ချယ်ဆီးအသင်းဟာ နည်းပြ ဆာရီကို ရာထူး က ထုတ်သင့် မထုတ်သင့် အသင်းရဲ့ ထိပ်တန်း ကစားသမားများကို မေးမြန်း သွားမည် ဖြစ်ကြောင်း သိရှိရ ပါတယ်။ ဆာရီဟာ အသင်းနဲ့ ပထမဆုံး ရာသီမှာတင် ချန်ပီယံလိဂ်ဝင်ခွင့် အရယူပေးထားပြီး ယူရိုပါလိဂ် ၊ ကာရာဘောင်ဖလား တို့မှာ ဗိုလ်လုပွဲ အဆင့်ကို တက်ရောက်ထားနိုင်ပေမယ့် အနာဂတ် မသေမချာ ဖြစ်နေဆဲ နည်းပြ တစ်ဦးလည်း ဖြစ်ပါတယ်။

ချယ်ဆီးအသင်းရဲ့ အရန် ဂိုးသမား အသက် ၃၇ နှစ်အရွယ် ကာဘယ်လာရိုက ချယ်ဆီးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုး စာချုပ် ထပ်မံ ချုပ်ဆိုလိုက်ပါတယ်။ ၄င်းဟာ ကီပါရဲ့ အရန် အဖြစ် ဒီရာသီမှာ ရှိနေပြီး ပြိုင်ပွဲစုံ ၉ ပွဲ ပါဝင်ကစားထားပါတယ်။

ချယ်ဆီးနည်းပြ မော်ရီဇီယိုဆာရီက လာမယ့်အပတ်ဗုဒ္ဓဟူးညမှာ ယှဉ်ပြိုင်ကစားမယ့် ယူရိုပါလိဂ်ဖိုင်နယ်ပွဲစဉ်မတိုင်ခင် ၄င်းရဲ့စတမ်းဖို့ဒ်ဘရစ်ခ်ျ အနာဂတ်နဲ့ပတ်သက်လို့ အသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျကို သတိပေးစကားပြောကြားသွားခဲ့ပါတယ်။

ယူရိုပါလိဂ်ဖိုင်နယ်က ၄င်းရဲ့အနာဂတ်ကို အဆုံးအဖြတ်ပေးသွားမှာလားလို့ မေးမြန်းရာမှာတော့ ဆာရီက ” တကယ်လို့ အခြေအနေက အဲဒီလိုဖြစ်နေခဲ့မယ် ဆိုရင်တော့ ကျွန်တော်အခုပဲ ချက်ခြင်း ထွက်သွားလိုက်ချင်ပါတယ်၊ ဆယ်လလောက် အလုပ်လုပ်ခဲ့တာတွေအားလုံးအတွက် ကျွန်တော်က မိနစ်(၉၀)အပေါ်မှာ အားထားနေရမယ် ဆိုတာကတော့ မမှန်ကန်ပါဘူး၊ ကျွန်တော့်ရဲ့ စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ ကျေနပ်သည်ဖြစ်စေ မကျေနပ်သည်ဖြစ်စေပေါ့” လို့ ဆိုသွားခဲ့ပါတယ်။

ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ထိပ်တိုက်ဆုံနေတဲ့ မြို့ခံ ပြိုင်ဘက် အာဆင်နယ်က ချယ်ဆီးထက် စိတ်ဓာတ်ရေးရာပိုင်း အသာရနေတယ်လို့ နည်းပြ ဆာရီက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

ချယ်ဆီးကွင်းလယ်လူ ကန်တေဟာ ဘာကူးမှာ ကစားမယ့် ယူရိုပါလိဂ်ဖိုင်နယ်အမီ ကြံ့ခိုင်မှုပြည့်ဝလာဖို့ ရှိနေပြီး နောက်ခံလူရူဒီဂါကတော့ ဒူးဒဏ်ရာကြောင့် လွဲချော်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း လို့ဖ်တပ်စ်ချိခ်အနေနဲ့ ပြန်လည် ကစားပေးနိုင်ခြေရှိ နေတယ်လို့ သိရပါတယ်။

ချယ်ဆီးတိုက်စစ်မှူးဟောင်း Hasselbaink က ဂျွန်တယ်ရီဟာ လမ်းပတ်ထက် မန်နေဂျာ နည်းပြ လုပ်ငန်းဘက် ပို စိတ်ဝင်စား ခြေလှမ်းရောက်တယ် ထင်ခဲ့ကြောင်း ပြောကြားလိုက်ပါတယ်။ ချယ်ဆီး ကစားသမားဟောင်းကြီး နှစ်ယောက်လုံးဟာ ဒါဘီနဲ့ အက်စတွန် ဗီလာတို့မှာ နည်းပြနဲ့ လက်ထောက်နည်းပြ ရာထူးများ အသီးသီး တာဝန်ယူနေကြပြီ ဖြစ်ပါတယ်။