင်းကောင့် လီဗာပူးဟာ လာမယ့်ရာသီ ချန်ပီယံလိဂ် အုပ်စုအဆင့်မှာ ဒေါ့မွန်အသင်းဖြင့် ထိပ်တိုက်တွေ့မှာ မဟုတ်တော့ပါဘူး။
လစ္စဘွန်းမှာ ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ်ပွဲမှာ အနိုင်ရခဲ့တဲ့ လန်ဒန်ကလပ်ဟာ လာမယ့်ရာသီအတွက် pot 1 စာရင်းထဲ ဝင်သွားခဲ့ပါပြီ။ ၎င်းတို့နည်းတူ ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ယူနိုက်တက်ကို အနိုင်ရခဲ့တဲ့ ဗီလာရီးရဲလ်ကလည်း pot 1 ထဲကို ဝင်သွားခဲ့ပြီဖြစ်တယ်။
သူတို့ နှစ်သင်းဟာ ဥရောပထိပ်တန်း လိဂ်ပြိုင်ပွဲတွေရဲ့ အမှတ်ပေးချန်ပီယံတွေဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ်၊ မန်စီးတီး၊ ဘိုင်ယန်မြူးနစ်၊ အင်တာမီလန်၊ လိုင်လီနဲ့ စပို့တင်း လစ္စဘွန်းတို့ဖြင့် pot 1 မှာ ရှိနေမှာဖြစ်တယ်။
လီဗာပူးအသင်းကတော့ Pot 2 မှာ ရီးရဲလ်မက်ဒရစ်၊ ဘာစီလိုနာ၊ ဂျူဗင်တပ်၊ ပီအက်စ်ဂျီ၊ ဆီးဗီးလာ၊ ဒေါ့မွန်တို့ဖြင့် အတူရှိနေမှာဖြစ်တယ်။ ဒေါ့မွန်ဟာ မူလက Pot 3 မှာ ရှိနေတာဖြစ်ပြီး ချယ်ဆီးအသင်းက ချန်ပီယံလိဂ်အနိုင်ရကာ pot 1 ကို တက်သွားခြင်းကြောင့် Pot 2 ထဲကို အစားဝင်လာနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
ဒါကြောင့်ပဲ လီဗာပူးအသင်းဟာ အုပ်စုအဆင့်မှာ ဂျာမာန်ကလပ် ဒေါ့မွန်ဖြင့် တွေ့ဆုံဖို့ မရှိတော့ဘဲ ရံှူးထွက်အဆင့်မှာ ပြန်လည် တွေ့ဆုံနိုင်ချေ ရှိသွားမှာဖြစ်တယ်။ အုပ်စုအဆင့်မှာ နိုင်ငံတူအသင်းတွေ တွေ့ဖို့မရှိတာကြောင့် လီဗာပူးရဲ့ အုပ်စုတွင်း ပြိုင်ဘက်တစ်သင်းက တီကို၊ ဘိုင်ယန်၊ အင်တာ၊ လိုင်လီနဲ့ စပို့တင်းတို့ထဲက ဖြစ်လာဖို့ ရှိနေပါတယ်။
လက်ရှိ အချိန်ထိ Pot 3 နဲ့ Pot 4 အဆင့်တွေကတော့ အပြီးသတ် ထွက်ပေါ်မလာသေးပါဘူး။ ဆဲလ်တစ်၊ ရိန်းဂျား၊ ဆဲလ်ဘတ်၊ ရှက်တာ၊ မိုနာဂို၊ ဘင်ဖီကာ အပါအဝင် ကလပ် အများအပြားဟာ ခြေစစ်ပွဲတွေကို ယှဉ်ပြိုင်ဖို့ ကျန်ရှိနေသေးတာဖြစ်ပါတယ်။
ZAWGYI
