‘ပိုက်ဆံမရှိရင် ဘဝကြီးက အလကားပါပဲကွာ’ ဆိုတဲ့ စကားကတော့ ၂၀၁၂ ခုနှစ် သြဂုတ်လ ၈ ရက်နေ့မှာ ရော်ဘတ်ဆန်ဆိုတဲ့ ဆယ်ကျော်သက်လေး တစ်ဦးက သူ့ရဲ့ တွစ်တာမှာ ရေးသားခဲ့တာပါ။

အဲ့တုန်းက သူတွဲတင်ခဲ့တဲ့ # ကတော့ အလုပ်လိုတယ်လို့ ဖြစ်ပါတယ်။ ငယ်ရွယ်တဲ့ စကော်တလန်သားလေးဟာ ထိပ်ဆုံးကို ရောက်လာဖို့ဆိုတဲ့ ကြီးမားတဲ့ အိပ်မက်တစ်ခုလည်း မက်ခဲ့ရသူဖြစ်တယ်။ Queen’s Park က စူပါမားကတ်မှာ အချိန်ပိုင်း အလုပ်လုပ်ရင်း အဆင်မပြေမှုတွေကြားက သူ့အိပ်မက်တွေကို ဆက်မက်ခဲ့ရတယ်။

စကော်တလန်က သာမာန် လူငယ်လေးဟာ လူကောင်သိပ်သေးလွန်းတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ ဆဲလ်တစ်အသင်းက ထုတ်ပယ်ခံခဲ့ရတယ်။ လူအတော်များများကတော့ ဒီသေးကွေးတဲ့ ကောင်းငယ်လေးက အနာဂတ်မှာ ထူးချွန်တဲ့ ကစားသမားကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူးလို့လည်း ယူဆခဲ့ကြတယ်။

ဘဝရဲ့ နိမ့်ပါးခြင်းတွေကြားမှာ ရုန်းထရင်း နောက်တော့ သူဟာ လီဗာပူး ဘယ်အစွန်လူဖြစ်လာခဲ့တယ်။ လီဗာပူးအသင်း မဟာဂန္တဝင်ကြီး ဆာကင်နီရဲ့ အနာဂတ်မှာ တောက်ပလာမယ့် ကစားသမားလိ့ လေးစား တန်ဖိုးဖြတ်ခြင်းခံခဲ့ရတယ်။ နောက်တော့ သူဟာ ချန်ပီယံလိဂ်ဖလားနဲ့ ပရီးမီးယားလိဂ်ဖလားတို့လည်း အောင်မြင်သူ ဖြစ်လာခဲ့တယ်။

ဒါပေမယ့်လို့ ရော်ဘတ်ဆန်အတွက် အကြီးမားဆုံး အောင်မြင်မှုက နက်ပြာရောင် စကော်တလန် အသင်းကို ယူရို ၂၀၂၀ ပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ဖို့ ဦးဆောင်သူ အသင်းခေါင်းဆောင်အဖြစ် စွမ်းဆောင်ပြခဲ့ခြင်းပဲ ဖြစ်ပါတယ်။

စကော်တလန်သမိုင်းမှာ အဆိုးရွားဆုံး အသင်းခေါင်းဆောင်ဆိုတဲ့ ဝေဖန်မှုတွေကနေပဲ ဆယ်စုနှစ် ၂ ခုကြာလောက် စကော်တလန်အသင်း ဝေးကွာနေတဲ့ ဥရောပ အထင်ကရ ပြိုင်ပွဲကြီးကို သူဦးဆောင်တဲ့ လက်ရွေးစင်အသင်းက ရောက်လာခဲ့ပါပြီ။

အချိန်ပိုင်း အလုပ်သမားအဖြစ်ကနေ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ် အနိုင်ရသူအဖြစ် ယူရိုပြိုင်ပွဲထံ စကော်တလန်ကို ဦးဆောင်လာတဲ့ ရော်ဘတ်ဆန်ရဲ့ ခရီးလမ်းဟာ ကျေနပ် ဂုဏ်ယူစရာဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

ZAWGYI

‘ပိုက္ဆံမရွိရင္ ဘဝၾကီးက အလကားပါပဲကြာ’ ဆိုတဲ့ စကားကေတာ့ ၂၀၁၂ ခုႏွစ္ ၾသဂုတ္လ ၈ ရက္ေန႔မွာ ေရာ္ဘတ္ဆန္ဆိုတဲ့ ဆယ္ေက်ာ္သက္ေလး တစ္ဦးက သူ႔ရဲ႕ တြစ္တာမွာ ေရးသားခဲ့တာပါ။

