လီဗာပူးအသင်းဟာ ဒီနွေမှာ တိုက်စစ်ပိုင်းအတွက် အားဖြည့်မှု ပြုလုပ်မှာဖြစ်ပြီး ဥရောပ တန်ကြေးကြီး လူငယ်တွေဖြစ်တဲ့ ဆန်ချို၊ အမ်ဘတ်ပီတို့ကို ခေါ်ယူသွားနိုင်မှာ မဟုတ်ပါဘူး။
တိုက်စစ်သုံးယောက်တွဲဖြစ်တဲ့ ဖာမင်နို၊ ဆာလာ၊ မာနေးတို့ရဲ့ တွဲဘက်ညီမှုဟာ ပြီးခဲ့တဲ့ ရာသီမှာ ကျဆင်းမှုတွေ ရှိခဲ့တယ်ဆိုပေမယ့် မန်နေဂျာကလော့ပ်က သူတို့ ၃ ဦးလုံးကို အသင်းမှာ ဆက်ထိန်းထားဖို့ ဦးတည်သွားမှာဖြစ်တယ်။ သို့ပေမယ့်လည်း လူငယ် တိုက်စစ်သမား တစ်ဦးကို ထပ်မံ ခေါ်ယူခြင်းဖြင့် သူတို့ ၃ ဦးကို ဖိအားပေးစေပါမယ်။
လီဗာပူးနဲ့ သတင်းတွေထွက်ထားပြီး အသင်းဘက်က အမှန်တကယ် လှုပ်ရှားမယ်ဆိုရင် ခေါ်ယူလို့ရနိုင်တဲ့ တိုက်စစ်သမား (၃) ဦးကို ဖော်ပြသွားပါမယ်။
Patson Daka
ရတ်ဘူး ဆဲလ်ဘတ်အသင်း တိုက်စစ်သမားဟာ လီဗာပူးနဲ့ သတင်းကြီးတွေ ရှိထားခဲ့သူပါ။ အသက် ၂၂ နှစ်အရွယ်ပဲ ရှိသေးပြီး ပြီးခဲ့တဲ့ ရာသီမှာ ပွဲပေါင်း ၄၂ ပွဲအတွင်း သွင်းဂိုး ၃၄ ဂိုး သွင်းနိုင်ခဲ့သူဖြစ်တယ်။ သူဟာ အထောင်တိုက်စစ်မှူးနေရာ သီးသန့် ကစားသူဖြစ်ကာ အခြားသော တောင်ပံနေရာတွေကို ထွက်ကစားမှု နည်းပါးသူဖြစ်တယ်။
လီဗာပူးဘက်က ချိတ်ဆက်မှုတွေ ရှိထားခဲ့တယ်လို့ နားလည်ထားရကာ အသင်းဟာ ရတ်ဘူလ်းအဖွဲ့နဲ့ ဆက်ဆံရေးကောင်းလည်း ရှိပါတယ်။ အက်ဆာ လေ့ကျင့်ရေးဟာဆိုရင် ဆဲလ်ဘတ်အသင်းရဲ့ လေ့ကျင့်ရေးစင်တာကို သွားရောက် လေ့လာပြီးမှ တည်ဆောက်ခဲ့တာဖြစ်တယ်။ မာနေး၊ ကိတ်တာ၊ မီနာမီနိုတို့ဟာ ဆဲလ်ဘတ်အသင်းမှာ ကစားခဲ့ဖူးသူတွေ ဖြစ်ပါတယ်။
Andre Silva
အသက် ၂၅ နှစ်အရွယ် ပေါ်တူဂီသား တိုက်စစ်မှူးကလည်း အထောင်တိုက်စစ်မှူး နေရာမှာပဲ ကစားသူပါ။ သူဟာ ပေါ်တိုအသင်း အကယ်ဒမီကနေ ပေါ်ထွက်လာပြီး အေစီမီလန်၊ ဆီးဗီးလာ အသင်းတို့မှာ ကစားဖူးကာ လက်ရှိမှာ ဂျာမာန်လိဂ် ဘွန်ဒက်လီဂါကလပ် ဖရန့်ဖတ်မှာ ကစားနေသူဖြစ်ပါတယ်။
