လီဗာပူးအသင်းဟာ ဒီရာသီမှာ ကစားသမားသစ် ခေါ်ယူရေးထက် ပိုအရေးကြီးတဲ့ ကိစ္စအဖြစ် စာချုပ်သက်တမ်းတိုးခြင်း ကိစ္စတွေကို အာရုံစိုက်ရမယ်လို့ လီဗာပူးသတင်းထောက် David Lynch က ဆိုပါတယ်။
ဖာဘင်ညို၊ အယ်လီဆန်၊ ဗန်ဒိုက်၊ ထရန့်၊ ရော်ဘတ်ဆန်၊ ဆာလာ အပါအဝင် လီဗာပူးအသင်းသား ၉ ဦးလောက်ဟာ ၂၀၂၃ ခုနှစ်မှာ အသင်းနဲ့ စာချုပ်ကုန်မှာပါ။ အတိတ်တုန်းက ချန်၊ ကလိုင်း၊ ဝိုက်နယ်ဒမ်တို့အတွက် ပြောင်းရွှေ့ကြေး လုံးဝ မရဘဲ အလွတ်နဲ့ ထွက်ခွင့်ပေးရသလို ဗန်ဒိုက်နဲ့ ဆာလာတို့ကို ထွက်ခွင့်ပေးရမယ်ဆိုရင် လီဗာပူးအတွက် အထိနာမှာ ဖြစ်တယ်။
ကိုဗစ်-၁၉ ကပ်ဘေးနောက်ပိုင်း လီဗာပူးရဲ့ အပြောင်းအရွှေ့ ခေါ်ယူမှုတွေက အားနည်းလာခဲ့သလို ကစားသမား ရောင်းထုတ်မှုပိုင်းမှာလည်း နှေးကွေးလာခဲ့တယ်။ အခြားသော ဥရောပကလပ်တွေလိုပဲ လီဗာပူးလည်း ထိခိုက်တယ်ဆိုပေမယ့် အဓိက ကစားသမား ၉ ဦးလောက်က စာချုပ် ၂ နှစ်ပဲ ကျန်ခြင်းက ပြဿနာကောင်းတော့ မဟုတ်ပါဘူး။
သတင်းထောက် David Lynch က ” မိုက်ကယ်အတ်ဝပ်အတွက် ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေ လုပ်ရမယ့် ခက်ခဲတဲ့အချိန် ဖြစ်ပါတယ်။ လူစာရင်းနဲ့ ပတ်သက်တဲ့ အနာဂတ်ရေးရာအကြောင်းတွေကို သူစဉ်းစားရတော့မှာပါ။ နောက် ၄ နှစ်စာလောက်ပေါ့။
ဖာမင်နိုက ဘယ်လောက်ထိ ထပ်ပြီး ကစားနိုင်ဦးမလဲ? သူ့နေရာမှာ အစားထိုးဖို့ လိုအပ်မှာလား၊ သူကကော သူ့ရဲ့ တာဝန်တွေ လျော့ချခြင်းကို လက်ခံသွားမလား?
