တိုက်စစ်သမး ဆာလာက လာမယ့် တိုကျိုအိုလံပစ်မှာ အီဂျစ်အသင်းအတွက် ကိုယ်စားပြုပေးလိုစိတ်ရှိနေတယ်လို့ လီဗာပူးအခြေစိုက် သတင်းဌာနဖြစ်တဲ့ Echo က ဖော်ပြပါတယ်။

အီဂျစ် ယူ-၂၃ မန်နေဂျာရဲ့ ထုတ်ပြောမှုအရ သိရခြင်းဖြစ်ကာ ဆာလာက သက်တမ်းအလိုက် လက်ရွေးစင်အသင်းဖြင့် အိုလံပစ်ထံ ပါဝင်ဖို့ ဆန္ဒရှိပါကြောင်း ထုတ်ပြောထားပြီးလို့ အသံထွက်လာနေတယ်။ အီဂျစ်ဟာ သက်ကျော်ကစားသမား ၃ ဦးကို ခေါ်ယူခွင့်ရချိန်မှာ ဆာလာကို ထည့်သွင်းဖို့ အလိုရှိနေပါတယ်။

အီဂျစ်ဘောလုံးအဖွဲ့ချုပ်ကလည်း လီဗာပူးအသင်းထံ အသက် ၂၈ နှစ်အရွယ် တိုက်စစ်သမားကို စေလွှတ်ပေးဖို့ တောင်းခံစာ ပေးဖို့ထားပြီဖြစ်တယ်။ အကယ်လို့ အိုလံပစ်ပြိုင်ပွဲကို ဆာလာ ပါဝင်သွားမယ်ဆိုရင် သူဟာ ရာသီကြို အစီအစဉ်တွေကို လွဲချော်သွားတော့မှာပါ။

လီဗာပူးဘက်က ဆာလာကို လက်လွတ်ပေးလို့စိတ် မရှိပေမယ့် ဆာလာကိုယ်တိုင်က တိုကျိုအိုလံပစ်ကို ပါဝင်သွားလိုရင် တိုက်စစ်သမားတစ်ဦး ခေါ်ယူဖို့ လိုအပ်မှာဖြစ်တယ်။ အခြားသော တိုက်စစ်သမားတွေဖြစ်တဲ့ ဖာမင်နိုနဲ့ ဂျိုတာတို့ကလည်း ကိုပါအမေရိကနဲ့ ယူရို ပြိုင်ပွဲတွေထံ ပါဝင်သွားရဖို့ ရှိနေပါသေးတယ်။

အိုရီဂီနဲ့ ရှာကွီရီကို ရောင်းထုတ်ဖို့ ပြင်ဆင်ထားတဲ့ လီဗာပူးဟာ ဆောက်သမ်တန်ထံ အငှားချထားတဲ့ မီနာမီနိုကိုလည်း ရှင်းထုတ်သွားဖို့ ရှိနေတာပါ။ လီဗာပူး အသစ်ခေါ်ယူမယ့် တိုက်စစ်သမားက အထောင်တိုက်စစ်မှူးလား၊ နေရာစုံ ကစားနိုင်သူလားဆိုတာကို မသိရသေးပါဘူး။

အီဂျစ် ယူ-၂၃ မန်နေဂျာကတော့ “ လီဗာပူးအသင်းထံ တောင်းဆိုစာ မပို့ခင်မှာပဲ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ကစားပေးဖို့ ဆာလာ အလိုရှိပါကြောင်း ကျနော် သိထားရပါတယ်။ ပရီးမီးယားလိဂ်ကလပ်နဲ့အတူ ဆာလာကို ပြိုင်ပွဲထံ ပါဝင်ခွင့်ပေးဖို့က ဆက်ပြီး ဆွေးနွေးသွားရဦးမှာပါ ” လို့ ဆိုသွားခဲ့တယ်။

