နယ်သာလန် လက်ရွေးစင် ကွင်းလယ် ကစားသမား ဂျီနီ ဝိုက်နယ်ဒန်က ဒီနွေမှာ လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးတာကြောင့် ပြောင်းရွှေ့ကြေး အလွတ်နဲ့ပဲ လုပ်ခလစာ မြင့်မားစွာ ပေးမယ့် ပီအက်စ်ဂျီ အသင်းထံ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။
ဝိုက်နယ်ဒန်ကတော့ လီဗာပူးကနေ ထွက်ခွာရတာ ဝမ်းနည်းရကြောင်းနဲ့ နောက်ကွယ်က အကြောင်းတွေကို ယူရို ပြိုင်ပွဲ ပြီးရင် ဖွင့်ချမယ်လို့ လတ်တလော အင်တာဗျူးမှာ ပြောဆိုလိုက်ပါတယ်။ လောလောဆယ် မပြောဆိုလိုတာကတော့ လာမယ့် ပြိုင်ပွဲ မှာ စိတ်အာရုံ မပျံ့ချင်တာကြောင့် ဖြစ်တယ်လို့လည်း ၎င်းက ဆိုပါတယ်။
ဝိုက်နယ်ဒန်ဟာ လီဗာပူးအသင်းနဲ့ စာချုပ် နောက်ဆုံး ရက် ၂၀ လောက်သာ ကျန်ရှိတော့တာ ဖြစ်ပြီး ကနဦးက ဘာစီလိုနာ သို့ ရောက်မယ် ထင်ခဲ့ကြပေမယ့် ပီအက်စ်ဂျီ အသင်းထံ ရောက်ဖို့ များသွားခဲ့ပြီ ဖြစ်ပါတယ်။ ယာဂင်ကလော့ပ်က ဝိုက်နယ်ဒန်ကို အသင်းမှာ ဆက်ထိန်းထားလိုတာကြောင့် စာချုပ် သက်တမ်းတိုးဖို့ ကြိုးစားခဲ့ပေမယ့် ကစားသမားဘက်က သဘောမတူခဲ့တာ ဖြစ်ပါတယ်။
လတ်တလော Voetbal International နဲ့ အင်တာဗျူးမှာ ဝိုက်နယ်ဒန်က မာဆေးဆိုဒ်ကနေ ထွက်ခွာရမှာ အတွက် ဝမ်းနည်းကြောင်း ထုတ်ဖော် ပြောဆိုလာခဲ့တာပါ။
” ကျနော် အခုထိ စိတ်ထဲ တစ်မျိုးပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီအချိန်မှာ ငါက လီဗာပူး အသင်းနဲ့ နောက်ဆုံး ပွဲ ဆိုတာ သိနေတာရယ်၊ ကျနော့် အရင် ထွက်သွားတဲ့ ကစားသမားတွေတုန်းက ဒီလို မဟုတ်တာတွေလည်း ပါပါတယ်။
ကျနော့်ကို လီဗာပူးနဲ့ စာချုပ် သက်တမ်း ဘာလို့ မတိုးလဲ မေးတဲ့ ပရိသတ်တွေ တော်တော်များများလည်း ရှိကြတယ်။ ဒါပေမယ့် ဒါက ပြောသလောက် မလွယ်ပါဘူး။ အားလုံး မထင်ထားတဲ့ တခြား ကိစ္စ နောက်ကွယ်က ကိစ္စတွေလည်း ရှိတယ်။ ကစားသမား တစ်ယောက် အနေနဲ့ လုပ်မရတဲ့ ကိစ္စတွေပေါ့။
ဒါတွေကို ဒီ ယူရို ပြိုင်ပွဲပြီးရင် ကျနော် သေချာ ရှင်းပြပါ့မယ်။ အခုကတော့ လိမ်မော်ရောင် (နယ်သာလန်) တွေနဲ့ အတူပဲ အာရုံစိုက်ထားချင်ပါတယ်။
ကျနော် အခု ပြောပြနိုင်တာကတော့ ထရိန်နင်က လူတွေ၊ အသင်း ဝန်ထမ်းတွေနဲ့ အသင်းဖော်တွေက ကျနော့်ကို အသင်းမှာ ဆက်ရှိစေချင်ကြပါတယ်။ သူတို့ကို ကျနော် နည်းနည်းပါးပါးလည်း ပြောပြခဲ့ပါတယ်။ အဲဒီနောက်တော့ သူတို့လည်း ကျနော့် ဆုံးဖြတ်ျခက်ကို နားလည်ခဲ့ကြတယ်။ ဒါပဲ ကျနော့် အတွက် အရေးကြီးတာလေ။ ” လို့ ဝိုက်နယ်ဒန်က ပြောဆိုခဲ့ပါတယ်။
