ပီအက်စ်ဂျီအသင်း ဥက္ကဌဖြစ်သူ Nasser Al-Khelaifi က သူ့အသင်းတိုက်စစ်မှူး အမ်ဘတ်ပီဟာ ပြင်သစ်ကလပ်ကနေ လုံးဝ ထွက်ခွာမှာ မဟုတ်ပါဘူးလို့ ထုတ်ပြောလာပါတယ်။

ဒါ့အပြင် အမ်ဘတ်ပီကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ထွက်ခွာခွင့် ပြုမှာ မဟုတ်ဘူးလို့လည်း သူက ထုတ်ပြောခဲ့တယ်။ အသက် ၂၂ နှစ်ပဲရှိသေးတဲ့ ပြင်သစ်သားဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၂ ခုနှစ်ထိပဲ စာချုပ်ရှိထားကာ စာချုပ်သစ်အတွက် စကားပြောမှု လုပ်နေဆဲဖြစ်တယ်။

ပြင်သစ်သားဟာ လီဗာပူးအသင်းနဲ့ သတင်းကြီးတွေ ရှိထားခဲ့ကာ သူဟာ ယာဂင်ကလော့ပ်ကို အထင်ကြီးသူလို့ သိထားရတယ်။ ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ထံ ပြောင်းဖို့က သူ့ရဲ့ အိပ်မက်လို့ သိထားရပြီး အမ်ဘတ်ပီကို လက်လွတ်ရမယ်ဆိုရင် ဆာလာကို ပီအက်စ်ဂျီက ပြန်ခေါ်ယူမယ်လို့လည်း သတင်းထွက်ထားဖူးတာ ဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ဥက္ကဌက ” ရှင်းရှင်းပဲ ပြောပါမယ်။ အမ်ဘတ်ပီက ပီအက်စ်ဂျီမှာပဲ ဆက်နေပါလိမ့်မယ်။ ကျနေ်ာတို့ သူ့ကို လုံးဝ ရောင်းထုတ်သွားမှာ မဟုတ်သလို အလွတ်ပြောင်းရွှေ့ကြေးဖြင့်လည်း အသင်းကနေ ဘယ်တော့မှ ထွက်ခွာသွားမှာ မဟုတ်ပါဘူး ” လို့ ဆိုခဲ့တာဖြစ်တယ်။

ပီအက်စ်ဂျီက နေမာတုန်းကလည်း စာချုပ်သစ်ကိစ္စ ညိနှိုင်းမှု အချိန်ကြာခဲ့ပေမယ့် အောင်မြင်စွာ စာချုပ်ချုပ်နိုင်ခဲ့တယ်။ ဝိုက်နယ်ဒမ်ကို ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ပီအက်စ်ဂျီက အမ်ဘတ်ပီကိုလည်း ညိနှိုင်းနိုင်မယ် ယုံကြည်ကြောင်း ဥက္ကဌ Nasser Al-Khelaifi က ဆိုပါတယ်။

၎င်းကပဲ ” နေမာနဲ့ ညိနှိုင်းမှုတွေက သဘောတူညီမှုရဖို့ သိပ်ခက်ခဲခဲ့တာ မဟုတ်ပါဘူး။ ကျန်းမာရေးဆိုင်ရာ ကပ်ဘေးကြောင့်သာ ဆွေးနွေးမှုက ကြာခဲ့တာပါ။ သဘောတူမှု ရမယ်ဆိုတာကို ကျနေ်ာတို့ လုံးဝကို သံသယမရှိခဲ့ဘူး။

အမ်ဘတ်ပီနဲ့ ကိစ္စကလည်း အားလုံး အဆင်ပြေတယ်လို့ပဲ ကျနော် ပြောနိုင်ပါတယ်။ စာချုပ်သစ် သဘောတူညီမှုရဖို့ ကျနေ်ာတို့ မျှော်လင့်ထားတယ်။ ဒါက ပဲရစ်ပါ၊ ဒါက သူရဲ့ တိုင်းပြည်ပါ။ သူမှာ လုပ်ငန်းတာဝန် တစ်ရပ်လည်း ရှိထားပြီး ဘောလုံးကစားဖို့တင် မဟုတ်ဘဲ လီဂူးဝမ်း၊ သူ့တိုင်းပြည့်နဲ့ သူ့ရဲ့ မြို့တော်ကို မြှင့်တင်ပေးဖို့လည်း ပါဝင်ပါတယ် ” လို့ ထပ်လောင်း ပြောဆိုသွားခဲ့ပါတယ်။

ZAWGYI

ပီအက္စ္ဂ်ီအသင္း ဥကၠဌျဖစ္သူ Nasser Al-Khelaifi က သူ႔အသင္းတိုက္စစ္မွဴး အမ္ဘတ္ပီဟာ ျပင္သစ္ကလပ္ကေန လံုးဝ ထြက္ခြာမွာ မဟုတ္ပါဘူးလို႔ ထုတ္ေျပာလာပါတယ္။

