လက်ရွေးစင်အဆင့် ပြိုင်ပွဲကြီးတွေအဖြစ် ၂၀၂၀ ယူရိုပြိုင်ပွဲ၊ ၂၀၂၀ တိုကျိုအိုလံပစ်နဲ့ ကိုပါအမေရိကနဲ့ ကမ္ဘာဖလားခြေစစ်ပွဲတွေကို ဒီနွေမှာ ယှဉ်ပြိုင်သွားကြရမှာဖြစ်ပါတယ်။

အဆိုပါ ပြိုင်ပွဲတွေအပြီးမှာ ကလပ်တွေရဲ့ ချစ်ကြည်ရေးပွဲတွေကိုလည်း တွေ့မြင်ကြရဖို့ ရှိလာနေတယ်။ ဒီကနေ့မှာတော့ လီဗာပူးအသင်းရဲ့ ၁၇ နှစ်သား လူငယ်ကွင်းလယ်လူ Conor Bradley ဟာ မြောက်အိုင်ယာလန်အသင်းနဲ့ ပူးပေါင်းသွားမှာဖြစ်ကာ သူ့ရဲ့ ပထမဆုံး စီနီယာပွဲကစားခွင့် ရယူသွားနိုင်ပါတယ်။

ဝါရင့် ကစားသမားဖြစ်တဲ့ ရှာကွီရီကလည်း အမေရိကန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ဆွစ်ဇလန်အသင်း လူစာရင်းမှာ ပါဝင်သွားကာ သူ့ရဲ့ အကြိမ် ၉၀ မြောက် လက်ရွေးစင် ပွဲထွက်မှုကို ရရှိသွားဖွယ်ရှိတယ်။

တနင်္လာနေ့မှာတော့ လီဗာပူးကစားသမားသစ် ကိုနိတ်ဟာ ပြင်သစ် ယူ-၂၁ အသင်းအတွက် ပွဲကစားပေးမှာဖြစ်ကာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ နောက်အပတ်မှာတော့ မာနေးက အာဖရိကဖလား ပြိုင်ပွဲကို ပါဝင်သွားမှာဖြစ်ကာ ကိတ်တာကတော့ ဂူနီယာအသင်းပွဲမှာ ပါဝင်နိုင်ဖွယ် မရှိပါဘူး။

ဒါ့အပြင် လာမယ့်အပတ်မှာ စတင်မယ့် ယူရို ၂၀၂၀ အကြို ချစ်ကြည်ရေးပွဲတွေမှာတော့ ဟန်ဒါဆန်၊ ထရန့်၊ ရော်ဘတ်ဆန်၊ နီကိုးနဲ့ ဟယ်ရီဝဲလ်ဆန်တို့ ပါဝင်သွားဖို့ ရှိနေပါတယ်။ ဒါ့အပြင် မီနာမီနို၊ ကိုစတက်နဲ့ ကလယ်ဟာတို့ကလည်း သက်ဆိုင်ရာ လက်ရွေးစင်အသင်းတွေအတွက် ပွဲကစားသွားကြဖို့ ရှိနေပါတယ်။

Liverpool players on international duty this week

Andy Robertson, Trent Alexander-Arnold, Jordan Henderson, Harry Wilson, Neco Williams, Conor Bradley, Xherdan Shaqiri, Takumi Minamino, Caoimhin Kelleher, Diogo Jota, Kostas Tsimikas, Sadio Mane, Ibrahima Konate, Morgan Boyes.

ZAWGYI

လက္ေရြးစင္အဆင့္ ျပိဳင္ပြဲၾကီးေတြအျဖစ္ ၂၀၂၀ ယူရိုျပိဳင္ပြဲ၊ ၂၀၂၀ တိုက်ိဳအိုလံပစ္နဲ႔ ကိုပါအေမရိကနဲ႔ ကမၻာဖလားေျခစစ္ပြဲေတြကို ဒီေႏြမွာ ယွဥ္ျပိဳင္သြားၾကရမွာျဖစ္ပါတယ္။

အဆိုပါ ျပိဳင္ပြဲေတြအျပီးမွာ ကလပ္ေတြရဲ႕ ခ်စ္ၾကည္ေရးပြဲေတြကိုလည္း ေတြ႔ျမင္ၾကရဖို႔ ရွိလာေနတယ္။ ဒီကေန႔မွာေတာ့ လီဗာပူးအသင္းရဲ႕ ၁၇ ႏွစ္သား လူငယ္ကြင္းလယ္လူ Conor Bradley ဟာ ေျမာက္အိုင္ယာလန္အသင္းနဲ႔ ပူးေပါင္းသြားမွာျဖစ္ကာ သူ႔ရဲ႕ ပထမဆံုး စီနီယာပြဲကစားခြင့္ ရယူသြားႏုိင္ပါတယ္။

ဝါရင့္ ကစားသမားျဖစ္တဲ့ ရွာကီြရီကလည္း အေမရိကန္အသင္းနဲ႔ ယွဥ္ျပိဳင္ရမယ့္ ဆြစ္ဇလန္အသင္း လူစာရင္းမွာ ပါဝင္သြားကာ သူ႔ရဲ႕ အၾကိမ္ ၉၀ ေျမာက္ လက္ေရြးစင္ ပြဲထြက္မႈကို ရရွိသြားဖြယ္ရွိတယ္။

တနလၤာေန႔မွာေတာ့ လီဗာပူးကစားသမားသစ္ ကိုနိတ္ဟာ ျပင္သစ္ ယူ-၂၁ အသင္းအတြက္ ပြဲကစားေပးမွာျဖစ္ကာ နယ္သာလန္အသင္းနဲ႔ ယွဥ္ျပိဳင္ရမွာျဖစ္ပါတယ္။ ေနာက္အပတ္မွာေတာ့ မာေနးက အာဖရိကဖလား ျပိဳင္ပြဲကို ပါဝင္သြားမွာျဖစ္ကာ ကိတ္တာကေတာ့ ဂူနီယာအသင္းပြဲမွာ ပါဝင္ႏုိင္ဖြယ္ မရွိပါဘူး။

ဒါ့အျပင္ လာမယ့္အပတ္မွာ စတင္မယ့္ ယူရို ၂၀၂၀ အၾကိဳ ခ်စ္ၾကည္ေရးပြဲေတြမွာေတာ့ ဟန္ဒါဆန္၊ ထရန္႔၊ ေရာ္ဘတ္ဆန္၊ နီကိုးနဲ႔ ဟယ္ရီဝဲလ္ဆန္တို႔ ပါဝင္သြားဖို႔ ရွိေနပါတယ္။ ဒါ့အျပင္ မီနာမီႏို၊ ကိုစတက္နဲ႔ ကလယ္ဟာတို႔ကလည္း သက္ဆိုင္ရာ လက္ေရြးစင္အသင္းေတြအတြက္ ပြဲကစားသြားၾကဖို႔ ရွိေနပါတယ္။

Liverpool players on international duty this week

Andy Robertson, Trent Alexander-Arnold, Jordan Henderson, Harry Wilson, Neco Williams, Conor Bradley, Xherdan Shaqiri, Takumi Minamino, Caoimhin Kelleher, Diogo Jota, Kostas Tsimikas, Sadio Mane, Ibrahima Konate, Morgan Boyes.