ခ်ယ္ဆီးအသင္းက မန္စီးတီးကို ခ်န္ပီယံလိဂ္ ဗိုလ္လုပြဲမွာ အႏုိင္ရခဲ့ျခင္းေကာင့္ လီဗာပူးဟာ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ အုပ္စုအဆင့္မွာ ေဒါ့မြန္အသင္းျဖင့္ ထိပ္တိုက္ေတြ႔မွာ မဟုတ္ေတာ့ပါဘူး။
လစၥဘြန္းမွာ ယွဥ္ျပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ပြဲမွာ အႏုိင္ရခဲ့တဲ့ လန္ဒန္ကလပ္ဟာ လာမယ့္ရာသီအတြက္ pot 1 စာရင္းထဲ ဝင္သြားခဲ့ပါျပီ။ ၄င္းတို႔နည္းတူ ယူရိုပါလိဂ္ ဗိုလ္လုပြဲမွာ ယူႏုိက္တက္ကို အႏုိင္ရခဲ့တဲ့ ဗီလာရီးရဲလ္ကလည္း pot 1 ထဲကို ဝင္သြားခဲ့ျပီျဖစ္တယ္။
သူတို႔ ႏွစ္သင္းဟာ ဥေရာပထိပ္တန္း လိဂ္ျပိဳင္ပြဲေတြရဲ႕ အမွတ္ေပးခ်န္ပီယံေတြျဖစ္တဲ့ အက္သလက္တီကို မက္ဒရစ္၊ မန္စီးတီး၊ ဘိုင္ယန္ျမဴးနစ္၊ အင္တာမီလန္၊ လိုင္လီနဲ႔ စပို႔တင္း လစၥဘြန္းတို႔ျဖင့္ pot 1 မွာ ရွိေနမွာျဖစ္တယ္။
လီဗာပူးအသင္းကေတာ့ Pot 2 မွာ ရီးရဲလ္မက္ဒရစ္၊ ဘာစီလိုနာ၊ ဂ်ဴဗင္တပ္၊ ပီအက္စ္ဂ်ီ၊ ဆီးဗီးလာ၊ ေဒါ့မြန္တို႔ျဖင့္ အတူရွိေနမွာျဖစ္တယ္။ ေဒါ့မြန္ဟာ မူလက Pot 3 မွာ ရွိေနတာျဖစ္ျပီး ခ်ယ္ဆီးအသင္းက ခ်န္ပီယံလိဂ္အႏုိင္ရကာ pot 1 ကို တက္သြားျခင္းေၾကာင့္ Pot 2 ထဲကို အစားဝင္လာႏုိင္ခဲ့ျခင္း ျဖစ္ပါတယ္။
ဒါေၾကာင့္ပဲ လီဗာပူးအသင္းဟာ အုပ္စုအဆင့္မွာ ဂ်ာမာန္ကလပ္ ေဒါ့မြန္ျဖင့္ ေတြ႔ဆံုဖို႔ မရွိေတာ့ဘဲ ရံွဴးထြက္အဆင့္မွာ ျပန္လည္ ေတြ႔ဆံုႏုိင္ေခ် ရွိသြားမွာျဖစ္တယ္။ အုပ္စုအဆင့္မွာ ႏုိင္ငံတူအသင္းေတြ ေတြ႔ဖို႔မရွိတာေၾကာင့္ လီဗာပူးရဲ႕ အုပ္စုတြင္း ျပိဳင္ဘက္တစ္သင္းက တီကို၊ ဘိုင္ယန္၊ အင္တာ၊ လိုင္လီနဲ႔ စပို႔တင္းတို႔ထဲက ျဖစ္လာဖို႔ ရွိေနပါတယ္။
လက္ရွိ အခ်ိန္ထိ Pot 3 နဲ႔ Pot 4 အဆင့္ေတြကေတာ့ အျပီးသတ္ ထြက္ေပၚမလာေသးပါဘူး။ ဆဲလ္တစ္၊ ရိန္းဂ်ား၊ ဆဲလ္ဘတ္၊ ရွက္တာ၊ မိုနာဂို၊ ဘင္ဖီကာ အပါအဝင္ ကလပ္ အမ်ားအျပားဟာ ေျခစစ္ပြဲေတြကို ယွဥ္ျပိဳင္ဖို႔ က်န္ရွိေနေသးတာျဖစ္ပါတယ္။