ဘာစီလိုနာဟာ ၎င်းတို့ရဲ့ ကွင်းလယ်လူ ကော်တင်ညိုကို ပြန်လည် ခေါ်ယူဖို့ လီဗာပူးအသင်းအား ကမ်းလှမ်းမှု ပြုလုပ်သွားပါကြောင်း စပိန်သတင်းဌာန AS က ဖော်ပြပါတယ်။
အဆိုပါ သတင်းဌာနကတော့ ဘာစီလိုနာက ၂၀၁၈ မှာ ကမ္ဘာတတိယမြောက် ဈေးအကြီးဆုံး ကစားသမားအဖြစ် ၎င်းတို့ ယူရို ၁၆၅ သန်း ပေးခဲ့ရတဲ့ ကော်တင်ညိုကို ယူရို သန်း ၅၀ ဖြင့် ပြန်လည် ခေါ်ယူနိုင်ကြောင်း လီဗာပူးကို ကမ်းလှမ်းခဲ့တယ်လို့ဆိုတယ်။ ဘာကာဟာ ကော်တင်ညိုအတွက် ကြွေးကျန်ဖြစ်တဲ့ ယူရို သန်း ၅၀ ကို ဖယ်ရှားနိုင်ဖို့ လီဗာပူးကို ကမ်းလှမ်းခြင်းလည်း ဖြစ်ပါတယ်။
ပြဿနာက လီဗာပူးအသင်းဟာ ကော်တင်ညိုကို third party ထံ ရောင်းချခဲ့ခြင်းဖြစ်ကာ ဘရာဇီးသားအတွက် ပြောင်းရွှေ့ကြေးကို အပြည့်အဝ ရခဲ့ပြီဖြစ်တယ်။ ဘာစီလိုနာက ကော်တင်ညိုအတွက် ပေးရမယ့် ယူရို သန်း ၅၀ ဟာ လီဗာပူးကို မဟုတ်ဘဲ third party အဖွဲ့ကို ပေးချေရမယ့် ကြွေးကျန်ဖြစ်ပါတယ်။
လာမယ့် ဇွန်မှာ အသက် ၂၉ နှစ် ပြည့်တော့ ကွင်းလယ်လူအတွက် ယူရို သန်း ၅၀ သုံးဖို့ကို လီဗာပူးဘက်က စွန့်စားတော့မှာ မဟုတ်ပါဘူး။ ကော်တင်ညိုဟာ ဘိုင်ယန်မှာ ချန်ပီယံလိဂ်ဖလားကော ဘွန်ဒက်လီဂါဖလားပါ အောင်မြင်ခဲ့ပေမယ့် ဒီနောက်ပိုင်းနှစ်တွေမှာ မကြာခဏ ဒဏ်ရာရရှိနေခဲ့တာဖြစ်တယ်။
လီဗာပူးအသင်းရဲ့ နွေပစ်မှတ်တွေထဲမှာ ခံစစ်မှူးသစ်တစ်ဦး၊ တိုက်စစ်သမားသစ်တစ်ဦးတို့ကို ခေါ်ယူဖို့ဖြစ်ပြီး အဆင်ပြေခဲ့မယ်ဆိုရင် လူငယ် ကွင်းလယ်လူတစ်ဦး ခေါ်ယူဖို့ဖြစ်တယ်။ ဒါပေမယ့် အဓိက ရည်မှန်းချက်က အဓိက ကစားသမားတွေဖြစ်တဲ့ ဗန်ဒိုက်၊ ဖာဘင်ညို၊ ဆာလာ၊ အယ်လီဆန်၊ ထရန့်တို့ကို သက်တမ်းတိုးနိုင်ဖို့ ဖြစ်ပါတယ်။
လီဗာပူးဟာ နွေအသုံးစရိတ် ပိုရဖို့အတွက် အရန်ခုံမှ အသင်းသား အများအပြားကို ရှင်းထုတ်မှုတွေလည်း လုပ်သွားမယ်လို့ သိထားရတာဖြစ်ပါတယ်။
