အင်္ဂလန်အသင်းမှာ လီဗာပူးအသင်းခေါင်းဆောင် ဟန်ဒါဆန် ပါဝင်ပေးနိုင်ခြင်းကို လိဒ်အသင်းမှ ကီဗင်ဖီးလစ်နဲ့ အက်စတွန်ဗီလာမှ ဂရီလစ်တို့က ဝမ်းသာပျော်ရွှင်ကြောင်းစကားတွေ ထုတ်ပြောလာပါတယ်။
၂၀၁၄ ကမ္ဘာဖလား၊ ၂၀၁၆ ယူရို ပြိုင်ပွဲ၊ ၂၀၁၈ ကမ္ဘာဖလား ပြိုင်ပွဲတွေမှာ အင်္ဂလန်အသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ ဟန်ဒါဆန်ဟာ အသက် ၃၀ အရွယ်မှာဘဲ လက်ရှိ အင်္ဂလန်အသင်းအတွက် ပွဲအများဆုံး ကစားပေးထားသလို နိုင်ငံတကာ အတွေ့အကြုံ အရင့်ကျက်ဆုံး အသင်းသား ဖြစ်လာနေခဲ့တယ်။
ကစားသမားဘဝ အောင်မြင်မှုတွေ အများကြီး ရထားတဲ့ ဟန်ဒါဆန်လို ကစားသမားကို ဒဏ်ရာတွေကြားက ယူရိုထံ အတူ ခေါ်လာနိုင်ခြင်းက အင်္ဂလန်အသင်းအတွက် အကျိုးဖြစ်တဲ့ ကိစ္စဖြစ်ကြောင်း အသင်းဖော်တွေက မြင်နေပါတယ်။
ကီဗင် ဖီလစ်က “ ဟန်ဒို ကြံ့ခိုင်နေသည်ဖြစ်စေ၊ မကြံ့ခိုင်ဘူးဖြစ်စေ သူပါနေတာကိုပဲ ကျနော်ကတော့ သဘောကျနေပါပြီ။ သူနဲ့ စကားပြောရပြီး သူအနားမှာ ရှိနေရတာကို မြတ်နိုးမိပါတယ်။ သူက ကျနော်လို လက်ရွေးစင်အသင်းပွဲ အများကြီး မကစားထားရသူတွေကို ပိုပြီး သက်သောင့်သက်သာဖြစ်စေဖို့ ကူညီပေးနိုင်သူပါ။
သူက ကစားသမားကောင်းဖြစ်သလို လူငယ်ကစားသမားတွေအတွက် လူပုဂ္ဂိုလ်ကောင်းဖြစ်တယ်လို့ ထင်ပါတယ်။ အသင်းမှာက လူငယ်တွေ အများကြီး ရှိပါတယ်။ သူတို့အတွက် ဒီပြိုင်ပွဲက ပထမဆုံး ပြိုင်ပွဲဖြစ်ပြီး အားလုံးအတွက် ဟန်ဒိုလို အတွေ့အကြုံရှိ အသင်းဖော်တစ်ဦး ရှိနေတာက ကောင်းပါတယ် ” လို့ ဆိုခဲ့တယ်။
အက်စတွန်ဗီလာ အသင်းခေါင်းဆောင် ဂရီလစ်က ဟယ်ရီကိန်းနဲ့ ဟန်ဒါဆန်လို ကစားသမားတွေထံက သင်ယူရခြင်းဟာ သူ့ကို ပိုကောင်းတဲ့ ကစားသမားဖြစ်လာစေခဲ့တယ်လို့ ဆိုပါတယ်။
ဂရီလစ်ကလည်း “ လက်ရွေးစင်အသင်းထံ လာရောက်ပူးပေါင်းပြီး ဟန်ဒါဆန်နဲ့ ဟယ်ရီကိန်းလို ကစားသမားတွေ ကွင်းပြင်ပမှာ ဘာလုပ်တယ်ဆိုတာကို မြင်ခွင့်ရတယ်။ သူတို့ ဘာလုပ်တယ်ဆိုတာကို ကျနေ်ာတို့တွေ အတိအကျ မြင်ခွင့်ရပါတယ်။ လေ့ကျင့်ရေးမှာနဲ့ အနီးတဝိုက်မှာ သူတို့ ဘယ်လိုတွေ ပြုမှုလည်း ကျနေ်ာတို့ လေ့လာခွင့်ရကြတယ်။
