၂၀၂၀-၂၀၂၀၁ ဘောလုံးရာသီက ပြီးဆုံးခဲ့ပြီဖြစ်ကာ ကလပ်တွေဟာ ဆက်ထားမယ့် ကစားသမားတွေနဲ့ စာချုပ်ကုန်လုံး ထွက်ခွင့်ပေးတဲ့ ကစားသမားစာရင်းတွေကိုလည်း အတည်ပြု ကြေညာခဲ့ပါပြီ။

လူတိုင်းက ယူရို ၂၀၂၀ ပြိုင်ပွဲကို ကြိုဆိုနေရင်းမှာပဲ လာမယ့် နွေဈေးကွက် ဘယ်အချိန် စဖွင့်မလဲဆိုတဲ့ စောင့်မျှော်မှုတွေလည်း ရှိနေပါတယ်။ လီဗာပူးအသင်းက ရာသီသစ်အတွက် ဘယ်အချိန်မှာ ကစားသမား စတင်ခေါ်ယူနိုင်မလဲဆိုတာကို ပရိသတ်တွေက သိလိုစိတ်တွေ ရှိနေပါတယ်။

ပရီးမီးယားလိဂ် အသင်းတွေက ဈေးကွက် စဖွင့်မယ့် အချိန် ဇွန်လ ၉ ရက်နေ့ကစပြီး ကစားသမားသစ်တွေကို တရားဝင် လက်မှတ်ထိုး ခေါ်ယူနိုင်မှာဖြစ်တယ်။ ဈေးကွက်ဖွင့်ချိန်က ၁၂ ပတ်ဖြစ်မယ်လို့ သိထားရတယ်။ သို့ပေမယ့် အင်္ဂလန်ကလပ်တွေကနေ ကစားသမားတွေကို နိုင်ငံခြားကလပ်တွေက လာရောက် ခေါ်ယူလိုပါက ဇူလိုင်လ ၁ ရက်နေ့မှ ခေါ်ယူခွင့်ရမှာ ဖြစ်ပါတယ်။

လီဗာပူးအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရထားတဲ့ လိုက်ဇစ်အသင်း ခံစစ်မှူး ကိုနာတေးဟာ ဇွန်လ ၉ ရက်မှာတင် အသင်းထံလာပြီး ပူးပေါင်းလို့ ရနိုင်ပါတယ်။ နွေအပြောင်းအရွှေ့ ဈေးကွက်ကို ယခင်ရာသီကလို သြဂုတ်လ ၁၄ ရက်နေ့အစား နှစ်ပတ် ထိပ်တိုးပြီး သြဂုတ်လ ၃၁ ရက်နေ့ထိ ထားရှိသွားမှာဖြစ်ပါတယ်။

အင်္ဂလန်အဆင့်မြင့်တန်းလိဂ်ဖြစ်တဲ့ ပရီးမီးယားလိဂ်နဲ့ အဆင့်နိမ့်တန်း လိဂ်တွေကြား သီးသန့် လုပ်ခွင့်ရတဲ့ အပြောင်းအရွှေ့ ကာလကို ယခင်ရာသီကလို ထပ်တိုးပေးမလားဆိုတာအတွက် အတည်ပြု သတင်းတော့ မရလာသေးပါဘူး။

ZAWGYI

၂၀၂၀-၂၀၂၀၁ ေဘာလံုးရာသီက ျပီးဆံုးခဲ့ျပီျဖစ္ကာ ကလပ္ေတြဟာ ဆက္ထားမယ့္ ကစားသမားေတြနဲ႔ စာခ်ဳပ္ကုန္လံုး ထြက္ခြင့္ေပးတဲ့ ကစားသမားစာရင္းေတြကိုလည္း အတည္ျပဳ ေၾကညာခဲ့ပါျပီ။

လူတိုင္းက ယူရို ၂၀၂၀ ျပိဳင္ပြဲကို ၾကိဳဆိုေနရင္းမွာပဲ လာမယ့္ ေႏြေစ်းကြက္ ဘယ္အခ်ိန္ စဖြင့္မလဲဆိုတဲ့ ေစာင့္ေမွ်ာ္မႈေတြလည္း ရွိေနပါတယ္။ လီဗာပူးအသင္းက ရာသီသစ္အတြက္ ဘယ္အခ်ိန္မွာ ကစားသမား စတင္ေခၚယူႏုိင္မလဲဆိုတာကို ပရိသတ္ေတြက သိလိုစိတ္ေတြ ရွိေနပါတယ္။

ပရီးမီးယားလိဂ္ အသင္းေတြက ေစ်းကြက္ စဖြင့္မယ့္ အခ်ိန္ ဇြန္လ ၉ ရက္ေန႔ကစျပီး ကစားသမားသစ္ေတြကို တရားဝင္ လက္မွတ္ထိုး ေခၚယူႏုိင္မွာျဖစ္တယ္။ ေစ်းကြက္ဖြင့္ခ်ိန္က ၁၂ ပတ္ျဖစ္မယ္လို႔ သိထားရတယ္။ သို႔ေပမယ့္ အဂၤလန္ကလပ္ေတြကေန ကစားသမားေတြကို ႏိုင္ငံျခားကလပ္ေတြက လာေရာက္ ေခၚယူလိုပါက ဇူလိုင္လ ၁ ရက္ေန႔မွ ေခၚယူခြင့္ရမွာ ျဖစ္ပါတယ္။

လီဗာပူးအသင္းက ေခၚယူဖို႔ သေဘာတူညီမႈ ရထားတဲ့ လုိက္ဇစ္အသင္း ခံစစ္မွဴး ကိုနာေတးဟာ ဇြန္လ ၉ ရက္မွာတင္ အသင္းထံလာျပီး ပူးေပါင္းလို႔ ရႏုိင္ပါတယ္။ ေႏြအေျပာင္းအေရႊ႔ ေစ်းကြက္ကို ယခင္ရာသီကလို ၾသဂုတ္လ ၁၄ ရက္ေန႔အစား ႏွစ္ပတ္ ထိပ္တိုးျပီး ၾသဂုတ္လ ၃၁ ရက္ေန႔ထိ ထားရွိသြားမွာျဖစ္ပါတယ္။

အဂၤလန္အဆင့္ျမင့္တန္းလိဂ္ျဖစ္တဲ့ ပရီးမီးယားလိဂ္နဲ႔ အဆင့္နိမ့္တန္း လိဂ္ေတြၾကား သီးသန္႔ လုပ္ခြင့္ရတဲ့ အေျပာင္းအေရႊ႔ ကာလကို ယခင္ရာသီကလို ထပ္တိုးေပးမလားဆိုတာအတြက္ အတည္ျပဳ သတင္းေတာ့ မရလာေသးပါဘူး။