မန်ယူဟာ ၂၀၂၀ ခုနှစ်ထိပဲ စာချုပ်ရှိနေတဲ့ ဒီဂီယာကို သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် မအောင်မြင်ပါဘူး။ စပိန်သား ဂိုးသမားကြီးဟာ သူ့ရဲ့ နောက်ဆုံးသော ပရော်ဖက်ရှင်နယ် စာချုပ်ဖြစ်လာနိုင်တဲ့ လက်မှတ်ထိုးမှုကို ယူနိုက်တက်နဲ့ လုပ်လိုစိတ် မရှိတော့ဘူးလို့ သတင်းတွေက ဖော်ပြလာခဲ့ပြီဖြစ်တယ်။

မန်နေဂျာဆိုးရှားဟာ မကြာခင်ကာလမှာ ဒီဂီယာနေရာ အစားထိုးဖို့ ဂိုးသမားတစ်ဦး ရှာဖွေရမှာဖြစ်ပေမယ့် ကလပ်အသင်းမှာ ဒီဂီယာလို လက်စွမ်းကောင်းမယ့် အလားအလာရှိသူ လူငယ်တစ်ဦး ရှိနေသေးပါတယ်။

အဲ့သည် ကစားသမားကတော့ ချန်ပီယံရှစ်ကလပ် ရှက်ဖီးအသင်းကို အငှားချထားတဲ့ လူငယ်ဂိုးသမားလေး ဟန်ဒါဆန်ဖြစ်ပါတယ်။ ဟန်ဒါဆန်ဟာ ချန်ပီယံရှစ်ကလပ်ကို အမှတ်ပေးဇယားမှာ အဆင့် ၂ နေရာရောက်အောင် ကူညီပေးနိုင်မှုနဲ့အတူ ရှက်ဖီးအသင်းက ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့ပြီဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် အင်္ဂလန်သား ဂိုးသမားဟာ ရာသီတစ်ခုလုံးမှာ ရှက်ဖီးရဲ့ အမှတ်ပေးပွဲ ၄၅ ပွဲလုံးကို အပြည့်အဝ ပါဝင်ကစားခွင့် ရခဲ့ပါတယ်။ သူဟာ အရမ်းကောင်းတဲ့ ဘောလုံးရာသီ တစ်ခုကိုလည်း ပိုင်ဆိုင်ထားခဲ့ပါတယ်။

ရှက်ဖီးဘက်က ဟန်ဒါဆန်ကို ထပ်မံခေါ်ယူဖို့ စိတ်ဝင်စားနေခဲ့ပြီး ယူနိုက်တက်ဘက်ကတော့ ဂိုးသမားလေးနဲ့ ပက်သက်လို့ ဆုံးဖြတ်မှုတွေ မလုပ်ပေးရသေးပါဘူး။ ဟန်ဒါဆန်နဲ့ ဒီဂီယာကြား နှိုင်းယှဉ်ထားတဲ့ စွမ်းဆောင်ရည် မှတ်တမ်းကိုပါ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။