ပြင်သစ် ယူ-၂၁ နဲ့ နယ်သာလန် ယူ-၂၁ အသင်းတို့ ယှဉ်ပြိုင်ကစားတဲ့ ယူ -၂၁ ယူရိုပြိုင်ပွဲဟာ လီဗာပူးထံ ပြောင်းဖို့ သဘောတူညီမှုရပြီးနောက် ကိုနာတေး ပထမဆုံးကစားတဲ့ ပွဲစဉ် ဖြစ်လာပါတယ်။
ညာခြမ်းခံစစ်မှူးဖြစ်တဲ့ ကိုနာတေးဟာ လီဗာပူးမှာတော့ ဗန်ဒိုက်ရဲ့ တွဲဘက် တစ်နေရာအတွက် ဂိုးမက်စ်၊ မာတစ်၊ နက်ဖီးလစ်တို့ဖြင့် ယှဉ်ပြိုင်ရမှာဖြစ်တယ်။ စီနီယာခံစစ်မှူးအားလုံး ပြင်းထန်တဲ့ ဒဏ်ရာကြီး ရထားဖူးခဲ့ခြင်းကြောင့် ကိုနာတေးမှာလည်း ဒဏ်ရာပြဿနာတွေရှိထားခြင်းကို ပရိသတ်တွေက စိတ်ပူနေကြတယ်။ ဒါပေမယ့်လို့ လက်ရွေးစင်ပွဲမှာတော့ အကောင်းမြင်စရာတွေ များခဲ့ပါတယ်။
ယူ-၂၁ ပွဲအတွင်း ကိုနာတေးဟာ သူ့ကို ဖြတ်ကျော်ပြေးခြင်း တစ်ကြိမ်မှ မခံရဘဲ အမြင့်ဘေား ယှဉ်လုမှု ၁၀၀% အောင်မြင်ခြင်း၊ မြေပြင် တစ်ဦးချင်းလုယူမှု ၁၀၀% အောင်မြင်ခြင်းတို့အပြင် ပေးချက် ၈၇% တိကျမှု ရှိခဲ့တဲ့ မှတ်တမ်းတွေ ရခဲ့တာဖြစ်တယ်။
ပြိုင်ဘက်အသင်းက ကောင်တာတိုက်စစ် ကစားချိန်မှာ ကိုနာတေးရဲ့ နေရာယူမှုက နှစ်လိုဖွယ်ရှိတယ်၊ တိုက်စစ်သမားတွေကို တစ်ဦးချင်း ကိုင်တွယ်ပုံကလည်း အထင်ကြီးလောက်စရာ ဖြစ်ခဲ့ခြင်းအပြင် သူ့ရဲ့ ကွင်းတွင်း ဦးဆောင်နိုင်စွမ်းကလည်း ကောင်းမွန်ခဲ့ပါတယ်။ ဒါကြောင့်လည်း ညာခြမ်း ဗန်ဒိုက်ရယ်လို့ မှတ်ချက်ပေးခြင်း ခံနေခဲ့ရတာပါ။
အသက် ၂၂ နှစ်ပဲ ရှိသေးတဲ့ လူငယ်ခံစစ်မှူးကို ဗန်ဒိုက်လို့ ကမ္ဘာအကောင့်ဆုံး ခံစစ်မှူးဖြင့် တွဲဘက်ပြီး မြင်ရမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ ကွင်းတွင်းခြေစွမ်းကို ခန့်မှန်းတွက်ဆပြီး လီဗာပူးပရိသတ်တွေက အတော်လေး အကောင်းမြင်နေကြတာ ဖြစ်ပါတယ်။
ပြင်သစ်အသင်းက ကွာတားဖိုင်နယ်ကနေ ထွက်ခွာခဲ့ရတာကြောင့် ကိုနာတေးဟာ လက်ရွေးစင်တာဝန်တွေ ရယူဖို့ မရှိတော့ပါဘူး။ သူဟာ ၆ ပတ်ကြာ အနားရမှာဖြစ်ပြီး ပြီးရင်တော့ လီဗာပူးရဲ့ ရာသီကြိုကို လာရောက် ပူးပေါင်းရမှာ ဖြစ်ပါတယ်။
