လီဗာပူးဂန္တဝင် တိုက်စစ်သမား ဂျွန်ဘမ်းက အသင်းဟောင်းကို ဒီနွေမှာ ဆန်ချိုကိုထက် ဘာစီလိုနာမှ ဒမ်ဘီလီကို ကြိုးစားသင့်ပါကြောင်း တိုက်တွန်းစကား ပြောဆိုပါတယ်။

ယာဂင်ကလော့ပ်ရဲ့ အသင်းဟာ လာမယ့်ရာသီတွေအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် ဒီနွေမှာ တင် တိုက်စစ်သမားသစ် ခေါ်ယူဖို့ လိုအပ်နေတာပါ။ ကလပ်ဟာ အိုရီဂီ၊ ရှာကွီရီ၊ မီနာမီနိုတို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေကာ သူတို့ကို ရှင်းထုတ်ပြီးရင်တော့ တိုက်စစ်ပိုင်းအတွက် အားဖြည့်ဖို့က သေချာပေါက် လိုအပ်လာပါမယ်။

အာဖရိကပြိုင်ပွဲ မသေချာမှုတွေရှိပေမယ့် အနာဂတ်မှာ လီဗာပူးက ဆာလာနဲ့ မာနေးတို့ကို လက်ရွေးစင်အဆင့် ပြိုင်ပွဲတွေထံ စေလွှတ်ရမယ်ဆိုရင် တိုက်စစ်သမား နည်းပါးခြင်း ဒုက္ခကို ရင်ဆိုင်ရဦးမှာဖြစ်တယ်။ ဒါကြောင့်ပဲ ဒမ်ဘီလီကို ခေါ်ယူသင့်ကြောင်း ဂျွန်ဘမ်းက ထောက်ပြပါတယ်။

ဆက်လက်ပြီး သူက “ လီဗာပူးမှာဆိုရင် တိုက်ရိုက် ကစားနိုင်တဲ့ ကစားသမားမျိုးကို ကျနော် ပိုသဘောတွေ့ပါတယ်။ ဆန်ချိုက စကေးကစားသမားဖြစ်ပြီး အရမ်း လှည့်ဖျားတတ်သူပါ။ ဒါပေမယ့် ခေါ်ယူလို့ရနိုင်တဲ့ ကစားသမားတွေထဲမှာ ဒမ်ဘီလီကတော့ လီဗာပူးနဲ့ ကိုက်ညီတယ်လို့ ကျနော် ထင်ပါတယ်။

ဆန်ချိုက ကလပ်ရဲ့ အနေအထားထက် သူ့ဘောလုံးကစားဟန်နဲ့ အံဝင်တဲ့ အသင်းကိုပဲ ရွေးရမယ်။ ဟာလန်းကလည်း တူညီတဲ့ ပြဿနာမျိုး ရှိတာပါပဲ။ ဆန်ချိုအတွက်တော့ ယူနိုက်တက်က ပိုအံဝင်တဲ့ အသင်းဖြစ်ရင်ဖြစ်ပါမယ်။ ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ဆန်ချိုကော ဒမ်ဘီလီပါ လျှင်မြန်တဲ့ ကစားသမားတွေဖြစ်ပေမယ့် တိုက်စစ်ကို တိုက်ရိုက် ကစားဟန်မှာတော့ ဒမ်ဘီလီက လီဗာပူးကစားဟန်နဲ့ ပိုကိုက်ညီမှုရှိတယ်။ ဒါပေမယ့်လို့ မကြာခဏ ဒဏ်ရာပြဿနာရတတ်တဲ့ ဒမ်ဘီလီကို လီဗာပူးဘက်က ကမ်းလှမ်းလိုပါ့မလားကတော့ လာမယ့် လပိုင်းတွေမှာ တွေ့မြင်သွားရမှာပဲ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ တိုက္စစ္သမား ဂၽြန္ဘမ္းက အသင္းေဟာင္းကို ဒီေႏြမွာ ဆန္ခ်ိဳကိုထက္ ဘာစီလိုနာမွ ဒမ္ဘီလီကို ၾကိဳးစားသင့္ပါေၾကာင္း တိုက္တြန္းစကား ေျပာဆိုပါတယ္။