ZAWGYI

တိုက္စစ္သမး ဆာလာက လာမယ့္ တိုက်ိဳအိုလံပစ္မွာ အီဂ်စ္အသင္းအတြက္ ကိုယ္စားျပဳေပးလိုစိတ္ရွိေနတယ္လို႔ လီဗာပူးအေျခစိုက္ သတင္းဌာနျဖစ္တ့ဲ Echo က ေဖာ္ျပပါတယ္။

အီဂ်စ္ ယူ-၂၃ မန္ေနဂ်ာရဲ႕ ထုတ္ေျပာမႈအရ သိရျခင္းျဖစ္ကာ ဆာလာက သက္တမ္းအလိုက္ လက္ေရြးစင္အသင္းျဖင့္ အိုလံပစ္ထံ ပါဝင္ဖို႔ ဆႏၵရွိပါေၾကာင္း ထုတ္ေျပာထားျပီးလို႔ အသံထြက္လာေနတယ္။ အီဂ်စ္ဟာ သက္ေက်ာ္ကစားသမား ၃ ဦးကို ေခၚယူခြင့္ရခ်ိန္မွာ ဆာလာကို ထည့္သြင္းဖို႔ အလိုရွိေနပါတယ္။

အီဂ်စ္ေဘာလံုးအဖြဲ႔ခ်ဳပ္ကလည္း လီဗာပူးအသင္းထံ အသက္ ၂၈ ႏွစ္အရြယ္ တိုက္စစ္သမားကို ေစလႊတ္ေပးဖို႔ ေတာင္းခံစာ ေပးဖို႔ထားျပီျဖစ္တယ္။ အကယ္လို႔ အိုလံပစ္ျပိဳင္ပြဲကို ဆာလာ ပါဝင္သြားမယ္ဆိုရင္ သူဟာ ရာသီၾကိဳ အစီအစဥ္ေတြကို လြဲေခ်ာ္သြားေတာ့မွာပါ။

လီဗာပူးဘက္က ဆာလာကို လက္လြတ္ေပးလို႔စိတ္ မရွိေပမယ့္ ဆာလာကိုယ္တိုင္က တိုက်ိဳအိုလံပစ္ကို ပါဝင္သြားလိုရင္ တိုက္စစ္သမားတစ္ဦး ေခၚယူဖို႔ လိုအပ္မွာျဖစ္တယ္။ အျခားေသာ တိုက္စစ္သမားေတြျဖစ္တဲ့ ဖာမင္ႏိုနဲ႔ ဂ်ိဳတာတို႔ကလည္း ကိုပါအေမရိကနဲ႔ ယူရို ျပိဳင္ပြဲေတြထံ ပါဝင္သြားရဖို႔ ရွိေနပါေသးတယ္။

အိုရီဂီနဲ႔ ရွာကီြရီကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ထားတဲ့ လီဗာပူးဟာ ေဆာက္သမ္တန္ထံ အငွားခ်ထားတဲ့ မီနာမီႏိုကိုလည္း ရွင္းထုတ္သြားဖို႔ ရွိေနတာပါ။ လီဗာပူး အသစ္ေခၚယူမယ့္ တိုက္စစ္သမားက အေထာင္တိုက္စစ္မွဴးလား၊ ေနရာစံု ကစားႏုိင္သူလားဆိုတာကို မသိရေသးပါဘူး။

အီဂ်စ္ ယူ-၂၃ မန္ေနဂ်ာကေတာ့ “ လီဗာပူးအသင္းထံ ေတာင္းဆိုစာ မပို႔ခင္မွာပဲ အိုလံပစ္ျပိဳင္ပြဲမွာ ပါဝင္ကစားေပးဖို႔ ဆာလာ အလိုရွိပါေၾကာင္း က်ေနာ္ သိထားရပါတယ္။ ပရီးမီးယားလိဂ္ကလပ္နဲ႔အတူ ဆာလာကို ျပိဳင္ပြဲထံ ပါဝင္ခြင့္ေပးဖို႔က ဆက္ျပီး ေဆြးေႏြးသြားရဦးမွာပါ ” လို႔ ဆိုသြားခဲ့တယ္။