ZAWGYI
ျပင္သစ္ ယူ-၂၁ နဲ႔ နယ္သာလန္ ယူ-၂၁ အသင္းတို႔ ယွဥ္ျပိဳင္ကစားတဲ့ ယူ -၂၁ ယူရိုျပိဳင္ပြဲဟာ လီဗာပူးထံ ေျပာင္းဖို႔ သေဘာတူညီမႈရျပီးေနာက္ ကိုနာေတး ပထမဆံုးကစားတဲ့ ပြဲစဥ္ ျဖစ္လာပါတယ္။
ညာျခမ္းခံစစ္မွဴးျဖစ္တဲ့ ကိုနာေတးဟာ လီဗာပူးမွာေတာ့ ဗန္ဒိုက္ရဲ႕ တြဲဘက္ တစ္ေနရာအတြက္ ဂိုးမက္စ္၊ မာတစ္၊ နက္ဖီးလစ္တို႔ျဖင့္ ယွဥ္ျပိဳင္ရမွာျဖစ္တယ္။ စီနီယာခံစစ္မွဴးအားလံုး ျပင္းထန္တဲ့ ဒဏ္ရာၾကီး ရထားဖူးခဲ့ျခင္းေၾကာင့္ ကိုနာေတးမွာလည္း ဒဏ္ရာျပႆနာေတြရွိထားျခင္းကို ပရိသတ္ေတြက စိတ္ပူေနၾကတယ္။ ဒါေပမယ့္လို႔ လက္ေရြးစင္ပြဲမွာေတာ့ အေကာင္းျမင္စရာေတြ မ်ားခဲ့ပါတယ္။
ယူ-၂၁ ပြဲအတြင္း ကိုနာေတးဟာ သူ႔ကို ျဖတ္ေက်ာ္ေျပးျခင္း တစ္ၾကိမ္မွ မခံရဘဲ အျမင့္ေဘား ယွဥ္လုမႈ ၁၀၀% ေအာင္ျမင္ျခင္း၊ ေျမျပင္ တစ္ဦးခ်င္းလုယူမႈ ၁၀၀% ေအာင္ျမင္ျခင္းတို႔အျပင္ ေပးခ်က္ ၈၇% တိက်မႈ ရွိခဲ့တဲ့ မွတ္တမ္းေတြ ရခဲ့တာျဖစ္တယ္။
ျပိဳင္ဘက္အသင္းက ေကာင္တာတိုက္စစ္ ကစားခ်ိန္မွာ ကိုနာေတးရဲ႕ ေနရာယူမႈက ႏွစ္လိုဖြယ္ရွိတယ္၊ တိုက္စစ္သမားေတြကို တစ္ဦးခ်င္း ကိုင္တြယ္ပံုကလည္း အထင္ၾကီးေလာက္စရာ ျဖစ္ခဲ့ျခင္းအျပင္ သူ႔ရဲ႕ ကြြင္းတြင္း ဦးေဆာင္ႏုိင္စြမ္းကလည္း ေကာင္းမြန္ခဲ့ပါတယ္။ ဒါေၾကာင့္လည္း ညာျခမ္း ဗန္ဒိုက္ရယ္လို႔ မွတ္ခ်က္ေပးျခင္း ခံေနခဲ့ရတာပါ။
အသက္ ၂၂ ႏွစ္ပဲ ရွိေသးတဲ့ လူငယ္ခံစစ္မွဴးကို ဗန္ဒိုက္လို႔ ကမၻာအေကာင့္ဆံုး ခံစစ္မွဴးျဖင့္ တြဲဘက္ျပီး ျမင္ရမယ္ဆိုရင္ ျဖစ္လာႏုိင္တဲ့ ကြင္းတြင္းေျခစြမ္းကို ခန္႔မွန္းတြက္ဆျပီး လီဗာပူးပရိသတ္ေတြက အေတာ္ေလး အေကာင္းျမင္ေနၾကတာ ျဖစ္ပါတယ္။
ျပင္သစ္အသင္းက ကြာတားဖိုင္နယ္ကေန ထြက္ခြာခဲ့ရတာေၾကာင့္ ကိုနာေတးဟာ လက္ေရြးစင္တာဝန္ေတြ ရယူဖို႔ မရွိေတာ့ပါဘူး။ သူဟာ ၆ ပတ္ၾကာ အနားရမွာျဖစ္ျပီး ျပီးရင္ေတာ့ လီဗာပူးရဲ႕ ရာသီၾကိဳကို လာေရာက္ ပူးေပါင္းရမွာ ျဖစ္ပါတယ္။