ဟာဗေး အီးလီးယော့ကို ခေါ်ယူလိုတဲ့ ပရီးမီးယားလိဂ်ကလပ်တွေ ရှိနေပေမယ့်လည်း အင်္ဂလန်သား တိုက်စစ်သမားလေးဟာ လီဗာပူးမှာ ဆက်ရှိနေဖို့သာ အလားအလာများပါကြောင်း မာဆေးဆိုဒ်အခြေစိုက် Liverpool Echo က ဖော်ပြပါတယ်။
မနှစ်ကရာသီ ဘလက်ဘန်းအသင်းထံ အငှားထွက်ကစားချိန်မှာ ပွဲပေါင်း ၄၁ ပွဲထိ ကစားခွင့်ရခဲ့တဲ့ အီးလီးယော့ဟာ ချန်ပီယံရှစ်ပွဲပေါင်း ၃၁ ပွဲကိုလည်း ပွဲထွက် လူစာရင်းကနေ ပါဝင်ခွင့်ရခဲ့တယ်။ သူဟာ ကိုယ်တိုင် ၇ ဂိုး သွင်းယူပြီး ဂိုးထောက်ပံ့မှု ၁၁ ကြိမ်ထိ လုပ်နိုင်ခဲ့သူဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ်ပဲ ရှိသေးတဲ့ တိုက်စစ်သမားဟာ အနာဂတ်ကောင်းတွေ ပိုင်ဆိုင်ထားသူဖြစ်ကာ လာမယ့်ရာသီ လီဗာပူးအရန်စာရင်းမှာ ရှိနေပြီး ဆုဖလားပွဲတွေကို အဓိက ပါဝင်ကစားခွင့်ရမယ်လို့ မျှော်လင့်ခံထားရသူလည်း ဖြစ်ပါတယ်။
သူ့ရဲ့ အရည်အချင်းကို သဘောကျတဲ့ ဝတ်ဖိုဒ့်အသင်းက လာမယ့်ရာသီအတွက် တစ်ရာသီ အငှားခေါ်ယူခွင့်ပေးဖို့ ကမ်းလှမ်းလိုတယ်။ ပရီးမီးယားလိဂ်ကို တန်းတက်လာတဲ့ လန်ဒန်ကလပ်ဟာ ပွဲထွက်ခွင့် ပုံမှန်ပေးမယ်လို့ အာမခံမလားဆိုတဲ့ အချက်ကတော့ သိရခြင်း မရှိသေးပါဘူး။
ယာဂင်ကလော့ပ်ရဲ့ အစီအစဉ်မှာတော့ အီးလီးယော့ဟာ ကလပ်ရဲ့ ရာသီကြို လေ့ကျင့်ရေးကို ပါဝင်ခွင့်ရမှာဖြစ်တယ်။ အဲ့ကနေမှ အီးလီးယော့ရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးသွားဖို့လည်း လျာထားတာဖြစ်တယ်။ သို့ပေမယ့် အီးလီးယော့ရဲ့ တိုက်စစ်ပိုင်း နေရာစုံ ကစားနိုင်မှုအရ လာမယ့်ရာသီမှာ လီဗာပူးမှာပဲ သူဆက်ရှိနေဖို့ အလားအလာ များနေဆဲလို့ သိရပါတယ်။
ZAWGYI
ဟာေဗး အီးလီးေယာ့ကို ေခၚယူလိုတဲ့ ပရီးမီးယားလိဂ္ကလပ္ေတြ ရွိေနေပမယ့္လည္း အဂၤလန္သား တိုက္စစ္သမားေလးဟာ လီဗာပူးမွာ ဆက္ရွိေနဖို႔သာ အလားအလာမ်ားပါေၾကာင္း မာေဆးဆိုဒ္အေျခစိုက္ Liverpool Echo က ေဖာ္ျပပါတယ္။
မႏွစ္ကရာသီ ဘလက္ဘန္းအသင္းထံ အငွားထြက္ကစားခ်ိန္မွာ ပြဲေပါင္း ၄၁ ပြဲထိ ကစားခြင့္ရခ့ဲတဲ့ အီးလီးေယာ့ဟာ ခ်န္ပီယံရွစ္ပြဲေပါင္း ၃၁ ပြဲကိုလည္း ပြဲထြက္ လူစာရင္းကေန ပါဝင္ခြင့္ရခဲ့တယ္။ သူဟာ ကိုယ္တိုင္ ၇ ဂိုး သြင္းယူျပီး ဂိုးေထာက္ပံ့မႈ ၁၁ ၾကိမ္ထိ လုပ္ႏုိင္ခဲ့သူျဖစ္ပါတယ္။
အသက္ ၁၈ ႏွစ္အရြယ္ပဲ ရွိေသးတဲ့ တိုက္စစ္သမားဟာ အနာဂတ္ေကာင္းေတြ ပိုင္ဆိုင္ထားသူျဖစ္ကာ လာမယ့္ရာသီ လီဗာပူးအရန္စာရင္းမွာ ရွိေနျပီး ဆုဖလားပြဲေတြကို အဓိက ပါဝင္ကစားခြင့္ရမယ္လို႔ ေမွ်ာ္လင့္ခံထားရသူလည္း ျဖစ္ပါတယ္။
သူ႔ရဲ႕ အရည္အခ်င္းကို သေဘာက်တဲ့ ဝတ္ဖိုဒ့္အသင္းက လာမယ့္ရာသီအတြက္ တစ္ရာသီ အငွားေခၚယူခြင့္ေပးဖို႔ ကမ္းလွမ္းလိုတယ္။ ပရီးမီးယားလိဂ္ကို တန္းတက္လာတဲ့ လန္ဒန္ကလပ္ဟာ ပြဲထြက္ခြင့္ ပံုမွန္ေပးမယ္လို႔ အာမခံမလားဆိုတဲ့ အခ်က္ကေတာ့ သိရျခင္း မရွိေသးပါဘူး။
ယာဂင္ကေလာ့ပ္ရဲ႕ အစီအစဥ္မွာေတာ့ အီးလီးေယာ့ဟာ ကလပ္ရဲ႕ ရာသီၾကိဳ ေလ့က်င့္ေရးကို ပါဝင္ခြင့္ရမွာျဖစ္တယ္။ အဲ့ကေနမွ အီးလီးေယာ့ရဲ႕ အနာဂတ္ကို ဆံုးျဖတ္ေပးသြားဖို႔လည္း လ်ာထားတာျဖစ္တယ္။ သို႔ေပမယ့္ အီးလီးေယာ့ရဲ႕ တုိက္စစ္ပိုင္း ေနရာစံု ကစားႏုိင္မႈအရ လာမယ့္ရာသီမွာ လီဗာပူးမွာပဲ သူဆက္ရွိေနဖို႔ အလားအလာ မ်ားေနဆဲလို႔ သိရပါတယ္။