Zawgyi – နယ္သာလန္ လက္ေရြးစင္ ကြင္းလယ္ ကစားသမား ဂ်ီနီ ၀ိုက္နယ္ဒန္က ဒီေႏြမွာ လီဗာပူးနဲ႕ စာခ်ဳပ္ ကုန္ဆံုးတာေၾကာင့္ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ပဲ လုပ္ခလစာ ျမင့္မားစြာ ေပးမယ့္ ပီအက္စ္ဂ်ီ အသင္းထံ ေရာက္ရွိေတာ့မွာ ျဖစ္ပါတယ္။
၀ိုက္နယ္ဒန္ကေတာ့ လီဗာပူးကေန ထြက္ခြာရတာ ၀မ္းနည္းရေၾကာင္းနဲ႕ ေနာက္ကြယ္က အေၾကာင္းေတြကို ယူရို ျပိဳင္ပြဲ ျပီးရင္ ဖြင့္ခ်မယ္လို႔ လတ္တေလာ အင္တာဗ်ဴးမွာ ေျပာဆိုလိုက္ပါတယ္။ ေလာေလာဆယ္ မေျပာဆိုလိုတာကေတာ့ လာမယ့္ ျပိဳင္ပြဲ မွာ စိတ္အာရံု မပ်ံ႕ခ်င္တာေၾကာင့္ ျဖစ္တယ္လို႔လည္း ၄င္းက ဆိုပါတယ္။
၀ိုက္နယ္ဒန္ဟာ လီဗာပူးအသင္းနဲ႕ စာခ်ဳပ္ ေနာက္ဆံုး ရက္ ၂၀ ေလာက္သာ က်န္ရွိေတာ့တာ ျဖစ္ျပီး ကနဦးက ဘာစီလိုနာ သို႔ ေရာက္မယ္ ထင္ခဲ့ၾကေပမယ့္ ပီအက္စ္ဂ်ီ အသင္းထံ ေရာက္ဖို႔ မ်ားသြားခဲ့ျပီ ျဖစ္ပါတယ္။ ယာဂင္ကေလာ့ပ္က ၀ိုက္နယ္ဒန္ကို အသင္းမွာ ဆက္ထိန္းထားလိုတာေၾကာင့္ စာခ်ဳပ္ သက္တမ္းတိုးဖို႔ ၾကိဳးစားခဲ့ေပမယ့္ ကစားသမားဘက္က သေဘာမတူခဲ့တာ ျဖစ္ပါတယ္။
လတ္တေလာ Voetbal International နဲ႕ အင္တာဗ်ဴးမွာ ၀ိုက္နယ္ဒန္က မာေဆးဆိုဒ္ကေန ထြက္ခြာရမွာ အတြက္ ၀မ္းနည္းေၾကာင္း ထုတ္ေဖာ္ ေျပာဆိုလာခဲ့တာပါ။
” က်ေနာ္ အခုထိ စိတ္ထဲ တစ္မ်ိုးပါပဲ။ ဘာျဖစ္လို႔လဲ ဆိုေတာ့ အဲဒီအခ်ိန္မွာ ငါက လီဗာပူး အသင္းနဲ႕ ေနာက္ဆံုး ပြဲ ဆိုတာ သိေနတာရယ္၊ က်ေနာ့္ အရင္ ထြက္သြားတဲ့ ကစားသမားေတြတုန္းက ဒီလို မဟုတ္တာေတြလည္း ပါပါတယ္။
က်ေနာ့္ကို လီဗာပူးနဲ႕ စာခ်ဳပ္ သက္တမ္း ဘာလို႔ မတိုးလဲ ေမးတဲ့ ပရိသတ္ေတြ ေတာ္ေတာ္မ်ားမ်ားလည္း ရွိၾကတယ္။ ဒါေပမယ့္ ဒါက ေျပာသေလာက္ မလြယ္ပါဘူး။ အားလံုး မထင္ထားတဲ့ တျခား ကိစၥ ေနာက္ကြယ္က ကိစၥေတြလည္း ရွိတယ္။ ကစားသမား တစ္ေယာက္ အေနနဲ႕ လုပ္မရတဲ့ ကိစၥေတြေပါ့။
ဒါေတြကို ဒီ ယူရို ျပိဳင္ပြဲျပီးရင္ က်ေနာ္ ေသခ်ာ ရွင္းျပပါ့မယ္။ အခုကေတာ့ လိမ္ေမာ္ေရာင္ (နယ္သာလန္) ေတြနဲ႕ အတူပဲ အာရံုစိုက္ထားခ်င္ပါတယ္။
က်ေနာ္ အခု ေျပာျပနိုင္တာကေတာ့ ထရိန္နင္က လူေတြ၊ အသင္း ၀န္ထမ္းေတြနဲ႕ အသင္းေဖာ္ေတြက က်ေနာ့္ကို အသင္းမွာ ဆက္ရွိေစခ်င္ၾကပါတယ္။ သူတို႔ကို က်ေနာ္ နည္းနည္းပါးပါးလည္း ေျပာျပခဲ့ပါတယ္။ အဲဒီေနာက္ေတာ့ သူတို႔လည္း က်ေနာ့္ ဆံုးျဖတ္်ခက္ကို နားလည္ခဲ့ၾကတယ္။ ဒါပဲ က်ေနာ့္ အတြက္ အေရးၾကီးတာေလ။ ” လို႔ ၀ိုက္နယ္ဒန္က ေျပာဆိုခဲ့ပါတယ္။