ဒါ့အျပင္ အမ္ဘတ္ပီကို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္ ထြက္ခြာခြင့္ ျပဳမွာ မဟုတ္ဘူးလို႔လည္း သူက ထုတ္ေျပာခဲ့တယ္။ အသက္ ၂၂ ႏွစ္ပဲရွိေသးတဲ့ ျပင္သစ္သားဟာ ပီအက္စ္ဂ်ီနဲ႔ ၂၀၂၂ ခုႏွစ္ထိပဲ စာခ်ဳပ္ရွိထားကာ စာခ်ဳပ္သစ္အတြက္ စကားေျပာမႈ လုပ္ေနဆဲျဖစ္တယ္။

ျပင္သစ္သားဟာ လီဗာပူးအသင္းနဲ႔ သတင္းၾကီးေတြ ရွိထားခဲ့ကာ သူဟာ ယာဂင္ကေလာ့ပ္ကို အထင္ၾကီးသူလို႔ သိထားရတယ္။ ဒါ့အျပင္ ရီးရဲလ္မက္ဒရစ္ထံ ေျပာင္းဖို႔က သူ႔ရဲ႕ အိပ္မက္လို႔ သိထားရျပီး အမ္ဘတ္ပီကို လက္လြတ္ရမယ္ဆိုရင္ ဆာလာကို ပီအက္စ္ဂ်ီက ျပန္ေခၚယူမယ္လို႔လည္း သတင္းထြက္ထားဖူးတာ ျဖစ္ပါတယ္။

ပီအက္စ္ဂ်ီအသင္း ဥကၠဌက ” ရွင္းရွင္းပဲ ေျပာပါမယ္။ အမ္ဘတ္ပီက ပီအက္စ္ဂ်ီမွာပဲ ဆက္ေနပါလိမ့္မယ္။ က်ေန္ာတို႔ သူ႔ကို လံုးဝ ေရာင္းထုတ္သြားမွာ မဟုတ္သလို အလြတ္ေျပာင္းေရႊ႔ေၾကးျဖင့္လည္း အသင္းကေန ဘယ္ေတာ့မွ ထြက္ခြာသြားမွာ မဟုတ္ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ပီအက္စ္ဂ်ီက ေနမာတုန္းကလည္း စာခ်ဳပ္သစ္ကိစၥ ညိႏိႈင္းမႈ အခ်ိန္ၾကာခဲ့ေပမယ့္ ေအာင္ျမင္စြာ စာခ်ဳပ္ခ်ဳပ္ႏုိင္ခဲ့တယ္။ ဝိုက္နယ္ဒမ္ကို ေခၚယူႏုိင္ဖို႔ နီးစပ္ေနတဲ့ ပီအက္စ္ဂ်ီက အမ္ဘတ္ပီကိုလည္း ညိႏိႈင္းႏုိင္မယ္ ယံုၾကည္ေၾကာင္း ဥကၠဌ Nasser Al-Khelaifi က ဆိုပါတယ္။

၄င္းကပဲ ” ေနမာနဲ႔ ညိႏိႈင္းမႈေတြက သေဘာတူညီမႈရဖို႔ သိပ္ခက္ခဲခဲ့တာ မဟုတ္ပါဘူး။ က်န္းမာေရးဆိုင္ရာ ကပ္ေဘးေၾကာင့္သာ ေဆြးေႏြးမႈက ၾကာခဲ့တာပါ။ သေဘာတူမႈ ရမယ္ဆိုတာကို က်ေန္ာတို႔ လံုးဝကို သံသယမရွိခဲ့ဘူး။

အမ္ဘတ္ပီနဲ႔ ကိစၥကလည္း အားလံုး အဆင္ေျပတယ္လို႔ပဲ က်ေနာ္ ေျပာႏုိင္ပါတယ္။ စာခ်ဳပ္သစ္ သေဘာတူညီမႈရဖို႔ က်ေန္ာတို႔ ေမွ်ာ္လင့္ထားတယ္။ ဒါက ပဲရစ္ပါ၊ ဒါက သူရဲ႕ တိုင္းျပည္ပါ။ သူမွာ လုပ္ငန္းတာဝန္ တစ္ရပ္လည္း ရွိထားျပီး ေဘာလံုးကစားဖို႔တင္ မဟုတ္ဘဲ လီဂူးဝမ္း၊ သူ႔တိုင္းျပည့္နဲ႔ သူ႔ရဲ႕ ျမိဳ႕ေတာ္ကို ျမွင့္တင္ေပးဖို႔လည္း ပါဝင္ပါတယ္ ” လို႔ ထပ္ေလာင္း ေျပာဆိုသြားခဲ့ပါတယ္။