လီဗာပူးကစားသမားဟောင်း လိုဗရန်က ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့တဲ့ မန်စီးတီးကို ဆုဖလားအနိုင်ရဖို့ လုပ်ရမယ့် အစီအရင်တစ်ခုကို အကြံကောင်းပေးသွားခဲ့ပါတယ်။
ချယ်ဆီးအသင်းက အနိုင်ရသွားတဲ့ ဗိုလ်လုပွဲအပြီးမှာပဲ လိုဗရန်က မန်စီးတီး ဘာလုပ်သင့်တယ် ဆိုတာကို သူ့ရဲ့ တွစ်တာကနေ ဖော်ပြသွားတာပါ။ လိုဗရန်က နောက်ဆုံးသော ချန်ပီယံလိဂ်ဖလား ၉ ကြိမ်မှာ အနိုင်ရ အသင်းတွေအတွင်း ခရိုအေးရှား ကစားသမားတွေ ပါဝင်နေတာကို စာရင်းလုပ် ဖော်ပြခဲ့တယ်။
မန်စီးတီးအသင်းမှာတော့ ခရိုအေးရှား ကစားသမား တစ်ဦးမှ ရှိမနေတာကြောင့် လာမယ့်ရာသီ ချန်ပီယံလိဂ်ဖလား အနိုင်ရလိုရင် နွေမှာ ခရိုအေးရှား ကစားသမား တစ်ဦးဦးကို ခေါ်ယူဖို့ လိုလိမ့်မယ်လို့ လိုဗရန်က တွစ်တာကနေ ရေးသားသွားခဲ့တာဖြစ်တယ်။ သူကပဲ ချန်ပီယံလိဂ်ကို အောင်မြင်ခဲ့တဲ့ ချယ်ဆီးအသင်းကို ဂုဏ်ပြုစကားလည်း ပြောဆိုသွားပါသေးတယ်။
၂၀၁၉ ခုနှစ်တုန်းက လီဗာပူးအသင်း ချန်ပီယံဖလား အနိုင်ရခဲ့စဉ်မှာ လိုဗရန်က အသင်းသားတစ်ဦးအဖြစ် ပါဝင်ခဲ့တာပါ။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခံစစ်မှူးဟာ ဒီရာသီမှာတော့ ရုရှားကလပ် ဇင်းနစ်အသင်းထံ ပြောင်းရွှေ့ခဲ့ပြီး ရုရှား ပရီးမီးယားလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့ပြန်တာဖြစ်တယ်။
၂၀၁၈ ကမ္ဘာဖလားမှာ ဗိုလ်လုပွဲကို တက်ရောက်ခွင့်ရပေမယ့် အရေးနိမ့်ခဲ့တဲ့ လိုဗရန်ဟာ အဆိုပါ ပြိုင်ပွဲ မတိုင်ခင် ၂၀၁၈ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း လီဗာပူးအသင်းနဲ့အတူ ရီးရဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ဒုတိယနေရာက ကျေနပ်ခဲ့ရပါတယ်။
ဒါပေမယ့်လို့ နောက်တစ်ရာသီမှာပဲ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ကလပ်အသင်းဖြစ်တဲ့ လီဗာပူးအသင်းနဲ့အတူ ကလပ်ရဲ့ ၆ ကြိမ်မြောက် ချန်ပီယံလိဂ်ဖလားကို အောင်မြင်ခဲ့တယ်။ နောက်တစ်ရာသီမှာတော့ လိုဗရန်က လီဗာပူးနဲ့ ပရီးမီးယားလိဂ်ဖလား အနိုင်ရကာ အင်္ဂလန်လိဂ်ကို အနိုင်ပိုင်းပြီး ထွက်ခွာသွားခဲ့သူဖြစ်ပါတယ်။