ဘယ်လို ထိပ်တန်းကစားသမားကမှ သူတို့အသက် ၃၀ နီးလာလို့ဆိုပြီး လက်ရှိ ရနေတဲ့ လုပ်ခထက် ပိုနည်းပါသွားမယ့် ညိနှိုင်းမှုကို မျှော်လင့်နေမှာ မဟုတ်ပါဘူး။ ဝိုက်နယ်ဒမ်လို ကစားသမားမျိုးဟာ သူ့ရဲ့ တန်ဖိုးနဲ့ ယှဉ်မယ်ဆိုရင် နည်းပါးတဲ့ လုပ်ခပဲ ရနေခဲ့ပြီး သူ့လို ကစားသမားတွေ လီဗာပူးအသင်းမှာ ရှိနေပါတယ်။
ဆာလာဆိုရင်လည်း နှစ်နှစ်လောက် လီဗာပူးမှာ အစွမ်းကုန် ကြိုးစားပြီး အနိုင်ရသမျှ အားလုံးကို အနိုင်ယူမယ်ဆိုရင် စာချုပ်ကုန်ချိန်မှာ အသက် ၃၀ အရွယ် ရှိနေပါမယ်။ ပြီးရင်တော့ ပုံစံကောင်းမှာရှိနေတဲ့ သူက ကမးလှမ်းမှုတွေကို လမ်းဖွင့်ပေးမှာပဲ။ ကျနော်သာ ဆာလာဆိုရင် စာချုပ်သစ်ချုပ်မှာ မဟုတ်ပါဘူး။
ဟယ်ရီကိန်းပဲကြည့်လေ သူက စာချုပ်သက်တမ်း အရှည်ကြီးကို လက်မှတ်ထိုးခဲ့တာပဲ အခုတော့ သူ စပါးကနေ ထွက်လိုနေပြီ။ ဥရောပတစ်လွှား ဘာဖြစ်နေတယ်ဆိုတာကို သိတဲ့ ကစားသမားတွေကတော့ သူတို့ စာချုပ် ကုန်သွားတာကို ဒီအတိုင်း စောင့်ကြည့်နေတာကပဲ အဓိပ္ပာယ် ရှိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယယ်။
လီဗာပူးအသင်းဟာ အသက် ၃၀ အထက် ကစားသမားတွေကို စာချုပ်သက်တမ်း တိုးဖို့ကို စတင် ကန့်သတ်လာပြီဖြစ်တယ်။ ဒီပေါ်လစီက အထူးအဆန်းတော့ မဟုတ်ဘဲ နောက်ပိုင်းနှစ်တွေမှာ ဥရောပကလပ် အများအပြားက အကျိုးအမြတ် ပြန်ရဖို့ ခက်လာတဲ့ ၃၀ ကျော် ကစားသမားတွေအတွက် ကာလရှည် စာချုပ်ပေးခြင်းမျိုး နည်းပါးလာခဲ့ပြီဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဒီရာသီမွာ ကစားသမားသစ္ ေခၚယူေရးထက္ ပိုအေရးၾကီးတဲ့ ကိစၥအျဖစ္ စာခ်ဳပ္သက္တမ္းတိုးျခင္း ကိစၥေတြကို အာရံုစိုက္ရမယ္လို႔ လီဗာပူးသတင္းေထာက္ David Lynch က ဆိုပါတယ္။
ဖာဘင္ညိဳ၊ အယ္လီဆန္၊ ဗန္ဒိုက္၊ ထရန္႔၊ ေရာ္ဘတ္ဆန္၊ ဆာလာ အပါအဝင္ လီဗာပူးအသင္းသား ၉ ဦးေလာက္ဟာ ၂၀၂၃ ခုႏွစ္မွာ အသင္းနဲ႔ စာခ်ဳပ္ကုန္မွာပါ။ အတိတ္တုန္းက ခ်န္၊ ကလိုင္း၊ ဝိုက္နယ္ဒမ္တို႔အတြက္ ေျပာင္းေရႊ႔ေၾကး လံုးဝ မရဘဲ အလြတ္နဲ႔ ထြက္ခြင့္ေပးရသလို ဗန္ဒိုက္နဲ႔ ဆာလာတို႔ကို ထြက္ခြင့္ေပးရမယ္ဆိုရင္ လီဗာပူးအတြက္ အထိနာမွာ ျဖစ္တယ္။
ကိုဗစ္-၁၉ ကပ္ေဘးေနာက္ပိုင္း လီဗာပူးရဲ႕ အေျပာင္းအေရႊ႔ ေခၚယူမႈေတြက အားနည္းလာခဲ့သလို ကစားသမား ေရာင္းထုတ္မႈပိုင္းမွာလည္း ေႏွးေကြးလာခဲ့တယ္။ အျခားေသာ ဥေရာပကလပ္ေတြလိုပဲ လီဗာပူးလည္း ထိခိုက္တယ္ဆိုေပမယ့္ အဓိက ကစားသမား ၉ ဦးေလာက္က စာခ်ဳပ္ ၂ ႏွစ္ပဲ က်န္ျခင္းက ျပႆနာေကာင္းေတာ့ မဟုတ္ပါဘူး။
သတင္းေထာက္ David Lynch က ” မိုက္ကယ္အတ္ဝပ္အတြက္ ၾကီးမားတဲ့ ဆံုးျဖတ္ခ်က္ေတြ လုပ္ရမယ့္ ခက္ခဲတဲ့အခ်ိန္ ျဖစ္ပါတယ္။ လူစာရင္းနဲ႔ ပတ္သက္တဲ့ အနာဂတ္ေရးရာအေၾကာင္းေတြကို သူစဥ္းစားရေတာ့မွာပါ။ ေနာက္ ၄ ႏွစ္စာေလာက္ေပါ့။
ဖာမင္ႏိုက ဘယ္ေလာက္ထိ ထပ္ျပီး ကစားႏုိင္ဦးမလဲ? သူ႔ေနရာမွာ အစားထိုးဖို႔ လိုအပ္မွာလား၊ သူကေကာ သူ႔ရဲ႕ တာဝန္ေတြ ေလ်ာ့ခ်ျခင္းကို လက္ခံသြားမလား?
