ဝိုက်နယ်ဒမ်ဟာ လီဗာပူးနဲ့ စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်လို့ အသင်းသစ် ရှာဖွေနေခဲ့ရာမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီထံ ပြောင်းနိုင်ဖို့ ညိနှိုင်းမှုတွေအားလုံး အောင်မြင်ခဲ့ပြီဖြစ်ပါတယ်။
ဝိုက်နယ်ဒမ်က သူ လီဗာပူးမှာ ဆက်နေဖို့ ဦးစားပေး ရွေးချယ်ခဲ့သေးကြောင်း မီဒီယာတွေမှာ ထုတ်ပြောခဲ့ပေမယ့် စားပွဲပေါ်က ညိနှိုင်းမှုတွေမှာတော့ အောင်မြင်မှု မရခဲ့ဘူး။ ဒါကလည်း ကစားသမားဘက်က တောင်းဆိုတဲ့ များပြားတဲ့ လုပ်ခလစာ တိုးမြင့်တောင်းဆိုမှုတွေကို ကလပ်ဘက်က လက်မခံနိုင်ခြင်းကြောင့်ဆိုတာ အသင်းပရိသတ်တွေ သိထားခဲ့ပြီဖြစ်တယ်။
ဒီအပတ်ထဲမှာပဲ ပီအက်စ်ဂျီကို ၃ နှစ် စာချုပ်ဖြင့် ပြောင်းရွှေ့ကြောင်း အတည်ပြု ကြေညာသွားဖို့ ရှိနေတဲ့ ဝိုက်နယ်ဒမ်ဟာ နွေဈေးကွက်ရဲ့ တန်ကြေးအကြီးဆုံး အလွတ်ပြောင်းရွှေ့ကြေးရှင်လည်း ဖြစ်လာခဲ့တယ်။ သူ့လို ကစားသမားကို ပြောင်းရွှေ့ကြေးအလွှတ်၊ အေးဂျင့်ခ အလွှတ်တွေဖြင့် လက်လွတ်ရချိန်မှာ လုပ်ခလစာ မြင့်မြင့်မားမားပေးဖို့ လိုအပ်လာခဲ့တယ်။
နယ်သာလန်သတင်းဌာနတွေရဲ့ အဆိုအရ ဝိုက်နယ်ဒမ်ဟာ ပီအက်စ်ဂျီမှာ အခွန်ဆောင်အပြီး တစ်နှစ်ကို လုပ်ခ ယူရို ၁၀ သန်း ရမှာဖြစ်တယ်။ ဒါဟာ တစ်ပတ်ကို ပေါင် ၁၆၅၀၀၀ နှင့် ညီမျှတဲ့ လုပ်ခလည်းဖြစ်တယ်။
အင်္ဂလန်မှာဆိုရင်တော့ အဆိုပါ လုပ်ခမျိုးဟာ အခွန်မဆောင်ရသေးခင် တစ်ပတ်ကို ပေါင် ၃၁၁၀၀၀ နဲ့ ညီမျှတဲ့ တန်ကြေးရှိပါတယ်။ ဒါက ၂၀၁၆ ခုနှစ်တုန်းက နယူးကာဆယ်ကနေ ခေါ်ယူခဲ့စဉ် ဝိုက်နယ်ဒမ်အတွက် လီဗာပူးပေးခဲ့ရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၇၅၀၀၀ ထက် အဆမတန် များပြားနေမှာဖြစ်တယ်။
လီဗာပူးရဲ့ လုပ်ခအမြင့်ဆုံး ကစားသမားဖြစ်တဲ့ ဆာလာတောင်မှ တစ်ပတ်ကို ပေါင် ၂ သိန်း ဝန်းကျင်ပဲ ရရှိချိန်မှာ အသက် ၃၀ အရွယ် ဝိုက်နယ်ဒမ်အတွက် လီဗာပူးဘက်က လုပ်ခ အများကြီး မတိုးပေးနိုင်ခြင်းက နှစ်ဘက်ကြား ညိနှိုင်းမရခဲ့တဲ့ ကိစ္စဖြစ်ခဲ့မှာ သေချာပါတယ်။
ဝိုက်နယ်ဒမ်ကို ခေါ်ယူဖို့ ဘာစီလိုနာကလည်း ကြိုးစားခဲ့သေးပေမယ့် ပီအက်စ်ဂျီဘက်က ပေးတဲ့ လုပ်ခဟာ စပိန်ကလပ်ထက်ကို ၂ ဆ လောက် များခဲ့တယ်လို့ သိရတယ်။ ဒါကြောင့် လီဗာပူးဘက်က ဝိုက်နယ်ဒမ်ကို ဆက်မထိန်းခဲ့ခြင်းဟာ ကစားသမားကို အလိုမရှိခြင်းထက် ကစားသမားဘက်က တောင်းဆိုတဲ့ လုပ်ခကို မလိုက်လျောနိုင်ခြင်းကပဲ အဓိကဖြစ်တယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။