မနှစ်ကရာသီ ဘွန်ဒက်လီဂါပွဲပေါင်း ၃၄ ပွဲမှာ သွင်းဂိုး ၂၉ ဂိုးထိ ရခဲ့တဲ့ တိုက်စစ်မှူးဟာ ကစားတဲ့ ကလပ်တိုင်းမှာ တစ်ရာသီ အနည်းဆုံး သွင်းဂိုး ၁၀ ဂိုး အနည်းဆုံး ရယူထားသူဖြစ်တယ်။ ပေါ်တူဂီလက်ရွေးစင်အသင်းအတွက်လည်း ၃၈ ပွဲ ကစားပြီး ၁၆ ဂိုး သွင်းထားကာ ဂျိုတာနဲ့ အတွဲညီသူဖြစ်ပါတယ်။
Raphinha
ညာတောင်ပံကို အားသန်တဲ့ ဘရာဇီး တောင်ပံသမားဟာ လီဗာပူးပရိသတ်တွေနဲ့တော့ မစိမ်းပါဘူး။ သူဟာ လိဒ်ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်သမားတစ်ဦးဖြစ်ပြီး လီဗာပူးနဲ့ သတင်းတွေ ထွက်ထားတာကို နှစ်သက်တယ်လို့ ထုတ်ပြောထားသူပါ။
အသက် ၂၄ နှစ်အရွယ် တိုက်စစ်သမားက ပြင်သစ်လိဂ်ကနေ လိဒ်ကို ကူးပြောင်းလာခြင်းဖြစ်ကာ ပရီးမီးယားလိဂ် ပွဲဦးထွက်ရာသီမှာတင် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တယ်။ တိုက်စစ်ပိုင်း စွယ်စုံရသူဖြစ်ပြီး လိုအပ်လာရင် တိုက်စစ်လိုင်းကနေ တစ်ဆင့်ဆင်းကာ ကွင်းလယ်နေရာတွေထိ ကစားနိုင်သူဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဒီေႏြမွာ တိုက္စစ္ပိုင္းအတြက္ အားျဖည့္မႈ ျပဳလုပ္မွာျဖစ္ျပီး ဥေရာပ တန္ေၾကးၾကီး လူငယ္ေတြျဖစ္တဲ့ ဆန္ခ်ိဳ၊ အမ္ဘတ္ပီတို႔ကို ေခၚယူသြားႏုိင္မွာ မဟုတ္ပါဘူး။
တိုက္စစ္သံုးေယာက္တြဲျဖစ္တဲ့ ဖာမင္ႏို၊ ဆာလာ၊ မာေနးတို႔ရဲ႕ တြဲဘက္ညီမႈဟာ ျပီးခဲ့တဲ့ ရာသီမွာ က်ဆင္းမႈေတြ ရွိခဲ့တယ္ဆိုေပမယ့္ မန္ေနဂ်ာကေလာ့ပ္က သူတို႔ ၃ ဦးလံုးကုိ အသင္းမွာ ဆက္ထိန္းထားဖို႔ ဦးတည္သြားမွာျဖစ္တယ္။ သို႔ေပမယ့္လည္း လူငယ္ တိုက္စစ္သမား တစ္ဦးကို ထပ္မံ ေခၚယူျခင္းျဖင့္ သူတို႔ ၃ ဦးကို ဖိအားေပးေစပါမယ္။
လီဗာပူးနဲ႔ သတင္းေတြထြက္ထားျပီး အသင္းဘက္က အမွန္တကယ္ လႈပ္ရွားမယ္ဆိုရင္ ေခၚယူလို႔ရႏုိင္တဲ့ တိုက္စစ္သမား (၃) ဦးကို ေဖာ္ျပသြားပါမယ္။
Patson Daka
