လီဗာပူးအသင်းဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအတွက် ကလပ်ကနေ ထွက်ခွာခွင်ပြုတဲ့ ကစားသမားစာရင်း ထုတ်ပြန်ခဲ့ရာမှာ အကယ်ဒမီ ကစားသမားတွေပဲ ပါဝင်ခဲ့ပါတယ်။

Liam Coyle, Joe Hardy, Abdi Sharif, Jack Walls အစရှိတဲ့ လူငယ် လေးဦးကို ထွက်ခွာခွင့် ပေးခဲ့ခြင်းဖြစ်ကာ ၎င်းတို့အားလုံးရဲ့ ကလပ်အတွက် ပါဝင်ပေးမှုတွေကို ကျေးဇူးတင်ကြောင်း၊ အနာဂတ်မှာ အဆင်ပြေကြပါစေကြောင်းကိုလည်း အသင်းဘက်က ဆုတောင်းပေးခဲ့တယ်။

လီဗာပူးက ထွက်ခွာခွင့်ပေးခဲ့တဲ့ အသက် ၂၂ နှစ်အရွယ် တိုက်စစ်မှူး ဂျိုးဟာဒီဟာ ၂၀၂၀ ဇန်နဝါရီတုန်းက ဘရတ်ဖိုဒ့်ကနေ လူငယ်အသင်းအတွက် ခေါ်ယူထားခြင်း ခံရသူဖြစ်တယ်။ သူဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပထမရာသီဝက်အတွက် လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် လူစာရင်းမှာ ဗန်ဒိုက်နေရာ အစားပါဝင်ခဲ့သူလည်း ဖြစ်ပါတယ်။

ဟာဒီကို ခေါ်ယူစဉ်တည်းက လူငယ်အသင်းမှာ ရေတိုသုံးဖို့ ကာလတိုဖြင့် စာချုပ်ချုပ်ခဲ့ခြင်းဖြစ်ကာ ကစားသမားရဲ့ တိုးတက်မှုဟာ ကလပ်ရဲ့ စီနီယာထံ ရောက်လာဖို့ လိုအပ်မှုတွေ ရှိနေခြင်းအတွက် ထွက်ခွင့်ပေးရခြင်းလည်း ဖြစ်ပါတယ်။

လီဗာပူးဘက် ရာသီအကုန်မှာပဲ လူငယ် ကစားသမား နှစ်ဦးဖြစ်တဲ့ လာရိုစီနဲပ ရီမီ ဆားဗေ့ချ်ကို သက်တမ်းတိုးစာချုပ်တွေ ပေးခဲ့ပါသေးတယ်။ လီဗာပူး စီနီယာအသင်းမှာ လာရိုစီကို နေရာပေး ခေါ်ယူလိုခဲ့ပေမယ့် ကစားသမားလေးရဲ့ ဒဏ်ရာပြဿနာ၊ သက်တမ်းတိုးစာချုပ်ချုပ်ဖို့ ငြင်းဆန်မှုတွေကြောင့် လူငယ်အသင်းမှာပဲ ဆက်ရှိနေရသူဖြစ်တယ်။

ခံစစ်မှူးကိုမတ်တီယိုက လာရိုစီကို အင်စတာဂရမ်မှာ “ကံကောင်းပါစေ သူငယ်ချင်း ပြန်တွေ့ကြတာပေါ့” လို့ နုတ်ဆက်ထားခြင်းကြောင့် သက်တမ်းတိုးကိစ္စ အောင်မြင်ဖွယ် မရှိဘူးလို့လည်း သုံးသပ်နေကြပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီအတြက္ ကလပ္ကေန ထြက္ခြာခြင္ျပဳတဲ့ ကစားသမားစာရင္း ထုတ္ျပန္ခဲ့ရာမွာ အကယ္ဒမီ ကစားသမားေတြပဲ ပါဝင္ခဲ့ပါတယ္။

Liam Coyle, Joe Hardy, Abdi Sharif, Jack Walls အစရွိတဲ့ လူငယ္ ေလးဦးကို ထြက္ခြာခြင့္ ေပးခဲ့ျခင္းျဖစ္ကာ ၄င္းတို႔အားလံုးရဲ႕ ကလပ္အတြက္ ပါဝင္ေပးမႈေတြကို ေက်းဇူးတင္ေၾကာင္း၊ အနာဂတ္မွာ အဆင္ေျပၾကပါေစေၾကာင္းကိုလည္း အသင္းဘက္က ဆုေတာင္းေပးခဲ့တယ္။

လီဗာပူးက ထြက္ခြာခြင့္ေပးခဲ့တဲ့ အသက္ ၂၂ ႏွစ္အရြယ္ တိုက္စစ္မွဴး ဂ်ိဳးဟာဒီဟာ ၂၀၂၀ ဇန္နဝါရီတုန္းက ဘရတ္ဖိုဒ့္ကေန လူငယ္အသင္းအတြက္ ေခၚယူထားျခင္း ခံရသူျဖစ္တယ္။ သူဟာ ၂၀၂၀-၂၀၂၁ ေဘာလံုးရာသီ ပထမရာသီဝက္အတြက္ လီဗာပူးအသင္းရဲ႕ ခ်န္ပီယံလိဂ္ လူစာရင္းမွာ ဗန္ဒိုက္ေနရာ အစားပါဝင္ခဲ့သူလည္း ျဖစ္ပါတယ္။

ဟာဒီကို ေခၚယူစဥ္တည္းက လူငယ္အသင္းမွာ ေရတိုသံုးဖို႔ ကာလတိုျဖင့္ စာခ်ဳပ္ခ်ဳပ္ခဲ့ျခင္းျဖစ္ကာ ကစားသမားရဲ႕ တိုးတက္မႈဟာ ကလပ္ရဲ႕ စီနီယာထံ ေရာက္လာဖို႔ လိုအပ္မႈေတြ ရွိေနျခင္းအတြက္ ထြက္ခြင့္ေပးရျခင္းလည္း ျဖစ္ပါတယ္။

လီဗာပူးဘက္ ရာသီအကုန္မွာပဲ လူငယ္ ကစားသမား ႏွစ္ဦးျဖစ္တဲ့ လာရိုစီနဲပ ရီမီ ဆားေဗ့ခ်္ကို သက္တမ္းတိုးစာခ်ဳပ္ေတြ ေပးခဲ့ပါေသးတယ္။ လီဗာပူး စီနီယာအသင္းမွာ လာရိုစီကို ေနရာေပး ေခၚယူလိုခဲ့ေပမယ့္ ကစားသမားေလးရဲ႕ ဒဏ္ရာျပႆနာ၊ သက္တမ္းတိုးစာခ်ဳပ္ခ်ဳပ္ဖို႔ ျငင္းဆန္မႈေတြေၾကာင့္ လူငယ္အသင္းမွာပဲ ဆက္ရွိေနရသူျဖစ္တယ္။

ခံစစ္မွဴးကိုမတ္တီယိုက လာရိုစီကို အင္စတာဂရမ္မွာ “ကံေကာင္းပါေစ သူငယ္ခ်င္း ျပန္ေတြ႔ၾကတာေပါ့” လို႔ ႏုတ္ဆက္ထားျခင္းေၾကာင့္ သက္တမ္းတိုးကိစၥ ေအာင္ျမင္ဖြယ္ မရွိဘူးလို႔လည္း သံုးသပ္ေနၾကပါတယ္။