လီဗာပူးခံစစ်မှူး နက်ဖီးလစ်က ဗဟိုခံစစ်မှာ နေရာပြိုင်ဆိုင်ရမှုတွေ ရှိတာမျိုးကို နှစ်သက်နေပြီး တိုးတက်လာဖို့အတွက် ယှဉ်ပြိုင်ရမှုတွေ လိုအပ်တယ်လို့ ခံယူနေပါတယ်။
ခါဘတ်၊ ဘမ်ဒေးဗစ်တို့နဲ့အပြိုင် ခံစစ်မှူးနေရာအတွက် ကြိုးစားခဲ့ရတဲ့ နက်ဖီးလစ်ဟာ ရာသီသစ်မှာတော့ ပိုကြီးမားတဲ့ ပြိုင်ဆိုင်မှုတွေကို ရင်ဆိုင်သွားရမှာပါ။ လီဗာပူးက လိုက်ဇစ်ကနေ ကိုနာတေးကို အပြီးသတ် ခေါ်ယူထားပြီဖြစ်လို့ ဗဟိုခံစစ်မှူးနေရာအတွက် ဗန်ဒိုက်၊ ဂိုးမက်စ်၊ မာတစ်၊ ကိုနာတေး၊ နက်ဖီးလစ်တို့ အဓိက ပြိုင်ဆိုင်ကြရတော့မှာ ဖြစ်ပါတယ်။
နေရာပြိုင်ဆိုင်ရမှုအပေါ် ဖီးလစ်က “ အံ့သြစရာ မရှိပါဘူး။ လီဗာပူးက အသင်းကြီးတစ်သင်းဖြစ်ပြီး ဒီအသင်းမှာ နေရာတစ်ရာအတွက် ပြိုင်ဆိုင်မှုက သိပ်ကို ပြင်းထန်းပါတယ်။ အသင်းမှာ ကိုယ်ရဲ့နေရာအတွက် အမြဲတမ်း ပြိုင်ဆိုင်နေမှပဲ ရပါတယ်။
နေရာပြိုင်ဆိုင်မှုတွေ ရှိပေမယ့်လည်း အခြားသော ကစားသမားထံကနေ ဘာတွေသင်ယူလို့ ရနိုင်မလဲဆိုတာကို ကျနော် လေ့လာပါတယ်။ ကစားသမားသစ်တွေကနေ သူတို့ ဘယ်လိုကစားလဲ ကျနော် ဘာတွေကို သင်ယူနိုင်မလဲဆိုတာတွေကို အမြဲ ကြည့်ပါတယ်။
ခါဘတ်နဲ့ ဒေးဗစ်တို့ ရောက်လာတာကို ကျနော်ကတော့ မအံ့သြပါဘူး။ အသင်းမှာက ခံစစ်ပိုင်း ပြဿနာတွေ ရှိနေခဲ့တာဖြစ်ပြီး အဲ့နောအတွက် ကစားသမားတွေ ပိုလိုခဲ့တယ်။ ကျနော်အတွက်ကတော့ အခွင့်အရေးရရင် ကစားဖို့နဲ့ အကောင်းဆုံးလုပ်ဆောင်ပြီး ကျနော်ရဲ့ နေရာကို ထိန်းသိမ်းဖို့ပါပဲ။ ဒီလိုပဲ ချဉ်းကပ်ခဲ့ပါတယ်။
ပွဲကစားခွင့်တွေ ပိုရလိုတယ်ဆိုရင် ပွဲထွက်ခွင့်အတွက် ယှဉ်ပြိုင်ရမှုတွေကို နှစ်သက်ဖို့ လိုသလို ကစားရချိန်မှာလည်း အကောင်းဆုံး ခြေစွမ်းတွေဖြင့် ကစားနိုင်ဖို့ လိုပါတယ် ” လို့ ဆိုသွားခဲ့တာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးခံစစ္မွဴး နက္ဖီးလစ္က ဗဟိုခံစစ္မွာ ေနရာျပိဳင္ဆိုင္ရမႈေတြ ရွိတာမ်ိဳးကို ႏွစ္သက္ေနျပီး တိုးတက္လာဖို႔အတြက္ ယွဥ္ျပိဳင္ရမႈေတြ လိုအပ္တယ္လို႔ ခံယူေနပါတယ္။