အဲ့တုန္းက သူတြဲတင္ခဲ့တဲ့ # ကေတာ့ အလုပ္လိုတယ္လို႔ ျဖစ္ပါတယ္။ ငယ္ရြယ္တဲ့ စေကာ္တလန္သားေလးဟာ ထိပ္ဆံုးကို ေရာက္လာဖို႔ဆိုတဲ့ ၾကီးမားတ့ဲ အိပ္မက္တစ္ခုလည္း မက္ခဲ့ရသူျဖစ္တယ္။ Queen’s Park က စူပါမားကတ္မွာ အခ်ိန္ပိုင္း အလုပ္လုပ္ရင္း အဆင္မေျပမႈေတြၾကားက သူ႔အိပ္မက္ေတြကို ဆက္မက္ခဲ့ရတယ္။

စေကာ္တလန္က သာမာန္ လူငယ္ေလးဟာ လူေကာင္သိပ္ေသးလြန္းတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ပဲ ဆဲလ္တစ္အသင္းက ထုတ္ပယ္ခံခဲ့ရတယ္။ လူအေတာ္မ်ားမ်ားကေတာ့ ဒီေသးေကြးတဲ့ ေကာင္းငယ္ေလးက အနာဂတ္မွာ ထူးခၽြန္တဲ့ ကစားသမားေကာင္းတစ္ေယာက္ ျဖစ္လာမွာ မဟုတ္ဘူးလို႔လည္း ယူဆခဲ့ၾကတယ္။

ဘဝရဲ႕ နိမ့္ပါးျခင္းေတြၾကားမွာ ရုန္းထရင္း ေနာက္ေတာ့ သူဟာ လီဗာပူး ဘယ္အစြန္လူျဖစ္လာခဲ့တယ္။ လီဗာပူးအသင္း မဟာဂႏၱဝင္ၾကီး ဆာကင္နီရဲ႕ အနာဂတ္မွာ ေတာက္ပလာမယ့္ ကစားသမားလိ႔ ေလးစား တန္ဖိုးျဖတ္ျခင္းခံခဲ့ရတယ္။ ေနာက္ေတာ့ သူဟာ ခ်န္ပီယံလိဂ္ဖလားနဲ႔ ပရီးမီးယားလိဂ္ဖလားတို႔လည္း ေအာင္ျမင္သူ ျဖစ္လာခဲ့တယ္။

ဒါေပမယ့္လို႔ ေရာ္ဘတ္ဆန္အတြက္ အၾကီးမားဆံုး ေအာင္ျမင္မႈက နက္ျပာေရာင္ စေကာ္တလန္ အသင္းကို ယူရို ၂၀၂၀ ျပိဳင္ပြဲကို ပါဝင္ယွဥ္ျပိဳင္ဖို႔ ဦးေဆာင္သူ အသင္းေခါင္းေဆာင္အျဖစ္ စြမ္းေဆာင္ျပခဲ့ျခင္းပဲ ျဖစ္ပါတယ္။

စေကာ္တလန္သမိုင္းမွာ အဆိုးရြားဆံုး အသင္းေခါင္းေဆာင္ဆိုတဲ့ ေဝဖန္မႈေတြကေနပဲ ဆယ္စုႏွစ္ ၂ ခုၾကာေလာက္ စေကာ္တလန္အသင္း ေဝးကြာေနတဲ့ ဥေရာပ အထင္ကရ ျပိဳင္ပြဲၾကီးကို သူဦးေဆာင္တဲ့ လက္ေရြးစင္အသင္းက ေရာက္လာခဲ့ပါျပီ။

အခ်ိန္ပိုင္း အလုပ္သမားအျဖစ္ကေန ခ်န္ပီယံလိဂ္၊ ပရီးမီးယားလိဂ္ အႏုိင္ရသူအျဖစ္ ယူရိုျပိဳင္ပြဲထံ စေကာ္တလန္ကို ဦးေဆာင္လာတဲ့ ေရာ္ဘတ္ဆန္ရဲ႕ ခရီးလမ္းဟာ ေက်နပ္ ဂုဏ္ယူစရာျဖစ္လာခဲ့ျပီ ျဖစ္ပါတယ္။