ရတ္ဘူး ဆဲလ္ဘတ္အသင္း တိုက္စစ္သမားဟာ လီဗာပူးနဲ႔ သတင္းၾကီးေတြ ရွိထားခဲ့သူပါ။ အသက္ ၂၂ ႏွစ္အရြယ္ပဲ ရွိေသးျပီး ျပီးခဲ့တဲ့ ရာသီမွာ ပြဲေပါင္း ၄၂ ပြဲအတြင္း သြင္းဂိုး ၃၄ ဂိုး သြင္းႏုိင္ခ့ဲသူျဖစ္တယ္။ သူဟာ အေထာင္တိုက္စစ္မွဴးေနရာ သီးသန္႔ ကစားသူျဖစ္ကာ အျခားေသာ ေတာင္ပံေနရာေတြကို ထြက္ကစားမႈ နည္းပါးသူျဖစ္တယ္။
လီဗာပူးဘက္က ခ်ိတ္ဆက္မႈေတြ ရွိထားခဲ့တယ္လို႔ နားလည္ထားရကာ အသင္းဟာ ရတ္ဘူလ္းအဖြဲ႔နဲ႔ ဆက္ဆံေရးေကာင္းလည္း ရွိပါတယ္။ အက္ဆာ ေလ့က်င့္ေရးဟာဆိုရင္ ဆဲလ္ဘတ္အသင္းရဲ႕ ေလ့က်င့္ေရးစင္တာကို သြားေရာက္ ေလ့လာျပီးမွ တည္ေဆာက္ခဲ့တာျဖစ္တယ္။ မာေနး၊ ကိတ္တာ၊ မီနာမီႏိုတို႔ဟာ ဆဲလ္ဘတ္အသင္းမွာ ကစားခဲ့ဖူးသူေတြ ျဖစ္ပါတယ္။
Andre Silva
အသက္ ၂၅ ႏွစ္အရြယ္ ေပၚတူဂီသား တိုက္စစ္မွဴးကလည္း အေထာင္တိုက္စစ္မွဴး ေနရာမွာပဲ ကစားသူပါ။ သူဟာ ေပၚတိုအသင္း အကယ္ဒမီကေန ေပၚထြက္လာျပီး ေအစီမီလန္၊ ဆီးဗီးလာ အသင္းတို႔မွာ ကစားဖူးကာ လက္ရွိမွာ ဂ်ာမာန္လိဂ္ ဘြန္ဒက္လီဂါကလပ္ ဖရန္႔ဖတ္မွာ ကစားေနသူျဖစ္ပါတယ္။
မႏွစ္ကရာသီ ဘြန္ဒက္လီဂါပြဲေပါင္း ၃၄ ပြဲမွာ သြင္းဂိုး ၂၉ ဂိုးထိ ရခဲ့တဲ့ တိုက္စစ္မွဴးဟာ ကစားတဲ့ ကလပ္တိုင္းမွာ တစ္ရာသီ အနည္းဆံုး သြင္းဂိုး ၁၀ ဂိုး အနည္းဆံုး ရယူထားသူျဖစ္တယ္။ ေပၚတူဂီလက္ေရြးစင္အသင္းအတြက္လည္း ၃၈ ပြဲ ကစားျပီး ၁၆ ဂိုး သြင္းထားကာ ဂ်ိဳတာနဲ႔ အတြဲညီသူျဖစ္ပါတယ္။
Raphinha
ညာေတာင္ပံကို အားသန္တဲ့ ဘရာဇီး ေတာင္ပံသမားဟာ လီဗာပူးပရိသတ္ေတြနဲ႔ေတာ့ မစိမ္းပါဘူး။ သူဟာ လိဒ္ယူႏုိက္တက္ရဲ႕ အဓိက တိုက္စစ္သမားတစ္ဦးျဖစ္ျပီး လီဗာပူးနဲ႔ သတင္းေတြ ထြက္ထားတာကို ႏွစ္သက္တယ္လို႔ ထုတ္ေျပာထားသူပါ။
အသက္ ၂၄ ႏွစ္အရြယ္ တိုက္စစ္သမားက ျပင္သစ္လိဂ္ကေန လိဒ္ကို ကူးေျပာင္းလာျခင္းျဖစ္ကာ ပရီးမီးယားလိဂ္ ပြဲဦးထြက္ရာသီမွာတင္ ေျခစြမ္းေကာင္းေတြ ျပသထားႏုိင္တယ္။ တိုက္စစ္ပိုင္း စြယ္စံုရသူျဖစ္ျပီး လိုအပ္လာရင္ တိုက္စစ္လိုင္းကေန တစ္ဆင့္ဆင္းကာ ကြင္းလယ္ေနရာေတြထိ ကစားႏုိင္သူျဖစ္ပါတယ္။