ZAWGYI
ဘာစီလိုနာဟာ ၄င္းတို႔ရဲ႕ ကြင္းလယ္လူ ေကာ္တင္ညိဳကို ျပန္လည္ ေခၚယူဖို႔ လီဗာပူးအသင္းအား ကမ္းလွမ္းမႈ ျပဳလုပ္သြားပါေၾကာင္း စပိန္သတင္းဌာန AS က ေဖာ္ျပပါတယ္။
အဆိုပါ သတင္းဌာနကေတာ့ ဘာစီလိုနာက ၂၀၁၈ မွာ ကမၻာတတိယေျမာက္ ေစ်းအၾကီးဆံုး ကစားသမားအျဖစ္ ၄င္းတို႔ ယူရို ၁၆၅ သန္း ေပးခဲ့ရတဲ့ ေကာ္တင္ညိဳကို ယူရို သန္း ၅၀ ျဖင့္ ျပန္လည္ ေခၚယူႏုိင္ေၾကာင္း လီဗာပူးကို ကမ္းလွမ္းခဲ့တယ္လို႔ဆိုတယ္။ ဘာကာဟာ ေကာ္တင္ညိဳအတြက္ ေၾကြးက်န္ျဖစ္တဲ့ ယူရို သန္း ၅၀ ကို ဖယ္ရွားႏုိင္ဖို႔ လီဗာပူးကို ကမ္းလွမ္းျခင္းလည္း ျဖစ္ပါတယ္။
ျပႆနာက လီဗာပူးအသင္းဟာ ေကာ္တင္ညိဳကို third party ထံ ေရာင္းခ်ခဲ့ျခင္းျဖစ္ကာ ဘရာဇီးသားအတြက္ ေျပာင္းေရႊ႔ေၾကးကို အျပည့္အဝ ရခဲ့ျပီျဖစ္တယ္။ ဘာစီလိုနာက ေကာ္တင္ညိဳအတြက္ ေပးရမယ့္ ယူရို သန္း ၅၀ ဟာ လီဗာပူးကို မဟုတ္ဘဲ third party အဖြဲ႔ကို ေပးေခ်ရမယ့္ ေၾကြးက်န္ျဖစ္ပါတယ္။
လာမယ့္ ဇြန္မွာ အသက္ ၂၉ ႏွစ္ ျပည့္ေတာ့ ကြင္းလယ္လူအတြက္ ယူရို သန္း ၅၀ သံုးဖို႔ကို လီဗာပူးဘက္က စြန္႔စားေတာ့မွာ မဟုတ္ပါဘူး။ ေကာ္တင္ညိဳဟာ ဘိုင္ယန္မွာ ခ်န္ပီယံလိဂ္ဖလားေကာ ဘြန္ဒက္လီဂါဖလားပါ ေအာင္ျမင္ခဲ့ေပမယ့္ ဒီေနာက္ပိုင္းႏွစ္ေတြမွာ မၾကာခဏ ဒဏ္ရာရရွိေနခဲ့တာျဖစ္တယ္။
လီဗာပူးအသင္းရဲ႕ ေႏြပစ္မွတ္ေတြထဲမွာ ခံစစ္မွဴးသစ္တစ္ဦး၊ တိုက္စစ္သမားသစ္တစ္ဦးတို႔ကို ေခၚယူဖို႔ျဖစ္ျပီး အဆင္ေျပခဲ့မယ္ဆိုရင္ လူငယ္ ကြင္းလယ္လူတစ္ဦး ေခၚယူဖို႔ျဖစ္တယ္။ ဒါေပမယ့္ အဓိက ရည္မွန္းခ်က္က အဓိက ကစားသမားေတြျဖစ္တဲ့ ဗန္ဒိုက္၊ ဖာဘင္ညိဳ၊ ဆာလာ၊ အယ္လီဆန္၊ ထရန္႔တို႔ကို သက္တမ္းတိုးႏုိင္ဖို႔ ျဖစ္ပါတယ္။
လီဗာပူးဟာ ေႏြအသံုးစရိတ္ ပိုရဖို႔အတြက္ အရန္ခံုမွ အသင္းသား အမ်ားအျပားကို ရွင္းထုတ္မႈေတြလည္း လုပ္သြားမယ္လို႔ သိထားရတာျဖစ္ပါတယ္။