ZAWGYI
လီဗာပူးကစားသမားေဟာင္း လိုဗရန္က ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့တဲ့ မန္စီးတီးကို ဆုဖလားအႏုိင္ရဖို႔ လုပ္ရမယ့္ အစီအရင္တစ္ခုကို အၾကံေကာင္းေပးသြားခဲ့ပါတယ္။
ခ်ယ္ဆီးအသင္းက အႏုိင္ရသြားတဲ့ ဗိုလ္လုပြဲအျပီးမွာပဲ လိုဗရန္က မန္စီးတီး ဘာလုပ္သင့္တယ္ ဆိုတာကို သူ႔ရဲ႕ တြစ္တာကေန ေဖာ္ျပသြားတာပါ။ လိုဗရန္က ေနာက္ဆံုးေသာ ခ်န္ပီယံလိဂ္ဖလား ၉ ၾကိမ္မွာ အႏုိင္ရ အသင္းေတြအတြင္း ခရိုေအးရွား ကစားသမားေတြ ပါဝင္ေနတာကို စာရင္းလုပ္ ေဖာ္ျပခဲ့တယ္။
မန္စီးတီးအသင္းမွာေတာ့ ခရိုေအးရွား ကစားသမား တစ္ဦးမွ ရွိမေနတာေၾကာင့္ လာမယ့္ရာသီ ခ်န္ပီယံလိဂ္ဖလား အႏုိင္ရလိုရင္ ေႏြမွာ ခရိုေအးရွား ကစားသမား တစ္ဦးဦးကို ေခၚယူဖို႔ လိုလိမ့္မယ္လို႔ လိုဗရန္က တြစ္တာကေန ေရးသားသြားခဲ့တာျဖစ္တယ္။ သူကပဲ ခ်န္ပီယံလိဂ္ကို ေအာင္ျမင္ခဲ့တဲ့ ခ်ယ္ဆီးအသင္းကို ဂုဏ္ျပဳစကားလည္း ေျပာဆိုသြားပါေသးတယ္။
၂၀၁၉ ခုႏွစ္တုန္းက လီဗာပူးအသင္း ခ်န္ပီယံဖလား အႏုိင္ရခဲ့စဥ္မွာ လိုဗရန္က အသင္းသားတစ္ဦးအျဖစ္ ပါဝင္ခဲ့တာပါ။ အသက္ ၃၁ ႏွစ္အရြယ္ရွိျပီျဖစ္တဲ့ ခံစစ္မွဴးဟာ ဒီရာသီမွာေတာ့ ရုရွားကလပ္ ဇင္းနစ္အသင္းထံ ေျပာင္းေရႊ႔ခဲ့ျပီး ရုရွား ပရီးမီးယားလိဂ္ဖလားကို ကိုင္ေျမာက္ႏုိင္ခဲ့ျပန္တာျဖစ္တယ္။
၂၀၁၈ ကမၻာဖလားမွာ ဗိုလ္လုပြဲကို တက္ေရာက္ခြင့္ရေပမယ့္ အေရးနိမ့္ခဲ့တဲ့ လိုဗရန္ဟာ အဆိုပါ ျပိဳင္ပြဲ မတိုင္ခင္ ၂၀၁၈ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာလည္း လီဗာပူးအသင္းနဲ႔အတူ ရီးရဲလ္မက္ဒရစ္ကို အေရးနိမ့္ျပီး ဒုတိယေနရာက ေက်နပ္ခဲ့ရပါတယ္။
ဒါေပမယ့္လို႔ ေနာက္တစ္ရာသီမွာပဲ အဂၤလန္ရဲ႕ အေအာင္ျမင္ဆံုး ကလပ္အသင္းျဖစ္တဲ့ လီဗာပူးအသင္းနဲ႔အတူ ကလပ္ရဲ႕ ၆ ၾကိမ္ေျမာက္ ခ်န္ပီယံလိဂ္ဖလားကို ေအာင္ျမင္ခဲ့တယ္။ ေနာက္တစ္ရာသီမွာေတာ့ လိုဗရန္က လီဗာပူးနဲ႔ ပရီးမီးယားလိဂ္ဖလား အႏုိင္ရကာ အဂၤလန္လိဂ္ကို အႏုိင္ပိုင္းျပီး ထြက္ခြာသြားခဲ့သူျဖစ္ပါတယ္။