ဘယ္လို ထိပ္တန္းကစားသမားကမွ သူတို႔အသက္ ၃၀ နီးလာလို႔ဆိုျပီး လက္ရွိ ရေနတဲ့ လုပ္ခထက္ ပိုနည္းပါသြားမယ့္ ညိႏိႈင္းမႈကို ေမွ်ာ္လင့္ေနမွာ မဟုတ္ပါဘူး။ ဝိုက္နယ္ဒမ္လို ကစားသမားမ်ိဳးဟာ သူ႔ရဲ႕ တန္ဖိုးနဲ႔ ယွဥ္မယ္ဆိုရင္ နည္းပါးတဲ့ လုပ္ခပဲ ရေနခဲ့ျပီး သူ႔လို ကစားသမားေတြ လီဗာပူးအသင္းမွာ ရွိေနပါတယ္။
ဆာလာဆိုရင္လည္း ႏွစ္ႏွစ္ေလာက္ လီဗာပူးမွာ အစြမ္းကုန္ ၾကိဳးစားျပီး အႏုိင္ရသမွ် အားလံုးကို အႏုိင္ယူမယ္ဆိုရင္ စာခ်ဳပ္ကုန္ခ်ိန္မွာ အသက္ ၃၀ အရြယ္ ရွိေနပါမယ္။ ျပီးရင္ေတာ့ ပံုစံေကာင္းမွာရွိေနတဲ့ သူက ကမးလွမ္းမႈေတြကို လမ္းဖြင့္ေပးမွာပဲ။ က်ေနာ္သာ ဆာလာဆိုရင္ စာခ်ဳပ္သစ္ခ်ဳပ္မွာ မဟုတ္ပါဘူး။
ဟယ္ရီကိန္းပဲၾကည့္ေလ သူက စာခ်ဳပ္သက္တမ္း အရွည္ၾကီးကို လက္မွတ္ထိုးခဲ့တာပဲ အခုေတာ့ သူ စပါးကေန ထြက္လိုေနျပီ။ ဥေရာပတစ္လႊား ဘာျဖစ္ေနတယ္ဆိုတာကို သိတဲ့ ကစားသမားေတြကေတာ့ သူတို႔ စာခ်ဳပ္ ကုန္သြားတာကို ဒီအတုိင္း ေစာင့္ၾကည့္ေနတာကပဲ အဓိပၸာယ္ ရွိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယယ္။
လီဗာပူးအသင္းဟာ အသက္ ၃၀ အထက္ ကစားသမားေတြကို စာခ်ဳပ္သက္တမ္း တိုးဖို႔ကို စတင္ ကန္႔သတ္လာျပီျဖစ္တယ္။ ဒီေပၚလစီက အထူးအဆန္းေတာ့ မဟုတ္ဘဲ ေနာက္ပိုင္းႏွစ္ေတြမွာ ဥေရာပကလပ္ အမ်ားအျပားက အက်ိဳးအျမတ္ ျပန္ရဖို႔ ခက္လာတဲ့ ၃၀ ေက်ာ္ ကစားသမားေတြအတြက္ ကာလရွည္ စာခ်ဳပ္ေပးျခင္းမ်ိဳး နည္းပါးလာခဲ့ျပီျဖစ္ပါတယ္။