မာဆေးဆိုဒ် အခြေစိုက် Echo သတင်းဌာနက ဒေသခံ ပရိသတ်တွေနဲ့ အပတ်စဉ် အမေးအဖြေ ကဏ္ဍ ပြုလုပ်ရာမှာ လီဗာပူး ပရိသတ်တွေ စိတ်အပျက်ရဆုံး ကစားသမားအကြောင်းလည်း ပါဝင်လာခဲ့တယ်။

လီဗာပူးပရိသတ်တွေ စိတ်အပျက်ရဆုံး ကစားသမားအဖြစ် ထိပ်ဆုံး ရောက်လာသူကတော့ နာဘီ ကိတ်တာပဲဖြစ်တယ်။ ယာဂင်ကလော့ပ် လက်ထက် ထိပ်တန်း ခေါ်ယူမှုအဖြစ် အသင်းကို ရောက်လာတာ ၃ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ ကိတ်တာဟာ သိပ်ပြီး ထူးထူးခြားခြား လုပ်ပြနိုင်ခြင်း မရှိသေးသူပါ။

၂၀၁၈ မှာ လီဗာပူးက ကိတ်တာအတွက် ပေါင် ၅၂.၇၅ သန်း အကုန်အကျခံပြီး လိုက်ဇစ်ကနေ ခေါ်ယူခဲ့တယ်။ အသင်းဝဘ်ဆိုဒ်ကနေ ကိတ်တာအကြောင်း သတင်းတက်တိုင်း၊ မန်နေဂျာကလော့ပ်က ကိတ်တာ အကြောင်း စကားပြောရတိုင်းမှာ သူဘယ်လို ဒဏ်ရာရသွားပြီဆိုတာချည်း ဖြစ်နေတာကလည်း ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို အရှိန်မြင့်တက်စေတယ်။

Echo နဲ့ စကားပြောခွင့်ရချိန်မှာ လီဗာပူးပရိသတ် ဂျော်ဒန်က ” ကိတ်တာက အလားအလာရှိတဲ့ ထူးချွန်ဘောလုံးသမားတစ်ဦးပါ။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကို ပေါင် သန်း ၃၀ လောက်နဲ့ ဝယ်ယူမယ်ဆိုရင် ကျနော်ဆိုရင်တော့ ရောင်းထုတ်လိုက်မှာပဲ။

သူက အသင်းမှာ ရှိနေတာ ၃ နှစ်ရှိနေပါပြီ။ ဒါပေမယ့် ဒဏ်ရာတွေနဲ့ ပတ်တီတွေကြားမှာ ရုန်းကန်နေရပြီး ကျနေ်ာတို့အတွက် ပွဲကစားပေးနေရတာ အနည်းငယ်ပဲ ရှိပါတယ်။ ” လို့ ငြီးတွားခဲ့တယ်။

လီဗာပူးဘက်က ကိတ်တာကို ရောင်းထုတ်ဖို့ မရှိသေးပေမယ့် မရောင်းထုတ်ဘူးလို့လည်း ကျိန်းသေပေါက် မဆိုထားပါဘူး။ လက်ရှိချိန်ထိ လက်စတာ၊ ပဲလေစ့်၊ အက်သလက်တီကို တို့က စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလောက်ပဲ ကြားထားရပြီး တရားဝင် ကမ်းလှမ်းမှုကို ဘယ်အသင်းကမှ လုပ်မလာခဲ့ဘူး။

ကလပ်ဘက်ကတော့ ဒီနွေမှာ ကိတ်တာကို ကမ်းလှမ်းလာမယ့်ကလပ် မရှိနိုင်ဘူးဆိုတာ ရိပ်စားမိဟန်ရှိပြီး သန်ပေါင်းများစွာသော ငွေကြေး ဆုံးရံှူးမှုကို ကုစားနိုင်ဖို့ အက်ဆာမှာ အထူးနည်းပြတွေ ခန့်အပ်ပြီး ကိတ်တာရဲ့ ကြံ့ခိုင်မှု ပြန်ထူထောင်လာဖို့ရာ ဂရုစိုက်ပေးနေဆဲ ဖြစ်ပါတယ်။

ZAWGYI

မာေဆးဆိုဒ္ အေျခစိုက္ Echo သတင္းဌာနက ေဒသခံ ပရိသတ္ေတြနဲ႔ အပတ္စဥ္ အေမးအေျဖ က႑ ျပဳလုပ္ရာမွာ လီဗာပူး ပရိသတ္ေတြ စိတ္အပ်က္ရဆံုး ကစားသမားအေၾကာင္းလည္း ပါဝင္လာခဲ့တယ္။

