လီဗာပူးအသင်းဟာ ဒီနွေမှာ ဂျေဒန် ဆန်ချိုကို အပြိုင် ဝင်ကမ်းလှမ်းမှု လုပ်သွားမှာ မဟုတ်ဘူးလို့ အပြောင်းအရွှေ့ဆိုင်ရာ သတင်းထောက် Fabrizio Romano က ဖော်ပြပါတယ်။

မာဆေးဆိုဒ်ကလပ်ရဲ့ ဒါဘီပြိုင်ဘက် ယူနိုက်တက်ဟာ ဆန်ချိုကို ခေါ်ယူဖို့ ရေပန်းအစားဆုံး အသင်းဖြစ်ပြီး လူငယ် တိုက်စစ်သမားသစ် အားဖြည့်လိုတဲ့ လီဗာပူးကလည်း ဆန်ချိုကို စိတ်ဝင်စားမှုတွေ ရှိထားခဲ့တယ်။ ဒါပေမယ့်လို့ ဆာလာ၊ မာနေးတို့လို တိုက်စစ်သမားတွေ ပိုင်ဆိုင်ထားတဲ့ လီဗာပူးက ဆန်ချိုအတွက် ပြောင်းရွှေ့ကြေးကြီးပေးဖို့ ရည်ရွယ်ချက်မရှိတာ ဖြစ်ပါတယ်။

အင်္ဂလန်သား တိုက်စစ်သမားဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မတိုင်ခင် ဈေးကွက် အစောပိုင်းမှာပဲ ဒေါ့မွန်ကနေ ထွက်ခွာနိုင်တယ်။ သူ့အတွက် ပြောင်းရွှေ့ကြေးကို ယူရို ၉၅ သန်းလောက်ဖြင့် ဒေါ့မွန်ဘက်က လက်ခံသွားမှာ ဖြစ်ပါတယ်။

လီဗာပူးက ဆာလာ၊ မာနေးတို့ထဲက တစ်ဦးဦးကို လက်လွတ်ရရင် ပြန်လည်ခေါ်ယူမယ့် တိုက်စစ်သမားတွေထဲ ဆန်ချိုကိုလည်း လျာထားခဲ့တာပါ။ ဒါပေမယ့် နွေမှာ အဓိက တိုက်စစ်သမားတွေကို ဆက်ထိန်းဖို့ကပဲ ကလပ်ရဲ့ ဦးစားပေး ဖြစ်နေဆဲလို့ သိရတယ်။

လီဗာပူးသတင်းထောက်တွေကလည်း အသင်းဟာ တိုက်စစ်သမား ဆာလာကို လက်လွတ်ရမယ်ဆိုရင် ပြန်လည် အစားထိုးဖို့ ဒေါ့မွန်အသင်း တိုက်စစ်သမား ဆန်ချိုကို ဦးစားပေးအဖြစ် ရွေးချယ်ထားတယ်။ အင်္ဂလန်လက်ရွေးစင်ကို လက်မှတ်ထိုးဖို့အတွက် ကမ်းလှမ်းမှု လုပ်နိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းဟာ ဆာလာ ထွက်ခွာသွာမှပဲ ဖြစ်လိမ့်မယ်လို့ ဖော်ပြခဲ့ဖူးပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ေဂ်ဒန္ ဆန္ခ်ိဳကို အျပိဳင္ ဝင္ကမ္းလွမ္းမႈ လုပ္သြားမွာ မဟုတ္ဘူးလို႔ အေျပာင္းအေရႊ႔ဆိုင္ရာ သတင္းေထာက္ Fabrizio Romano က ေဖာ္ျပပါတယ္။

မာေဆးဆိုဒ္ကလပ္ရဲ႕ ဒါဘီျပိဳင္ဘက္ ယူႏုိက္တက္ဟာ ဆန္ခ်ိဳကို ေခၚယူဖို႔ ေရပန္းအစားဆံုး အသင္းျဖစ္ျပီး လူငယ္ တိုက္စစ္သမားသစ္ အားျဖည့္လိုတဲ့ လီဗာပူးကလည္း ဆန္ခ်ိဳကို စိတ္ဝင္စားမႈေတြ ရွိထားခဲ့တယ္။ ဒါေပမယ့္လို႔ ဆာလာ၊ မာေနးတို႔လို တိုက္စစ္သမားေတြ ပိုင္ဆိုင္ထားတ့ဲ လီဗာပူးက ဆန္ခ်ိဳအတြက္ ေျပာင္းေရႊ႔ေၾကးၾကီးေပးဖို႔ ရည္ရြယ္ခ်က္မရွိတာ ျဖစ္ပါတယ္။

အဂၤလန္သား တိုက္စစ္သမားဟာ ၂၀၂၁-၂၀၂၂ ေဘာလံုးရာသီ မတိုင္ခင္ ေစ်းကြက္ အေစာပိုင္းမွာပဲ ေဒါ့မြန္ကေန ထြက္ခြာႏုိင္တယ္။ သူ႔အတြက္ ေျပာင္းေရႊ႔ေၾကးကို ယူ၇ို ၉၅ သန္းေလာက္ျဖင့္ ေဒါ့မြန္ဘက္က လက္ခံသြားမွာ ျဖစ္ပါတယ္။

လီဗာပူးက ဆာလာ၊ မာေနးတို႔ထဲက တစ္ဦးဦးကို လက္လြတ္ရရင္ ျပန္လည္ေခၚယူမယ့္ တိုက္စစ္သမားေတြထဲ ဆန္ခ်ိဳကိုလည္း လ်ာထားခဲ့တာပါ။ ဒါေပမယ့္ ေႏြမွာ အဓိက တိုက္စစ္သမားေတြကို ဆက္ထိန္းဖို႔ကပဲ ကလပ္ရဲ႕ ဦးစားေပး ျဖစ္ေနဆဲလို႔ သိရတယ္။

လီဗာပူးသတင္းေထာက္ေတြကလည္း အသင္းဟာ တိုက္စစ္သမား ဆာလာကို လက္လြတ္ရမယ္ဆိုရင္ ျပန္လည္ အစားထိုးဖို႔ ေဒါ့မြန္အသင္း တိုက္စစ္သမား ဆန္ခ်ိဳကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ထားတယ္။ အဂၤလန္လက္ေရြးစင္ကို လက္မွတ္ထိုးဖို႔အတြက္ ကမ္းလွမ္းမႈ လုပ္ႏုိင္တဲ့ တစ္ခုတည္းေသာ နည္းလမ္းဟာ ဆာလာ ထြက္ခြာသြာမွပဲ ျဖစ္လိမ့္မယ္လို႔ ေဖာ္ျပခဲ့ဖူးပါတယ္။