ယာဂင္ကေလာ့ပ္ရဲ႕ အသင္းဟာ လာမယ့္ရာသီေတြအတြက္ ၾကိဳတင္ျပင္ဆင္မႈအျဖစ္ ဒီေႏြမွာ တင္ တိုက္စစ္သမားသစ္ ေခၚယူဖို႔ လိုအပ္ေနတာပါ။ ကလပ္ဟာ အိုရီဂီ၊ ရွာကီြရီ၊ မီနာမီႏိုတို႔ကို ေရာင္းထုတ္ဖို႔ ျပင္ဆင္ေနကာ သူတို႔ကို ရွင္းထုတ္ျပီးရင္ေတာ့ တိုက္စစ္ပိုင္းအတြက္ အားျဖည့္ဖို႔က ေသခ်ာေပါက္ လိုအပ္လာပါမယ္။

အာဖရိကျပိဳင္ပြဲ မေသခ်ာမႈေတြရွိေပမယ့္ အနာဂတ္မွာ လီဗာပူးက ဆာလာနဲ႔ မာေနးတို႔ကို လက္ေရြးစင္အဆင့္ ျပိဳင္ပြဲေတြထံ ေစလႊတ္ရမယ္ဆိုရင္ တိုက္စစ္သမား နည္းပါးျခင္း ဒုကၡကို ရင္ဆိုင္ရဦးမွာျဖစ္တယ္။ ဒါေၾကာင့္ပဲ ဒမ္ဘီလီကို ေခၚယူသင့္ေၾကာင္း ဂၽြန္ဘမ္းက ေထာက္ျပပါတယ္။

ဆက္လက္ျပီး သူက “ လီဗာပူးမွာဆိုရင္ တိုက္ရိုက္ ကစားႏုိင္တဲ့ ကစားသမားမ်ိဳးကို က်ေနာ္ ပိုသေဘာေတြ႔ပါတယ္။ ဆန္ခ်ိဳက စေကးကစားသမားျဖစ္ျပီး အရမ္း လွည့္ဖ်ားတတ္သူပါ။ ဒါေပမယ့္ ေခၚယူလို႔ရႏုိင္တဲ့ ကစားသမားေတြထဲမွာ ဒမ္ဘီလီကေတာ့ လီဗာပူးနဲ႔ ကိုက္ညီတယ္လို႔ က်ေနာ္ ထင္ပါတယ္။

ဆန္ခ်ိဳက ကလပ္ရဲ႕ အေနအထားထက္ သူ႔ေဘာလံုးကစားဟန္နဲ႔ အံဝင္တဲ့ အသင္းကိုပဲ ေရြးရမယ္။ ဟာလန္းကလည္း တူညီတဲ့ ျပႆနာမ်ိဳး ရွိတာပါပဲ။ ဆန္ခ်ိဳအတြက္ေတာ့ ယူႏုိက္တက္က ပိုအံဝင္တဲ့ အသင္းျဖစ္ရင္ျဖစ္ပါမယ္။ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

ဆန္ခ်ိဳေကာ ဒမ္ဘီလီပါ လွ်င္ျမန္တဲ့ ကစားသမားေတြျဖစ္ေပမယ့္ တိုက္စစ္ကို တိုက္ရိုက္ ကစားဟန္မွာေတာ့ ဒမ္ဘီလီက လီဗာပူးကစားဟန္နဲ႔ ပိုကိုက္ညီမႈရွိတယ္။ ဒါေပမယ့္လို႔ မၾကာခဏ ဒဏ္ရာျပႆနာရတတ္တဲ့ ဒမ္ဘီလီကို လီဗာပူးဘက္က ကမ္းလွမ္းလိုပါ့မလားကေတာ့ လာမယ့္ လပိုင္းေတြမွာ ေတြ႔ျမင္သြားရမွာပဲ ျဖစ္ပါတယ္။