မန်ယူက ဘာစီလိုနာ ကွင်းလယ်ကစားသမား ရာကီတစ်ကို ခေါ်ယူဖို့ ကြိုးစားနေပြီး ခရိုအေးရှားသားကို ယူရို ၅၅ သန်း နဲ့ ကမ်းလှမ်းရန် ပြင်ဆင်နေပါတယ်။

အင်္ဂါနေ့ အင်္ဂလန်အခြေစိုက်သတင်းတွေ အဆိုအရ ဒီဂီယာဟာ မန်ယူရဲ့ သက်တမ်းတိုး စာချုပ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့ ပြီ ဖြစ်တယ်လို့ သိရပါတယ်။ မန်ယူက ဒီဂီယာတောင်းဆိုထားတဲ့ တစ်ပတ် လုပ်ခ ပေါင် ၃သိန်းခွဲထိ ပေးအပ်လိုမှု မရှိတာကြောင့် ဖြည့်ဆည်းပေးနို်င်တဲ့ ပီအက်စ်ဂျီ အသင်းက အခွင့်အရေး ရဖွယ် ရှိလာပါတယ်။

ဆွမ်းဆီး တောင်ပံ ကစားသမားလေး ဒန်နီရယ်ဂျိမ်းစ်ရဲ့ အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ ရုတ်တရတ် ကွယ်လွန်းသွားခဲ့တာကြောင့် မန်ယူနဲ့ ဂျိမ်းစ်တို့ရဲ့ အပြောင်းအရွှေ့ဆိုင်ရာ ညိနှိုင်းမှုတွေက ထင်ထားတာထက် ပိုကြာသွားပါတော့မယ်။

ဒီဂီယာသာ ထွက်ခွာဖြစ်ရင် မန်ယူနိုက်တက်ဟာ ဂိုးသမားသစ်အတွက် ငွေကြေးများများသုံး ခေါ်ယူမှု လုပ်မှာ မဟုတ်ဘဲ ရိုမီယိုကို ပထမဦးစားပေး ဂိုး အဖြစ် နေရာပေးဖို့ စီစဉ်ထားကြောင်း သိရပါတယ်။

ရီးရဲလ်ခံစစ်မှူး ဗာရိန်းက အသင်းသို့ ပြောင်းလာဖွယ်ရှိတဲ့ ပေါ့ဘာနဲ့ အီဒင်ဟာဇက်တို့ ကစားသမားကောင်းတွေကို ကြိုဆိုကြောင်း ပြောဆိုလိုက်ပါတယ်။ ကစားသမား နှစ်ယောက်လုံးဟာ ပြောင်းရွှေ့ကြေး မြင့်မြင့်နဲ့ ရီးရဲလ်ထံ ပြောင်းရွှေ့လာတော့မှာပါ။

မန်ချက်စတာယူနိုက်တက်ဟာ ပဲလေ့စ်ခံစစ်မှူး ၀မ် ဘစ်ဆာကာ အတွက် ပေါင် ၂၅ သန်းနဲ့ ကမ်းလှမ်းမှု စတင်ပြုလုပ်လိုက်ပါတယ်။ ပဲလေ့စ် ဘက်ကတော့ ၄င်းတို့ ခံစစ်မှူးအတွက် ပေါင် သန်း ၆၀ ဈေး သတ်မှတ်ထားတာပါ။

နယူးကာဆယ်နည်းပြ ရာဖေးဘင်နီတက်ဇ်ဟာ အသင်းမှာ ဆက်ရှိနေခဲ့ရင် မန်ယူ ကွင်းလယ်ကစားသမား ဟွမ်မာတာကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ မာတာက မန်ယူနဲ့ ဒီနွေမှာ စာချုပ်ကုန်ဆုံးပြီ ဖြစ်လို့ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ခေါ်ယူနိုင်မှာပါ။

မန်ယူ ချိန်ရွယ်နေခဲ့တဲ့ ဘာစီလိုနာ အရန်ဂိုးသမား စီလက်ဆန်ဟာ ပေါ်တူဂီချန်ပီယံကလပ် ဘင်ဖီကာအသင်းထံ ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပါတယ်။ ပြောင်းရွှေ့ကြေးအတွက် ကလပ်အသင်း နှစ်သင်းကြား ညှိနိုင်းဆဲ ဖြစ်ပြီး ဘာစီလိုနာက ယူရို ၂၅ သန်း အလိုရှိနေပါတယ်။

မန်ယူက လာမယ့် ရက်ပိုင်းအတွင်း နယူးကာဆယ်မှ ကွင်းလယ်လူ လောင်းစတပ်ကို ကမ်းလှမ်းမှု ပြုလုပ်သွားတော့မှာဖြစ်ပါတယ်။ အင်္ဂလန်သား လူငယ်လေးကို မန်ယူနိုက်တက်ဘက်က ပေါင် သန်း ၂၀ နဲ့ ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။