လီဗာပူးအသင်းဟာ ၎င်းတို့ရဲ့ ဥရောပ မဟာမိတ်အဖြစ် ရတ်ဘူးလ်လုပ်ငန်းစုကို ရွေးချယ်လာခဲ့ပြီး နှစ်သင်းကြား ဆက်ဆံရေးဟာ အတော်လေးကို ကောင်းမွန်တဲ့ အခြေအနေမှာ ရှိလာနေပါတယ်။

ကိတ်တာနဲ့ မီနာမီနိုတို့ကို ရတ်ဘူးလ်ပိုင် ကလပ်တွေဖြစ်တဲ့ လိုက်ဇစ်၊ ဆဲလ်ဘတ်တို့ကနေ ခေါ်ယူထားတဲ့ လီဗာပူးဟာ ဒီနွေမှာတော့ ကိုနာတေးကိုလည်း ထပ်ပြီး ခေါ်ယူခဲ့ပြီဖြစ်တယ်။ လက်ရှိ တိုက်စစ်သုံးယောက်တန်းမှာ အရေးပါသူတစ်ဦးဖြစ်တဲ့ မာနေး ကိုယ်တိုင်ကလည်း ဆဲလ်ဘတ်အသင်းမှာ ကစားခဲ့ဖူးသူဖြစ်ပါတယ်။

ကိုဗစ်ကပ်ဘေးကြားမှာ လီဗာပူးအသင်းက ဝုဗ်အသင်း တိုက်စစ်သမား ဂျိုတာကို မခေါ်ယူစဉ် လိုက်ဇစ်မှ ဗာနာကို ခေါ်ယူဖို့ ရေပန်းစားအသင်း ဖြစ်ခဲ့သေးတာပါ။ သြစတြီးလျား အားဖြည့်အချိုရည် ကုမ္ပဏီနဲ့ လီဗာပူးအသင်းကြား ပတ်သက်ဆက်နွယ်မှုဟာ တော်တော်လေး နက်ရှိုင်းနေတဲ့ အနေအထားလို့ ယုံကြည်ရတယ်။

လီဗာပူးအသင်းဟာ ကုန်ခဲ့တဲ့ နှစ်တွေအတွင်း ရတ်ဘူးလ်အင်ပါယာကြီး ဥရောပဘောလုံးလောကထဲ တိုးဝင်လာပုံကို အထင်ကြီးမှုရှိနေတယ်။ ဂျာမာန်ဘောလုံး အတွေးအမြင်တွေက လီဗာပူးဘောလုံးအသင်းကို လွှမ်းမိုးမှုတွေ ကြီးမားထားကာ FSG က ရတ်ဘူးလ်ရဲ့ ခြေလှမ်းတွေအတိုင်း လီဗာပူးကို လမ်းကြောင်းတွေ ချမှတ်လာခြင်းတွေ ရှိနေပါတယ်။

လီဗာပူးအသင်းကို ယာဂင်ကလော့ပ် ကိုင်တွယ်နေစဉ်မှာပဲ လီဗာပူးရဲ့ ကင်းထောက်စနစ်ဟာ ဂျာမနီရဲ့ လေဗာကူဆင်၊ ရတ်ဘူးလ်ကလပ် စတိုင်တွေ ပါဝင်လာနေခဲ့တယ်။ ဥရောပရဲ့ အလားအလာရှိ လူငယ်တွေကို ဘယ်လို သွေးဆောင်ခေါ်ယူမလဲဆိုတာ အတွေးအခေါ်မျိုးတွေကို မာဆေးဆိုဒ်ကလပ်အတွင်း ထည့်သွင်းလာခဲ့ပါတယ်။

ရတ်ဘူးလ်အဖွဲ့ရဲ့ နာမည်ကျော် ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ ရဂ်နက်ဟာ မဲဝုဒ်ကိုလာရောက် လည်ပတ်ခဲ့ကာ လီဗာပူးဘက်ကလည်း ဆဲလ်ဘတ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းထံ သွားရောက် နည်းနာယူပြီး အက်ဆာကို တည်ဆောက်ခဲ့တာတွေ ရှိထားတယ်။ လီဗာပူးရဲ့ လူငယ်ပိုင်း ကိုင်တွယ်မှုတွေဟာ ရတ်ဘူးလ်ရဲ့ ကိုင်တွယ်ပုံတွေကို တုပလာခဲ့တာဖြစ်တယ်။