လီဗာပူးပရိသတ္ေတြ စိတ္အပ်က္ရဆံုး ကစားသမားအျဖစ္ ထိပ္ဆံုး ေရာက္လာသူကေတာ့ နာဘီ ကိတ္တာပဲျဖစ္တယ္။ ယာဂင္ကေလာ့ပ္ လက္ထက္ ထိပ္တန္း ေခၚယူမႈအျဖစ္ အသင္းကို ေရာက္လာတာ ၃ ႏွစ္ျပည့္ခဲ့ျပီျဖစ္တဲ့ ကိတ္တာဟာ သိပ္ျပီး ထူးထူးျခားျခား လုပ္ျပႏုိင္ျခင္း မရွိေသးသူပါ။

၂၀၁၈ မွာ လီဗာပူးက ကိတ္တာအတြက္ ေပါင္ ၅၂.၇၅ သန္း အကုန္အက်ခံျပီး လိုက္ဇစ္ကေန ေခၚယူခဲ့တယ္။ အသင္းဝဘ္ဆိုဒ္ကေန ကိတ္တာအေၾကာင္း သတင္းတက္တိုင္း၊ မန္ေနဂ်ာကေလာ့ပ္က ကိတ္တာ အေၾကာင္း စကားေျပာရတိုင္းမွာ သူဘယ္လို ဒဏ္ရာရသြားျပီဆိုတာခ်ည္း ျဖစ္ေနတာကလည္း ပရိသတ္ေတြရဲ႕ စိတ္ပ်က္မႈကို အရွိန္ျမင့္တက္ေစတယ္။

Echo နဲ႔ စကားေျပာခြင့္ရခ်ိန္မွာ လီဗာပူးပရိသတ္ ေဂ်ာ္ဒန္က ” ကိတ္တာက အလားအလာရွိတဲ့ ထူးခၽြန္ေဘာလံုးသမားတစ္ဦးပါ။ ဒါေပမယ့္ တစ္ေယာက္ေယာက္က သူ႔ကို ေပါင္ သန္း ၃၀ ေလာက္နဲ႔ ဝယ္ယူမယ္ဆိုရင္ က်ေနာ္ဆိုရင္ေတာ့ ေရာင္းထုတ္လိုက္မွာပဲ။

သူက အသင္းမွာ ရွိေနတာ ၃ ႏွစ္ရွိေနပါျပီ။ ဒါေပမယ့္ ဒဏ္ရာေတြနဲ႔ ပတ္တီေတြၾကားမွာ ရုန္းကန္ေနရျပီး က်ေန္ာတို႔အတြက္ ပြဲကစားေပးေနရတာ အနည္းငယ္ပဲ ရွိပါတယ္။ ” လို႔ ျငီးတြားခဲ့တယ္။

လီဗာပူးဘက္က ကိတ္တာကို ေရာင္းထုတ္ဖို႔ မရွိေသးေပမယ့္ မေရာင္းထုတ္ဘူးလို႔လည္း က်ိန္းေသေပါက္ မဆိုထားပါဘူး။ လက္ရွိခ်ိန္ထိ လက္စတာ၊ ပဲေလစ့္၊ အက္သလက္တီကို တို႔က စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြေလာက္ပဲ ၾကားထားရျပီး တရားဝင္ ကမ္းလွမ္းမႈကို ဘယ္အသင္းကမွ လုပ္မလာခဲ့ဘူး။

ကလပ္ဘက္ကေတာ့ ဒီေႏြမွာ ကိတ္တာကို ကမ္းလွမ္းလာမယ့္ကလပ္ မရွိႏုိင္ဘူးဆိုတာ ရိပ္စားမိဟန္ရွိျပီး သန္ေပါင္းမ်ားစြာေသာ ေငြေၾကး ဆံုးရံွဴးမႈကို ကုစားႏုိင္ဖို႔ အက္ဆာမွာ အထူးနည္းျပေတြ ခန္႔အပ္ျပီး ကိတ္တာရဲ႕ ၾကံ႕ခိုင္မႈ ျပန္ထူေထာင္လာဖို႔ရာ ဂရုစိုက္ေပးေနဆဲ ျဖစ္ပါတယ္။