ZAWGYI
ဝိုက္နယ္ဒမ္ဟာ လီဗာပူးနဲ႔ စာခ်ဳပ္ကုန္ဆံုးခဲ့ျပီျဖစ္လို႔ အသင္းသစ္ ရွာေဖြေနခဲ့ရာမွာ ျပင္သစ္ကလပ္ ပီအက္စ္ဂ်ီထံ ေျပာင္းႏုိင္ဖို႔ ညိႏိႈင္းမႈေတြအားလံုး ေအာင္ျမင္ခဲ့ျပီျဖစ္ပါတယ္။
ဝိုက္နယ္ဒမ္က သူ လီဗာပူးမွာ ဆက္ေနဖို႔ ဦးစားေပး ေရြးခ်ယ္ခဲ့ေသးေၾကာင္း မီဒီယာေတြမွာ ထုတ္ေျပာခဲ့ေပမယ့္ စားပြဲေပၚက ညိႏိႈင္းမႈေတြမွာေတာ့ ေအာင္ျမင္မႈ မရခဲ့ဘူး။ ဒါကလည္း ကစားသမားဘက္က ေတာင္းဆိုတဲ့ မ်ားျပားတဲ့ လုပ္ခလစာ တိုးျမင့္ေတာင္းဆိုမႈေတြကို ကလပ္ဘက္က လက္မခံႏုိင္ျခင္းေၾကာင့္ဆိုတာ အသင္းပရိသတ္ေတြ သိထားခဲ့ျပီျဖစ္တယ္။
ဒီအပတ္ထဲမွာပဲ ပီအက္စ္ဂ်ီကို ၃ ႏွစ္ စာခ်ဳပ္ျဖင့္ ေျပာင္းေရႊ႔ေၾကာင္း အတည္ျပဳ ေၾကညာသြားဖို႔ ရွိေနတဲ့ ဝိုက္နယ္ဒမ္ဟာ ေႏြေစ်းကြက္ရဲ႕ တန္ေၾကးအၾကီးဆံုး အလြတ္ေျပာင္းေရႊ႔ေၾကးရွင္လည္း ျဖစ္လာခဲ့တယ္။ သူ႔လို ကစားသမားကို ေျပာင္းေရႊ႔ေၾကးအလႊတ္၊ ေအးဂ်င့္ခ အလႊတ္ေတြျဖင့္ လက္လြတ္ရခ်ိန္မွာ လုပ္ခလစာ ျမင့္ျမင့္မားမားေပးဖို႔ လိုအပ္လာခဲ့တယ္။
နယ္သာလန္သတင္းဌာနေတြရဲ႕ အဆိုအရ ဝိုက္နယ္ဒမ္ဟာ ပီအက္စ္ဂ်ီမွာ အခြန္ေဆာင္အျပီး တစ္ႏွစ္ကို လုပ္ခ ယူရို ၁၀ သန္း ရမွာျဖစ္တယ္။ ဒါဟာ တစ္ပတ္ကို ေပါင္ ၁၆၅၀၀၀ ႏွင့္ ညီမွ်တဲ့ လုပ္ခလည္းျဖစ္တယ္။
အဂၤလန္မွာဆိုရင္ေတာ့ အဆိုပါ လုပ္ခမ်ိဳးဟာ အခြန္မေဆာင္ရေသးခင္ တစ္ပတ္ကို ေပါင္ ၃၁၁၀၀၀ နဲ႔ ညီမွ်တဲ့ တန္ေၾကးရွိပါတယ္။ ဒါက ၂၀၁၆ ခုႏွစ္တုန္းက နယူးကာဆယ္ကေန ေခၚယူခဲ့စဥ္ ဝိုက္နယ္ဒမ္အတြက္ လီဗာပူးေပးခဲ့ရတဲ့ တစ္ပတ္လုပ္ခ ေပါင္ ၇၅၀၀၀ ထက္ အဆမတန္ မ်ားျပားေနမွာျဖစ္တယ္။
လီဗာပူးရဲ႕ လုပ္ခအျမင့္ဆံုး ကစားသမားျဖစ္တဲ့ ဆာလာေတာင္မွ တစ္ပတ္ကို ေပါင္ ၂ သိန္း ဝန္းက်င္ပဲ ရရွိခ်ိန္မွာ အသက္ ၃၀ အရြယ္ ဝိုက္နယ္ဒမ္အတြက္ လီဗာပူးဘက္က လုပ္ခ အမ်ားၾကီး မတိုးေပးႏုိင္ျခင္းက ႏွစ္ဘက္ၾကား ညိႏိႈင္းမရခဲ့တဲ့ ကိစၥျဖစ္ခဲ့မွာ ေသခ်ာပါတယ္။
ဝိုက္နယ္ဒမ္ကို ေခၚယူဖို႔ ဘာစီလိုနာကလည္း ၾကိဳးစားခဲ့ေသးေပမယ့္ ပီအက္စ္ဂ်ီဘက္က ေပးတဲ့ လုပ္ခဟာ စပိန္ကလပ္ထက္ကို ၂ ဆ ေလာက္ မ်ားခဲ့တယ္လို႔ သိရတယ္။ ဒါေၾကာင့္ လီဗာပူးဘက္က ဝိုက္နယ္ဒမ္ကို ဆက္မထိန္းခဲ့ျခင္းဟာ ကစားသမားကို အလိုမရွိျခင္းထက္ ကစားသမားဘက္က ေတာင္းဆိုတဲ့ လုပ္ခကို မလိုက္ေလ်ာႏုိင္ျခင္းကပဲ အဓိကျဖစ္တယ္လို႔ ေဖာ္ျပေနၾကတာျဖစ္ပါတယ္။