လီဗာပူးသတင်းထောက် ဂျိမ်းပီယော့ဇ်က အသင်းဟာ ကစားသမားသစ်တွေရဖို့ အရင်ဆုံး ကစားသမားဟောင်းတွေ ရောင်းထုတ်ရမယ်ဆိုတဲ့ သတင်းစကားတွေကို ငြင်းဆန်လိုက်ပါတယ်။

The Athletic သတင်းထောက် ဂျိမ်းပီယော့ဇ်ဟာ လီဗာပူးသတင်းတွေအတွက် ပရိသတ်တွေ အယုံကြည်ဆုံး သတင်းထောက် ၂ ဦးထဲက တစ်ဦးဖြစ်ပါတယ်။ သူကပဲ ‘ ကိုနာတေးကို လက်မှတ်ထိုးပြီးတဲ့နောက်မှာ လီဗာပူးရဲ့ နောက်ထပ်သော လက်မှတ်ထိုး ခေါ်ယူမှုတွေအတွက် ကစားသမားရောင်းချမှုကနေ ဘယ်လောက်ရသလဲဆိုတဲ့ အချက်က လွှမ်းမိုးမှု ကြီးလိမ့်မယ် ‘ လို့ ဖော်ပြခဲ့တယ်။

ပီယော့ဇ်ရဲ့ သတင်းတွေကို ကိုးကားဖော်ပြနေတဲ့ သတင်းဌာနတွေ အပါအဝင် လီဗာပူးဖန်းဆိုဒ် အချို့က အဆိုပါ ဖော်ပြမှုကို လီဗာပူးက ကစားသမား ခေါ်ယူမှုမတိုင်ခင်မှာ ကစားသမား ရောင်းထုတ်မှုတွေကို ပြုလုပ်သွားဖို့ လိုအပ်နေတယ်လို့ ပြန်ပြောင်းဖော်ပြနေကြခြင်း ဖြစ်ပါတယ်။

လီဗာပူးအသင်းဟာ အငှားချထားတဲ့ ကစားသမားတွေကို ပြန်ရောက်လာခဲ့မယ်ဆိုရင် စီနီယာအသင်းသား ၂၅ ဦးကျော်လွန်မှုကော Non Homegrown ကစားသမား ၁၇ ဦးထက် ကျော်လွန်နေမှု ပြဿနာတွေပါ ရှိထားတာပါ။ ဒါကြောင့် ကစားသမားသစ် ခေါ်ယူမှု မလုပ်ရင်တောင် လူစာရင်း ရှင်းထုတ်မှုက ကျိန်းသေပေါက် လုပ်သွားရမယ့် ကိစ္စဖြစ်တယ်။

လက်ရှိ အချိန်ထိတော့ အိုရီဂီ၊ ရှာကွီရီ၊ မီနာမီနို၊ ဂရုဂျစ်၊ ဝဲလ်ဆန်၊ ရိုဂျို၊ အဝန်နီယီ၊ ကားရီးယက်စ်တို့ကို အရောင်းစာရင်း တင်ထားတယ်လို့ နားလည်ရပြီး သူတို့အားလုံးကို ရောင်းထုတ်နိုင်မှာပဲ လီဗာပူးလူစာရင်း ဟန်ချက်ညီမှုကို ထိန်းသိမ်းနိုင်မယ့် အနေအထားဖြစ်ပါတယ်။

ZAWGYI

လီဗာပူးသတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္က အသင္းဟာ ကစားသမားသစ္ေတြရဖို႔ အရင္ဆံုး ကစားသမားေဟာင္းေတြ ေရာင္းထုတ္ရမယ္ဆိုတဲ့ သတင္းစကားေတြကို ျငင္းဆန္လိုက္ပါတယ္။

The Athletic သတင္းေထာက္ ဂ်ိမ္းပီေယာ့ဇ္ဟာ လီဗာပူးသတင္းေတြအတြက္ ပရိသတ္ေတြ အယံုၾကည္ဆံုး သတင္းေထာက္ ၂ ဦးထဲက တစ္ဦးျဖစ္ပါတယ္။ သူကပဲ ‘ ကုိနာေတးကို လက္မွတ္ထိုးျပီးတဲ့ေနာက္မွာ လီဗာပူးရဲ႕ ေနာက္ထပ္ေသာ လက္မွတ္ထိုး ေခၚယူမႈေတြအတြက္ ကစားသမားေရာင္းခ်မႈကေန ဘယ္ေလာက္ရသလဲဆိုတဲ့ အခ်က္က လႊမ္းမိုးမႈ ၾကီးလိမ့္မယ္ ‘ လို႔ ေဖာ္ျပခဲ့တယ္။

ပီေယာ့ဇ္ရဲ႕ သတင္းေတြကို ကိုးကားေဖာ္ျပေနတဲ့ သတင္းဌာနေတြ အပါအဝင္ လီဗာပူးဖန္းဆိုဒ္ အခ်ိဳ႔က အဆိုပါ ေဖာ္ျပမႈကို လီဗာပူးက ကစားသမား ေခၚယူမႈမတိုင္ခင္မွာ ကစားသမား ေရာင္းထုတ္မႈေတြကို ျပဳလုပ္သြားဖို႔ လိုအပ္ေနတယ္လို႔ ျပန္ေျပာင္းေဖာ္ျပေနၾကျခင္း ျဖစ္ပါတယ္။

လီဗာပူးအသင္းဟာ အငွားခ်ထားတဲ့ ကစားသမားေတြကို ျပန္ေရာက္လာခဲ့မယ္ဆိုရင္ စီနီယာအသင္းသား ၂၅ ဦးေက်ာ္လြန္မႈေကာ Non Homegrown ကစားသမား ၁၇ ဦးထက္ ေက်ာ္လြန္ေနမႈ ျပႆနာေတြပါ ရွိထားတာပါ။ ဒါေၾကာင့္ ကစားသမားသစ္ ေခၚယူမႈ မလုပ္ရင္ေတာင္ လူစာရင္း ရွင္းထုတ္မႈက က်ိန္းေသေပါက္ လုပ္သြားရမယ့္ ကိစၥျဖစ္တယ္။

လက္ရွိ အခ်ိန္ထိေတာ့ အိုရီဂီ၊ ရွာကီြရီ၊ မီနာမီႏို၊ ဂရုဂ်စ္၊ ဝဲလ္ဆန္၊ ရိုဂ်ိဳ၊ အဝန္နီယီ၊ ကားရီးယက္စ္တို႔ကို အေရာင္းစာရင္း တင္ထားတယ္လို႔ နားလည္ရျပီး သူတို႔အားလံုးကို ေရာင္းထုတ္ႏုိင္မွာပဲ လီဗာပူးလူစာရင္း ဟန္ခ်က္ညီမႈကို ထိန္းသိမ္းႏုိင္မယ့္ အေနအထားျဖစ္ပါတယ္။