လီဗာပူးအသင်းဟာ ဘရာဇီးဂိုးသမား အယ်လီဆန်နဲ့ စာချုပ်သစ်ကိစ္စကို စကားပြောဖို့ စတင်လိုနေပြီး ကိုပါအမေရိက ပြိုင်ပွဲပြီးလို့ ဂိုးသမားဖြစ်သူ ကလပ်ထံ ပြန်ရောက်လာခဲ့ရင် တရားဝင် ဆွေးနွေးမှု စတင်မယ်လို့ သိရပါတယ်။

လက်တလောမှာ ကမ္ဘာဖလား ခြေစစ်ပွဲအတွက် အီကွေဒေါ၊ ပါရာဂွေးတို့ဖြင့် ယှဉ်ပြိုင်သွားမယ့် ဘရာဇီးအသင်းနဲ့အတူ အယ်လီဆန် လေ့ကျင့်ရေး ဝင်နေတာပါ။ အဆိုပါ ပွဲတွေအပြီး ကိုပါ အမေရိက ပြိုင်ပွဲကို ဇွန်လ ၁၃ ရက်နေ့မှာ စတင်ကျင်းပသွားမှာဖြစ်တယ်။

အယ်လီဆန်က လီဗာပူးနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိပေမယ့်လည်း သူ့ကို စာချုပ်သစ် ထပ်ပေးဖို့ ကလပ်ဘက်က ဆန္ဒရှိနေပါတယ်။ ၂၀၁၈ ခုနှစ်မှာ ရိုးမားအသင်းကနေ ပေါင် ၆၇.၅ သန်းဖြင့် ခေါ်ယူခြင်း ခံခဲ့ရတဲ့ အယ်လီဆန်ဟာ ထိုစဉ်တုန်းက ကမ္ဘာစံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးကို ရောက်လာခဲ့သူဖြစ်တယ်။

အသက် ၂၈ နှစ်အရွယ် ဂိုးသမားဖြစ်သူကို စာချုပ်သစ်ပေးခြင်းဟာ သူ့ကို လီဗာပူးအသင်းမှာပဲ ကစားသမားဘဝ နောက်ဆုံး အချိန်လောက်ထိ ဆက်ရှိနေဖို့ ရည်ရွယ်ခြင်းလည်း ဖြစ်လာပါမယ်။ အယ်လီဆန်ဟာ ၂၀၁၉ ချန်ပီယံလိဂ် အောင်မြင်မှု၊ ၂၀၂၀ ပရီးမီးယားလိဂ်ဖလား အောင်မြင်မှုတွေမှာ လီဗာပူးအတွက် အဓိကကျခဲ့သူလည်းဖြစ်တယ်။

လီဗာပူးဘက်ကတော့ အယ်လီဆန်အပြင် အသက် ၃၄ နှစ်အရွယ် ဂိုးသမား အတ်ဒရီယန်ကိုလည်း သက်တမ်းတိုးဖို့ ပြင်ဆင်နေပါတယ်။ စပိန်သား ဂိုးသမားကို လာလီဂါကလပ် ဘက်တစ်အသင်းက ခေါ်ယူလိုပေမယ့် စာချုပ်သစ်ကိစ္စ စကားပြောနိုင်မယ်လို့ လီဗာပူးဘက်က ယုံကြည်နေတယ်။

အသက် ၂၂ နှစ်အရွယ် လူငယ်ဂိုးသမား ကလယ်ဟာကိုတော့ ပုံမှန်ပွဲထွက်ခွင့်ပေးမယ့် ကလပ်တစ်သင်းထံ အငှားချပေးဖို့ လီဗာပူးဘက်က စီစဉ်နေခဲ့ကာ တတိယဂိုးသမားအဖြစ် ပြီးခဲ့တဲ့ ဇန်နဝါရီကမှ ဖလူမီနက်စ် အသင်းကနေ ခေါ်ယူထားတဲ့ လူငယ်ဂိုးသမားလေး ပီတာလူးဂါကို ထားရှိမယ်လို့ ကြားသိရတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဘရာဇီးဂိုးသမား အယ္လီဆန္နဲ႔ စာခ်ဳပ္သစ္ကိစၥကို စကားေျပာဖို႔ စတင္လိုေနျပီး ကိုပါအေမရိက ျပိဳင္ပြဲျပီးလို႔ ဂိုးသမားျဖစ္သူ ကလပ္ထံ ျပန္ေရာက္လာခဲ့ရင္ တရားဝင္ ေဆြးေႏြးမႈ စတင္မယ္လို႔ သိရပါတယ္။

