ဆောက်သမ်တန်မန်နေဂျာ ဟက်ဆန်ဟက်က တိုက်စစ်သမား မီနာမီနိုကို ခေါ်ယူဖို့အတွက် မာဆေးဆိုဒ်ကလပ်နဲ့ စကားပြောနေပါကြောင်း ထုတ်ပြောလာပါတယ်။
၂၀၂၀ ဇန်နဝါရီတုန်းက ဆဲလ်ဘတ်ကနေ ပေါင် ၇.၂၅ သန်းပေးပြီး လီဗာပူးခေါ်ယူထားတဲ့ ဂျပန်သား တိုက်စစ်သမားဟာ ယာဂင်ကလော့ပ်ရဲ့ အသင်းအတွက် ထင်သလောက် ပွဲကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒါကြောင့်လည်း ဆောက်သမ်တန်ထံ အငှားထွက်ကစားနေရခြင်းဖြစ်ကာ ဆောက်သမ်တန်ရဲ့ ကစားကွက်မှာ အံဝင်တဲ့ပုံစံတွေ မြင်ထားရတယ်။
လီဗာပူးနဲ့ ဆောက်သမ်တန်တို့ဟာ နှစ်သင်းကြား ဆက်ဆံရေးကောင်းတွေရှိပြီး ဒီနောက်ပိုင်းမှာ လီဗာပူးက ကစားသမား ရောင်းထုတ်မှုတွေ မကြာခဏ လုပ်ပေးနေခဲ့တာလည်းဖြစ်တယ်။ ဒီနွေမှာလည်း တာကူမီ မီနာမီနိုကို ဆောက်သမ်တန်ထံ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးဖြင့် ရောင်းထုတ်ပေးမယ်လို့ သတင်းကြီးနေပါတယ်။
ဟက်ဆန်ဟက်က ‘ ကစားသမားတစ်ယောက်က သူကစားချင်သလို ပွဲကစားချိန်တွေ မရဘူးဆိုတာက သိပ်ကောင်းတဲ့ကိစ္စ မဟုတ်ပါဘူး။ တာကူမီက လေ့ကျင့်ရုံ လေ့ကျင့်နေရပြီး ပွဲထွက် ၁၁ ယောက်ထဲ မပါရဘူး ဖြစ်နေပါတယ်။
တာကူမီအတွက် အရေးကြီးဆုံးက ပွဲကစားခွင့်တွေ ရနေဖို့ဖြစ်ပါတယ်။ ကျနေ်ာတို့ လီဗာပူးနဲ့ စကားပြောနေတယ်။ တာကူမီနဲ့ ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာကို လီဗာပူးဘက်ကလည်း မသေချာသေးပါဘူး။ ဘာလို့လည်းဆိုတော့ လီဗာပူးက အပြောင်းအရွှေ့ ဈေးကွက်ထဲမှာ လှုပ်ရှားစရာတွေ ရှိနေသေးလို့ ဖြစ်ပါတယ်။
တာကူမီအတွက်ကတော့ ဒီမှာ ကစားခွင့်ရနေတာက အရေးကြီးပါတယ်။ ကျနေ်ာတို့က သူ့ကို ပွဲကစားခွင့်တွေ ပေးနိုင်ပြီး သူ အသင်းမှာ ရှိနေတာအတွက် ကျနေ်ာတို့အားလုံး ပျော်ရွှင်နေပါတယ် ‘ လို့ ဆိုခဲ့တာဖြစ်တယ်။
ZAWGYI
ေဆာက္သမ္တန္မန္ေနဂ်ာ ဟက္ဆန္ဟက္က တိုက္စစ္သမား မီနာမီႏိုကို ေခၚယူဖို႔အတြက္ မာေဆးဆိုဒ္ကလပ္နဲ႔ စကားေျပာေနပါေၾကာင္း ထုတ္ေျပာလာပါတယ္။
၂၀၂၀ ဇန္နဝါရီတုန္းက ဆဲလ္ဘတ္ကေန ေပါင္ ၇.၂၅ သန္းေပးျပီး လီဗာပူးေခၚယူထားတဲ့ ဂ်ပန္သား တိုက္စစ္သမားဟာ ယာဂင္ကေလာ့ပ္ရဲ႕ အသင္းအတြက္ ထင္သေလာက္ ပြဲကစားေပးႏုိင္ျခင္း မရွိပါဘူး။ ဒါေၾကာင့္လည္း ေဆာက္သမ္တန္ထံ အငွားထြက္ကစားေနရျခင္းျဖစ္ကာ ေဆာက္သမ္တန္ရဲ႕ ကစားကြက္မွာ အံဝင္တဲ့ပံုစံေတြ ျမင္ထားရတယ္။
လီဗာပူးနဲ႔ ေဆာက္သမ္တန္တို႔ဟာ ႏွစ္သင္းၾကား ဆက္ဆံေရးေကာင္းေတြရွိျပီး ဒီေနာက္ပိုင္းမွာ လီဗာပူးက ကစားသမား ေရာင္းထုတ္မႈေတြ မၾကာခဏ လုပ္ေပးေနခဲ့တာလည္းျဖစ္တယ္။ ဒီေႏြမွာလည္း တာကူမီ မီနာမီႏိုကို ေဆာက္သမ္တန္ထံ သင့္ေလ်ာ္တဲ့ ေျပာင္းေရႊ႔ေၾကးျဖင့္ ေရာင္းထုတ္ေပးမယ္လို႔ သတင္းၾကီးေနပါတယ္။
ဟက္ဆန္ဟက္က ‘ ကစားသမားတစ္ေယာက္က သူကစားခ်င္သလို ပြဲကစားခ်ိန္ေတြ မရဘူးဆိုတာက သိပ္ေကာင္းတဲ့ကိစၥ မဟုတ္ပါဘူး။ တာကူမီက ေလ့က်င့္ရံု ေလ့က်င့္ေနရျပီး ပြဲထြက္ ၁၁ ေယာက္ထဲ မပါရဘူး ျဖစ္ေနပါတယ္။
တာကူမီအတြက္ အေရးၾကီးဆံုးက ပြဲကစားခြင့္ေတြ ရေနဖို႔ျဖစ္ပါတယ္။ က်ေန္ာတို႔ လီဗာပူးနဲ႔ စကားေျပာေနတယ္။ တာကူမီနဲ႔ ပတ္သက္ျပီး ဘာလုပ္ရမယ္ဆိုတာကို လီဗာပူးဘက္ကလည္း မေသခ်ာေသးပါဘူး။ ဘာလို႔လည္းဆိုေတာ့ လီဗာပူးက အေျပာင္းအေရႊ႔ ေစ်းကြက္ထဲမွာ လႈပ္ရွားစရာေတြ ရွိေနေသးလို႔ ျဖစ္ပါတယ္။
တာကူမီအတြက္ကေတာ့ ဒီမွာ ကစားခြင့္ရေနတာက အေရးၾကီးပါတယ္။ က်ေန္ာတို႔က သူ႔ကို ပြဲကစားခြင့္ေတြ ေပးႏုိင္ျပီး သူ အသင္းမွာ ရွိေနတာအတြက္ က်ေန္ာတို႔အားလံုး ေပ်ာ္ရႊင္ေနပါတယ္ ‘ လို႔ ဆိုခဲ့တာျဖစ္တယ္။