ခါဘတ္၊ ဘမ္ေဒးဗစ္တို႔နဲ႔အျပိဳင္ ခံစစ္မွဴးေနရာအတြက္ ၾကိဳးစားခဲ့ရတဲ့ နက္ဖီးလစ္ဟာ ရာသီသစ္မွာေတာ့ ပိုၾကီးမားတဲ့ ျပိဳင္ဆိုင္မႈေတြကို ရင္ဆိုင္သြားရမွာပါ။ လီဗာပူးက လိုက္ဇစ္ကေန ကိုနာေတးကို အျပီးသတ္ ေခၚယူထားျပီျဖစ္လို႔ ဗဟိုခံစစ္မွဴးေနရာအတြက္ ဗန္ဒိုက္၊ ဂိုးမက္စ္၊ မာတစ္၊ ကိုနာေတး၊ နက္ဖီးလစ္တို႔ အဓိက ျပိဳင္ဆိုင္ၾကရေတာ့မွာ ျဖစ္ပါတယ္။
ေနရာျပိဳင္ဆိုင္ရမႈအေပၚ ဖီးလစ္က “ အံ့ၾသစရာ မရွိပါဘူး။ လီဗာပူးက အသင္းၾကီးတစ္သင္းျဖစ္ျပီး ဒီအသင္းမွာ ေနရာတစ္ရာအတြက္ ျပိဳင္ဆိုင္မႈက သိပ္ကို ျပင္းထန္းပါတယ္။ အသင္းမွာ ကိုယ္ရဲ႕ေနရာအတြက္ အျမဲတမ္း ျပိဳင္ဆိုင္ေနမွပဲ ရပါတယ္။
ေနရာျပိဳင္ဆိုင္မႈေတြ ရွိေပမယ့္လည္း အျခားေသာ ကစားသမားထံကေန ဘာေတြသင္ယူလို႔ ရႏုိင္မလဲဆိုတာကို က်ေနာ္ ေလ့လာပါတယ္။ ကစားသမားသစ္ေတြကေန သူတို႔ ဘယ္လိုကစားလဲ က်ေနာ္ ဘာေတြကို သင္ယူႏုိင္မလဲဆိုတာေတြကို အျမဲ ၾကည့္ပါတယ္။
ခါဘတ္နဲ႔ ေဒးဗစ္တို႔ ေရာက္လာတာကို က်ေနာ္ကေတာ့ မအံ့ၾသပါဘူး။ အသင္းမွာက ခံစစ္ပိုင္း ျပႆနာေတြ ရွိေနခဲ့တာျဖစ္ျပီး အဲ့ေနာအတြက္ ကစားသမားေတြ ပိုလိုခဲ့တယ္။ က်ေနာ္အတြက္ကေတာ့ အခြင့္အေရးရရင္ ကစားဖို႔နဲ႔ အေကာင္းဆံုးလုပ္ေဆာင္ျပီး က်ေနာ္ရဲ႕ ေနရာကို ထိန္းသိမ္းဖို႔ပါပဲ။ ဒီလိုပဲ ခ်ဥ္းကပ္ခဲ့ပါတယ္။
ပြဲကစားခြင့္ေတြ ပိုရလိုတယ္ဆိုရင္ ပြဲထြက္ခြင့္အတြက္ ယွဥ္ျပိဳင္ရမႈေတြကို ႏွစ္သက္ဖို႔ လိုသလို ကစားရခ်ိန္မွာလည္း အေကာင္းဆံုး ေျခစြမ္းေတြျဖင့္ ကစားႏုိင္ဖို႔ လိုပါတယ္ ” လို႔ ဆိုသြားခဲ့တာ ျဖစ္ပါတယ္။