လီဗာပူးအသင်းဟာ ဥရောပစူပါလိဂ်မှာ ပါဝင်ခဲ့ခြင်းအတွက် ယူအီးအက်ဖ်အေနဲ့ ပရီးမီးယားလိဂ်တို့ကို လျော်ကြေးပေးဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။
စူပါလိဂ်ပြိုင်ပွဲဝင် ၁၂ သင်းထဲက အာဆင်နယ်၊ အေစီမီလန်၊ ချယ်ဆီး၊ အက်သလက်တီကို မက်ဒရစ်၊ အင်တာ၊ လီဗာပူး၊ မန်စီးတီး၊ ယူနိုက်တက်၊ စပါးတို့ဟာ ၎င်းတို့ရဲ့ အမှားတွေကို ဝန်ခံပြီး ဥရောပပြိုင်ပွဲသစ်မှာ မပါဝင်တော့ပါဘူးလို့ လမ်းခွဲ ထွက်ခွာခဲ့တယ်။ ဒါကြောင့် ပြင်းထန်တဲ့ ငွေဒဏ်နဲ့ အပြစ်ပေးမှုတွေကို ရှောင်လွဲနိုင်ခဲ့ပါတယ်။
သို့ပေမယ့် အင်္ဂလန်ကလပ်တွေဟာ ယူအီးအက်ဖ်အေထံ တစ်သင်းလျှင် လျော်ကြေး ပေါင် ၇ သန်း နဲ့ အောက်ခြေဘောလုံးလောကအတွက် ၉ သင်းပေါင်း လျော်ကြေး ပေါင် ၁၃ သန်း၊ ပရီးမီးယားလိဂ်ထံ ကလပ် ၆ သင်းပေါင်း လျော်ကြေး ပေါင် သန်း ၂၀ တို့ကို ဒဏ်ကြေး ပေးဆောင်သွားရမှာပါ။
တစ်သင်းချင်းအရဆိုရင် လီဗာပူးက ယူအီးအက်ဖ်အေထံ လျော်ကြေး ပေါင် ၈.၄ သန်း အပြင် ယူအီးအက်ဖ်အေက ချီးမြင့်တဲ့ နှစ်စဉ် ဆုကြေးတွေထဲက ၅% ကို ဒဏ်ကြေးအဖြစ် ပေးဆောင်ရမှာဖြစ်တယ်။ ဒါ့အပြင် ပရီးမီးယားလိဂ်ကိုလည်း ပေါင် ၃.၅ သန်း ဒဏ်ကြေး ပေးဆောင်ရမှာ ဖြစ်ပါတယ်။
တူညီတဲ့ လမ်းစဉ်ကို ထပ်မံ ရွှေးချယ်မယ်ဆိုရင်တော့ ယူအီးအက်ဖ်အေထံ လျှော်ကြေး ပေါင် ၁၂၉ သန်းထိ ပေးရမှာဖြစ်တယ်။ ပရီးမီးယားလိဂ်ကလည်း အင်္ဂလန်ကလပ်တွေ အနေနဲ့ တူညီတဲ့ ဖြစ်ရပ်မျိုး နောက်ထပ်တစ်ကြိမ် ကျူးလွန်မယ်ဆိုရင် ဒဏ်ကြေး ပေါင် သန်း ၂၀ အပြင် ရမှတ် ၃၀ ထိ နုတ်ပယ်ခြင်းမျိုးတွေပါ ပြုလုပ်သွားမယ့်အကြောင်း ကြီး ၆ ကြီး ကလပ်တွေကို သတိပေးခဲ့ပြီဖြစ်ပါတယ်။
ZAWGGYI
လီဗာပူးအသင္းဟာ ဥေရာပစူပါလိဂ္မွာ ပါဝင္ခဲ့ျခင္းအတြက္ ယူအီးအက္ဖ္ေအနဲ႔ ပရီးမီးယားလိဂ္တို႔ကို ေလ်ာ္ေၾကးေပးဖို႔ သေဘာတူညီမႈ ရခဲ့ျပီျဖစ္ပါတယ္။
စူပါလိဂ္ျပိဳင္ပြဲဝင္ ၁၂ သင္းထဲက အာဆင္နယ္၊ ေအစီမီလန္၊ ခ်ယ္ဆီး၊ အက္သလက္တီကို မက္ဒရစ္၊ အင္တာ၊ လီဗာပူး၊ မန္စီးတီး၊ ယူႏုိက္တက္၊ စပါးတို႔ဟာ ၄င္းတို႔ရဲ႕ အမွားေတြကို ဝန္ခံျပီး ဥေရာပျပိဳင္ပြဲသစ္မွာ မပါဝင္ေတာ့ပါဘူးလို႔ လမ္းခြဲ ထြက္ခြာခဲ့တယ္။ ဒါေၾကာင့္ ျပင္းထန္တဲ့ ေငြဒဏ္နဲ႔ အျပစ္ေပးမႈေတြကို ေရွာင္လြဲႏုိင္ခ့ဲပါတယ္။
သို႔ေပမယ့္ အဂၤလန္ကလပ္ေတြဟာ ယူအီးအက္ဖ္ေအထံ တစ္သင္းလွ်င္ ေလ်ာ္ေၾကး ေပါင္ ၇ သန္း နဲ႔ ေအာက္ေျခေဘာလံုးေလာကအတြက္ ၉ သင္းေပါင္း ေလ်ာ္ေၾကး ေပါင္ ၁၃ သန္း၊ ပရီးမီးယားလိဂ္ထံ ကလပ္ ၆ သင္းေပါင္း ေလ်ာ္ေၾကး ေပါင္ သန္း ၂၀ တို႔ကို ဒဏ္ေၾကး ေပးေဆာင္သြားရမွာပါ။
တစ္သင္းခ်င္းအရဆိုရင္ လီဗာပူးက ယူအီးအက္ဖ္ေအထံ ေလ်ာ္ေၾကး ေပါင္ ၈.၄ သန္း အျပင္ ယူအီးအက္ဖ္ေအက ခ်ီးျမင့္တဲ့ ႏွစ္စဥ္ ဆုေၾကးေတြထဲက ၅% ကို ဒဏ္ေၾကးအျဖစ္ ေပးေဆာင္ရမွာျဖစ္တယ္။ ဒါ့အျပင္ ပရီးမီးယားလိဂ္ကိုလည္း ေပါင္ ၃.၅ သန္း ဒဏ္ေၾကး ေပးေဆာင္ရမွာ ျဖစ္ပါတယ္။
တူညီတဲ့ လမ္းစဥ္ကို ထပ္မံ ေရႊးခ်ယ္မယ္ဆိုရင္ေတာ့ ယူအီးအက္ဖ္ေအထံ ေလွ်ာ္ေၾကး ေပါင္ ၁၂၉ သန္းထိ ေပးရမွာျဖစ္တယ္။ ပရီးမီးယားလိဂ္ကလည္း အဂၤလန္ကလပ္ေတြ အေနနဲ႔ တူညီတဲ့ ျဖစ္ရပ္မ်ိဳး ေနာက္ထပ္တစ္ၾကိမ္ က်ဴးလြန္မယ္ဆိုရင္ ဒဏ္ေၾကး ေပါင္ သန္း ၂၀ အျပင္ ရမွတ္ ၃၀ ထိ ႏုတ္ပယ္ျခင္းမ်ိဳးေတြပါ ျပဳလုပ္သြားမယ့္အေၾကာင္း ၾကီး ၆ ၾကီး ကလပ္ေတြကို သတိေပးခဲ့ျပီျဖစ္ပါတယ္။