ရတ်ဘူးလ်အဖွဲ့က ဥရောပထိပ်တန်းအသင်းတွေထံ ကစားသမားရောင်းချပေးတဲ့ အဓိက ရေသောက်မြစ် ဖြစ်လာနေခဲ့တယ်။ လီဗာပူးကလည်း အနာဂတ်မှာ စီနီယာအသင်းအတွက် အထောက်အပံ့ဖြစ်ဖို့ လူငယ်ကစားသမား ရောင်းထုတ်မှု (သို့) လူငယ်တွေကို စင်တင်မှုဖြင့် အခြေခံကောင်းကို ဖန်တီးလိုပါတယ်။

ဗြိတိန်က EU ကနေ ခွဲထွက်ခဲ့ခြင်းနဲ့အတူ လီဗာပူးအသင်းဟာ အလုပ်ပါမစ် ပြဿနာတွေကြောင့် ဂျာမာန်ကလပ်တွေထက် အကန့်အသတ်များတဲ့ အခြေအနေနဲ့ လုပ်ရှားနေရဦးမှပါ။ သို့ပေမယ့် အစဉ်အလာကနေ ခွဲထွက်ပြီး ရတ်ဘူးလ်အင်ပါယာရဲ့ အောင်မြင်တဲ့ နည်းနာတွေကို တုပလာတဲ့ လီဗာပူးဟာ အနာဂတ်မှာ အောင်မြင်တဲ့ ကစားသမား မွေးထုတ်မှု ပုံစံကို တည်ထောင်နိုင်ဖို့ မျှော်လင့်ရမှာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၄င္းတို႔ရဲ႕ ဥေရာပ မဟာမိတ္အျဖစ္ ရတ္ဘူးလ္လုပ္ငန္းစုကို ေရြးခ်ယ္လာခဲ့ျပီး ႏွစ္သင္းၾကား ဆက္ဆံေရးဟာ အေတာ္ေလးကို ေကာင္းမြန္တဲ့ အေျခအေနမွာ ရွိလာေနပါတယ္။

ကိတ္တာနဲ႔ မီနာမီႏိုတို႔ကို ရတ္ဘူးလ္ပိုင္ ကလပ္ေတြျဖစ္တဲ့ လိုက္ဇစ္၊ ဆဲလ္ဘတ္တို႔ကေန ေခၚယူထားတဲ့ လီဗာပူးဟာ ဒီေႏြမွာေတာ့ ကိုနာေတးကိုလည္း ထပ္ျပီး ေခၚယူခဲ့ျပီျဖစ္တယ္။ လက္ရွိ တိုက္စစ္သံုးေယာက္တန္းမွာ အေရးပါသူတစ္ဦးျဖစ္တဲ့ မာေနး ကိုယ္တိုင္ကလည္း ဆဲလ္ဘတ္အသင္းမွာ ကစားခဲ့ဖူးသူျဖစ္ပါတယ္။

ကိုဗစ္ကပ္ေဘးၾကားမွာ လီဗာပူးအသင္းက ဝုဗ္အသင္း တိုက္စစ္သမား ဂ်ိဳတာကို မေခၚယူစဥ္ လိုက္ဇစ္မွ ဗာနာကို ေခၚယူဖို႔ ေရပန္းစားအသင္း ျဖစ္ခဲ့ေသးတာပါ။ ၾသစၾတီးလ်ား အားျဖည့္အခ်ိဳရည္ ကုမၸဏီနဲ႔ လီဗာပူးအသင္းၾကား ပတ္သက္ဆက္ႏြယ္မႈဟာ ေတာ္ေတာ္ေလး နက္ရိႈင္းေနတဲ့ အေနအထားလို႔ ယံုၾကည္ရတယ္။

