ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ် ညွှန်းဆိုမှုတွေ ရှိနေပေမယ့် ဗန်ဒိုက်ခ်ျ ကိုယ်တိုင်ကတော့ ကမ္ဘာပေါ်မှာ အကောင်းဆုံး နောက်ခံလူ မရှိ ကြောင်း ဖွင့်ဟ ပြောကြား မှုများ ပြုလုပ် သွားခဲ့ပါတယ်။

ဗန်ဒိုက်ခ်ျက “ဘယ်သူ့ ကိုမှ ကမ္ဘာ့ အကောင်းဆုံး နောက်ခံလူ တစ်ယောက် အဖြစ် သတ်မှတ် လို့ မရပါဘူး။ ဒါကတော့ ကျွန်တော် တစ်ယောက်တည်း ရဲ့ အမြင်ပါပဲ။ နောက်ခံလူတွေက သူတို့ အသင်း အတွက် အကောင်းဆုံး စွမ်းဆောင် ပြနေတာကို မြင်ရင် ကျွန်တော်တို့ ဒီအတွက် ပျော်ရွှင် နေရုံပါပဲ။ အဲ့ဒီ အချိန်ဆို ကျွန်တော်က အရမ်းကို ခံစားချက် တွေ ကောင်းမွန်နေပါတယ်။” လို့ ၄င်းက ဆိုပါတယ်။

လီဗာပူးအသင်းမှ ပေါင် ၂၅ သန်းတန် တောင်ပံတိုက်စစ်မှူး ဟယ်ရီဝီလ်ဆန်ကို နယူးကာဆယ်၊ ဆောက်သမ်တန်၊ ဘရိုက်တန်အသင်းတို့က ခေါ်ယူရန် အပြိုင် စိတ်ဝင်စားနေကြပြီး ဇာဟာကို လက်လွှတ်ရရင် ခရစ္စတယ်ပဲလေ့စ်ကပါ ၀င်ရောက် ကြိုးပမ်းဖွယ် ရှိနေပါတယ်။ အသက် ၂၂ နှစ် အရွယ် တိုက်စစ်မှူးဟာ ဒါဘီမှာ အငှားသွားကစားရင် ခြေစွမ်းပြခဲ့သူပါ။

လီဗာပူးအသင်းဟာ ဒီနွေမှာ ငွေကြေး အမြောက်အများ သုံးစွဲမှု ပြုလုပ်မှာ မဟုတ်ဘူး ဆိုထားပေမယ့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ ထွက်ခွာမယ့် စတားရစ်နေရာအတွက် တိုက်စစ်မှူး တစ်ဦး အစားထိုးဖို့ ရှာဖွေမှာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းရဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ဦးစားပေးခေါ်ယူမယ့် တိုက်စစ်မှူးစာရင်းထဲ လီဗာပူးမှ အိုရီဂီနဲ့ စပါးမှာ လော်ရန်တေးတို့ ပါဝင်နေပါတယ်။

လီဗာပူးအသင်းဟာ ဘယ်အစွန်နေရာအတွက် အင်အားဖြည့်ဖို့ရာ ချန်ပီယံရှစ်ကလပ် လိဒ်အသင်းမှ အသက် ၁၉ နှစ်အရွယ် လိဖ်ဒေးဗစ်ကို ကမ်းလှမ်းဖို့ရာ စမ်းစစ်မှုတွေ ပြုလုပ်နေပါတယ်။

လီဗာပူးအသင်းဟာ ဒီနွေမှာ သင့်တော်သော ကမ်းလှမ်းမှုများ ရရှိပါက ဆွစ်သား တိုက်စစ်သမား ရှာကွီရီကို ရောင်းထုတ်သွားလိုနေကြောင်း Goal သတင်းမှာ ဖော်ပြထားပါတယ်။ ရှာကွီရီဟာ ရာသီအစပိုင်းက ခြေစွမ်းပြနိုင်ခဲ့ပေမယ့် တစတစ အသင်းမှာ ကစားဟန်မှာ အံဝင်ဖို့ ရုန်းကန်နေရတာကြောင့် ပွဲကစားခွင့် နည်းလာခဲ့သူပါ။

လီဗာပူးအသင်းဟာ နွေအပြောင်းအရွှေ့မှာ အလွတ်နဲ့ ခေါ်ယူနိုင်မယ့် ၀က်စ်ဟမ်း ဂိုးသမား အက်ဒရီယန်ကို ခေါ်ယူဖို့ ချိတ်ဆက်ထားပါတယ်။

ချန်ပီယံလိဂ် ဗိုလ်လုပွဲအတွက် ကြိုတင် ပြင်ဆင်လေ့ကျင့်နေတဲ့ လီဗာပူးအသင်းဟာ လက်ရှိ ရောက်နေတဲ့ စပိန် မာဘယ်လာမှာ ဒီသီတင်းပတ်ကုန် တံခါးပိတ် ခြေစမ်းပွဲ တစ်ပွဲ ကစားရန် စီစဉ်နေပါတယ်။ ဒါပေမယ့် ယခုချိန်ထိ ယှဉ်ပြိုင်မယ့် ကလပ်အသင်း ရရှိခြင်း မရှိသေးပါဘူး။