လီဗာပူးအသင်းဟာ ဒီနွေမှာ ကွင်းလယ်လူ ဂရုဂျစ်ကို ရောင်းထုတ်နိုင်ဖို့ ကြိုးစားမှာဖြစ်ကာ ယခင် အငှားချဖူးတဲ့ ကလပ် ၂ သင်းထံကနေ စိတ်ဝင်စားမှုတွေ ရရှိထားတယ်လို့ သိရပါတယ်။

၂၀၁၆ ခုနှစ်မှာ ယာဂင်ကလော့ပ်ရဲ့ ပထမဆုံး လက်မှတ်ထိုးမှုအဖြစ် ဆားဘီးယားကလပ် ရတ်စတားအသင်းကနေ ပေါင် ၅.၁ သန်းဖြင့် ရောက်ရှိလာတဲ့ ဂရုဂျစ်ဟာ လီဗာပူးအတွက် ၁၆ ပွဲပဲ ကစားဖူးထားသူပါ။ သူဟာ ရတ်စတား၊ ကာဒစ်၊ ဟာသာဘာလင်နဲ့ ပေါ်တိုအသင်းတွေထံ အငှားထွက်ကစားခဲ့ကာ အခုချိန်မှာ အသက် ၂၅ နှစ်အရွယ်ကို ရောက်လာခဲ့ပါပြီ။

လီဗာပူးဘက်က ဂရုဂျစ်အတွက် စိတ်ဝင်စားမှုတွေ ရလာခြင်းကြောင့် အပြောင်းအရွှေ့ အပြိုင်ကမ်းလှမ်းမှုတွေ ဖြစ်လာဖို့ မျှော်လင့်ထားတယ်။ ဂရုဂျစ်အတွက် သတ်မှတ်ထားတဲ့ ပြောင်းရွှေ့ကြေးက ပေါင် သန်း ၂၀ ဖြစ်ပြီး ပေါ်တိုနဲ့ ဟာသာဘာလင်တို့က အပြီးသတ် ခေါ်ယူနိုင်ရေး ဆွေးနွေးလိုနေတယ်လို့ သိရပါတယ်။

ပေါ်တိုဟာ ၎င်းတို့အသင်းသား အိုလီဗီယာကို ရောင်းထုတ်ပြီးခဲ့ရင် ဂရုဂျစ်ကို ခေါ်ယူဖို့ ကြိုးစားမှာဖြစ်တယ်။ ဂျာမာန်ဘက်ကလည်း ဟာသာဘာလင်က ကလပ်ကို အငှားလာကစားစဉ် ကာလရှည် ခြေစွမ်းပြဖူးတဲ့ ဂရုဂျစ်ကို ခေါ်ယူလိုနေပြီး အားကစားဒါရိုက်တာ Dirk Dufner က ဒီခေါ်ယူမှုဖြင့် လက်စွမ်းပြလိုနေတယ်လို့ အသံထွက်ထားတယ်။

အောက်တိုဘာတုန်းက The Athletic သတင်းထောက် James Pearce က ဂရုဂျစ်ဟာ လီဗာပူးအသင်းအတွက် ကစားပေးရဖို့ကိုလည်း စိတ်ကုန်ခြင်း မရှိသေးဘူး ဖော်ပြထားတယ်။ ဒါပေမယ့်လို့ လက်တလော ထွက်ပေါ်နေတဲ့ သတင်းတွေအရ ကလပ်ဟာ နွေအသုံးစရိတ် ပိုရဖို့အတွက် ဆားဘီးယား ကွင်းလယ်လူကို ရောင်းထုတ်ဖို့ကိုပဲ ပိုအားသန်နေတဲ့ သဘော ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးအသင္းဟာ ဒီေႏြမွာ ကြင္းလယ္လူ ဂရုဂ်စ္ကို ေရာင္းထုတ္ႏုိင္ဖို႔ ၾကိဳးစားမွာျဖစ္ကာ ယခင္ အငွားခ်ဖူးတဲ့ ကလပ္ ၂ သင္းထံကေန စိတ္ဝင္စားမႈေတြ ရရွိထားတယ္လို႔ သိရပါတယ္။

၂၀၁၆ ခုႏွစ္မွာ ယာဂင္ကေလာ့ပ္ရဲ႕ ပထမဆံုး လက္မွတ္ထိုးမႈအျဖစ္ ဆားဘီးယားကလပ္ ရတ္စတားအသင္းကေန ေပါင္ ၅.၁ သန္းျဖင့္ ေရာက္ရွိလာတဲ့ ဂရုဂ်စ္ဟာ လီဗာပူးအတြက္ ၁၆ ပြဲပဲ ကစားဖူးထားသူပါ။ သူဟာ ရတ္စတား၊ ကာဒစ္၊ ဟာသာဘာလင္နဲ႔ ေပၚတိုအသင္းေတြထံ အငွားထြက္ကစားခဲ့ကာ အခုခ်ိန္မွာ အသက္ ၂၅ ႏွစ္အရြယ္ကို ေရာက္လာခဲ့ပါျပီ။

လီဗာပူးဘက္က ဂရုဂ်စ္အတြက္ စိတ္ဝင္စားမႈေတြ ရလာျခင္းေၾကာင့္ အေျပာင္းအေရႊ႔ အျပိဳင္ကမ္းလွမ္းမႈေတြ ျဖစ္လာဖို႔ ေမွ်ာ္လင့္ထားတယ္။ ဂရုဂ်စ္အတြက္ သတ္မွတ္ထားတဲ့ ေျပာင္းေရႊ႔ေၾကးက ေပါင္ သန္း ၂၀ ျဖစ္ျပီး ေပၚတိုနဲ႔ ဟာသာဘာလင္တို႔က အျပီးသတ္ ေခၚယူႏုိင္ေရး ေဆြးေႏြးလိုေနတယ္လို႔ သိရပါတယ္။

ေပၚတိုဟာ ၄င္းတို႔အသင္းသား အိုလီဗီယာကို ေရာင္းထုတ္ျပီးခဲ့ရင္ ဂရုဂ်စ္ကို ေခၚယူဖို႔ ၾကိဳးစားမွာျဖစ္တယ္။ ဂ်ာမာန္ဘက္ကလည္း ဟာသာဘာလင္က ကလပ္ကို အငွားလာကစားစဥ္ ကာလရွည္ ေျခစြမ္းျပဖူးတဲ့ ဂရုဂ်စ္ကို ေခၚယူလိုေနျပီး အားကစားဒါရိုက္တာ Dirk Dufner က ဒီေခၚယူမႈျဖင့္ လက္စြမ္းျပလိုေနတယ္လို႔ အသံထြက္ထားတယ္။

ေအာက္တိုဘာတုန္းက The Athletic သတင္းေထာက္ James Pearce က ဂရုဂ်စ္ဟာ လီဗာပူးအသင္းအတြက္ ကစားေပးရဖို႔ကိုလည္း စိတ္ကုန္ျခင္း မရွိေသးဘူး ေဖာ္ျပထားတယ္။ ဒါေပမယ့္လို႔ လက္တေလာ ထြက္ေပၚေနတဲ့ သတင္းေတြအရ ကလပ္ဟာ ေႏြအသံုးစရိတ္ ပိုရဖို႔အတြက္ ဆားဘီးယား ကြင္းလယ္လူကို ေရာင္းထုတ္ဖို႔ကိုပဲ ပိုအားသန္ေနတဲ့ သေဘာ ျဖစ္ပါတယ္။