လီဗာပူးအသင္းဟာ ကုန္ခဲ့တဲ့ ႏွစ္ေတြအတြင္း ရတ္ဘူးလ္အင္ပါယာၾကီး ဥေရာပေဘာလံုးေလာကထဲ တိုးဝင္လာပံုကို အထင္ၾကီးမႈရွိေနတယ္။ ဂ်ာမာန္ေဘာလံုး အေတြးအျမင္ေတြက လီဗာပူးေဘာလံုးအသင္းကို လႊမ္းမိုးမႈေတြ ၾကီးမားထားကာ FSG က ရတ္ဘူးလ္ရဲ႕ ေျခလွမ္းေတြအတိုင္း လီဗာပူးကို လမ္းေၾကာင္းေတြ ခ်မွတ္လာျခင္းေတြ ရွိေနပါတယ္။

လီဗာပူးအသင္းကို ယာဂင္ကေလာ့ပ္ ကိုင္တြယ္ေနစဥ္မွာပဲ လီဗာပူးရဲ႕ ကင္းေထာက္စနစ္ဟာ ဂ်ာမနီရဲ႕ ေလဗာကူဆင္၊ ရတ္ဘူးလ္ကလပ္ စတိုင္ေတြ ပါဝင္လာေနခဲ့တယ္။ ဥေရာပရဲ႕ အလားအလာရွိ လူငယ္ေတြကို ဘယ္လို ေသြးေဆာင္ေခၚယူမလဲဆိုတာ အေတြးအေခၚမ်ိဳးေတြကို မာေဆးဆိုဒ္ကလပ္အတြင္း ထည့္သြင္းလာခဲ့ပါတယ္။

ရတ္ဘူးလ္အဖြဲ႔ရဲ႕ နာမည္ေက်ာ္ ပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ရဂ္နက္ဟာ မဲဝုဒ္ကိုလာေရာက္ လည္ပတ္ခဲ့ကာ လီဗာပူးဘက္ကလည္း ဆဲလ္ဘတ္အသင္းရဲ႕ ေလ့က်င့္ေရးကြင္းထံ သြားေရာက္ နည္းနာယူျပီး အက္ဆာကို တည္ေဆာက္ခဲ့တာေတြ ရွိထားတယ္။ လီဗာပူးရဲ႕ လူငယ္ပိုင္း ကိုင္တြယ္မႈေတြဟာ ရတ္ဘူးလ္ရဲ႕ ကိုင္တြယ္ပံုေတြကို တုပလာခဲ့တာျဖစ္တယ္။

ရတ္ဘူးလ္အဖြဲ႔က ဥေရာပထိပ္တန္းအသင္းေတြထံ ကစားသမားေရာင္းခ်ေပးတဲ့ အဓိက ေရေသာက္ျမစ္ ျဖစ္လာေနခဲ့တယ္။ လီဗာပူးကလည္း အနာဂတ္မွာ စီနီယာအသင္းအတြက္ အေထာက္အပ့့ံျဖစ္ဖို႔ လူငယ္ကစားသမား ေရာင္းထုတ္မႈ (သို႔) လူငယ္ေတြကို စင္တင္မႈျဖင့္ အေျခခံေကာင္းကို ဖန္တီးလိုပါတယ္။

ျဗိတိန္က EU ကေန ခြဲထြက္ခဲ့ျခင္းနဲ႔အတူ လီဗာပူးအသင္းဟာ အလုပ္ပါမစ္ ျပႆနာေတြေၾကာင့္ ဂ်ာမာန္ကလပ္ေတြထက္ အကန္႔အသတ္မ်ားတဲ့ အေျခအေနနဲ႔ လုပ္ရွားေနရဦးမွပါ။ သို႔ေပမယ့္ အစဥ္အလာကေန ခြဲထြက္ျပီး ရတ္ဘူးလ္အင္ပါယာရဲ႕ ေအာင္ျမင္တဲ့ နည္းနာေတြကို တုပလာတဲ့ လီဗာပူးဟာ အနာဂတ္မွာ ေအာင္ျမင္တဲ့ ကစားသမား ေမြးထုတ္မႈ ပံုစံကို တည္ေထာင္ႏုိင္ဖို႔ ေမွ်ာ္လင့္ရမွာ ျဖစ္ပါတယ္။