လက္တေလာမွာ ကမၻာဖလား ေျခစစ္ပြဲအတြက္ အီေကြေဒါ၊ ပါရာေဂြးတို႔ျဖင့္ ယွဥ္ျပိဳင္သြားမယ့္ ဘရာဇီးအသင္းနဲ႔အတူ အယ္လီဆန္ ေလ့က်င့္ေရး ဝင္ေနတာပါ။ အဆိုပါ ပြဲေတြအျပီး ကိုပါ အေမရိက ျပိဳင္ပြဲကို ဇြန္လ ၁၃ ရက္ေန႔မွာ စတင္က်င္းပသြားမွာျဖစ္တယ္။

အယ္လီဆန္က လီဗာပူးနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိေပမယ့္လည္း သူ႔ကို စာခ်ဳပ္သစ္ ထပ္ေပးဖို႔ ကလပ္ဘက္က ဆႏၵရွိေနပါတယ္။ ၂၀၁၈ ခုႏွစ္မွာ ရိုးမားအသင္းကေန ေပါင္ ၆၇.၅ သန္းျဖင့္ ေခၚယူျခင္း ခံခဲ့ရတဲ့ အယ္လီဆန္ဟာ ထိုစဥ္တုန္းက ကမၻာစံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကးျဖင့္ လီဗာပူးကို ေရာက္လာခဲ့သူျဖစ္တယ္။

အသက္ ၂၈ ႏွစ္အရြယ္ ဂိုးသမားျဖစ္သူကို စာခ်ဳပ္သစ္ေပးျခင္းဟာ သူ႔ကို လီဗာပူးအသင္းမွာပဲ ကစားသမားဘဝ ေနာက္ဆံုး အခ်ိန္ေလာက္ထိ ဆက္ရွိေနဖို႔ ရည္ရြယ္ျခင္းလည္း ျဖစ္လာပါမယ္။ အယ္လီဆန္ဟာ ၂၀၁၉ ခ်န္ပီယံလိဂ္ ေအာင္ျမင္မႈ၊ ၂၀၂၀ ပရီးမီးယားလိဂ္ဖလား ေအာင္ျမင္မႈေတြမွာ လီဗာပူးအတြက္ အဓိကက်ခဲ့သူလည္းျဖစ္တယ္။

လီဗာပူးဘက္ကေတာ့ အယ္လီဆန္အျပင္ အသက္ ၃၄ ႏွစ္အရြယ္ ဂိုးသမား အတ္ဒရီယန္ကိုလည္း သက္တမ္းတိုးဖို႔ ျပင္ဆင္ေနပါတယ္။ စပိန္သား ဂိုးသမားကို လာလီဂါကလပ္ ဘက္တစ္အသင္းက ေခၚယူလိုေပမယ့္ စာခ်ဳပ္သစ္ကိစၥ စကားေျပာႏုိင္မယ္လို႔ လီဗာပူးဘက္က ယံုၾကည္ေနတယ္။

အသက္ ၂၂ ႏွစ္အရြယ္ လူငယ္ဂိုးသမား ကလယ္ဟာကိုေတာ့ ပံုမွန္ပြဲထြက္ခြင့္ေပးမယ့္ ကလပ္တစ္သင္းထံ အငွားခ်ေပးဖို႔ လီဗာပူးဘက္က စီစဥ္ေနခဲ့ကာ တတိယဂိုးသမားအျဖစ္ ျပီးခဲ့တဲ့ ဇန္နဝါရီကမွ ဖလူမီနက္စ္ အသင္းကေန ေခၚယူထားတဲ့ လူငယ္ဂိုးသမားေလး ပီတာလူးဂါကို ထားရွိမယ္လို႔ ၾကားသိရတာ ျဖစ္ပါတယ္။