သူတို့ ကောင်းမွန်တဲ့ ကစားသမားဘဝတွေ ပိုင်ဆိုင်ခဲ့တာက ဒါကြောင့်ပါလား ဆိုတာကို မြင်တွေ့ခွင့်ရခဲ့တယ်။ သူတို့တွေကပဲ ကျနော်ကို ကစားသမားတစ်ယောက်၊ လူပုဂ္ဂိုလ်တစ်ယောက်၊ အသင်းခေါင်းဆောင်ကောင်းတစ်ယောက်အဖြစ် ရင့်ကျက်လာစေအောင် လုပ်ပေးတယ်လို့ ယူဆမိပါတယ် ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
ZAWGYI
အဂၤလန္အသင္းမွာ လီဗာပူးအသင္းေခါင္းေဆာင္ ဟန္ဒါဆန္ ပါဝင္ေပးႏုိင္ျခင္းကို လိဒ္အသင္းမွ ကီဗင္ဖီးလစ္နဲ႔ အက္စတြန္ဗီလာမွ ဂရီလစ္တို႔က ဝမ္းသာေပ်ာ္ရႊင္ေၾကာင္းစကားေတြ ထုတ္ေျပာလာပါတယ္။
၂၀၁၄ ကမၻာဖလား၊ ၂၀၁၆ ယူရို ျပိဳင္ပြဲ၊ ၂၀၁၈ ကမၻာဖလား ျပိဳင္ပြဲေတြမွာ အဂၤလန္အသင္းနဲ႔အတူ ပါဝင္ယွဥ္ျပိဳင္ခဲ့တဲ့ ဟန္ဒါဆန္ဟာ အသက္ ၃၀ အရြယ္မွာဘဲ လက္ရွိ အဂၤလန္အသင္းအတြက္ ပြဲအမ်ားဆံုး ကစားေပးထားသလို ႏုိင္ငံတကာ အေတြ႔အၾကံဳ အရင့္က်က္ဆံုး အသင္းသား ျဖစ္လာေနခဲ့တယ္။
ကစားသမားဘဝ ေအာင္ျမင္မႈေတြ အမ်ားၾကီး ရထားတဲ့ ဟန္ဒါဆန္လို ကစားသမားကို ဒဏ္ရာေတြၾကားက ယူရိုထံ အတူ ေခၚလာႏုိင္ျခင္းက အဂၤလန္အသင္းအတြက္ အက်ိဳးျဖစ္တဲ့ ကိစၥျဖစ္ေၾကာင္း အသင္းေဖာ္ေတြက ျမင္ေနပါတယ္။
ကီဗင္ ဖီလစ္က “ ဟန္ဒို ၾကံ႕ခိုင္ေနသည္ျဖစ္ေစ၊ မၾကံ႕ခိုင္ဘူးျဖစ္ေစ သူပါေနတာကိုပဲ က်ေနာ္ကေတာ့ သေဘာက်ေနပါျပီ။ သူနဲ႔ စကားေျပာရျပီး သူအနားမွာ ရွိေနရတာကို ျမတ္ႏိုးမိပါတယ္။ သူက က်ေနာ္လို လက္ေရြးစင္အသင္းပြဲ အမ်ားၾကီး မကစားထားရသူေတြကို ပိုျပီး သက္ေသာင့္သက္သာျဖစ္ေစဖို႔ ကူညီေပးႏုိင္သူပါ။
သူက ကစားသမားေကာင္းျဖစ္သလို လူငယ္ကစားသမားေတြအတြက္ လူပုဂၢိဳလ္ေကာင္းျဖစ္တယ္လို႔ ထင္ပါတယ္။ အသင္းမွာက လူငယ္ေတြ အမ်ားၾကီး ရွိပါတယ္။ သူတို႔အတြက္ ဒီျပိဳင္ပြဲက ပထမဆံုး ျပိဳင္ပြဲျဖစ္ျပီး အားလံုးအတြက္ ဟန္ဒိုလို အေတြ႔အၾကံဳရွိ အသင္းေဖာ္တစ္ဦး ရွိေနတာက ေကာင္းပါတယ္ ” လို႔ ဆိုခဲ့တယ္။
အက္စတြန္ဗီလာ အသင္းေခါင္းေဆာင္ ဂရီလစ္က ဟယ္ရီကိန္းနဲ႔ ဟန္ဒါဆန္လို ကစားသမားေတြထံက သင္ယူရျခင္းဟာ သူ႔ကို ပိုေကာင္းတဲ့ ကစားသမားျဖစ္လာေစခဲ့တယ္လို႔ ဆုိပါတယ္။
ဂရီလစ္ကလည္း “ လက္ေရြးစင္အသင္းထံ လာေရာက္ပူးေပါင္းျပီး ဟန္ဒါဆန္နဲ႔ ဟယ္ရီကိန္းလို ကစားသမားေတြ ကြင္းျပင္ပမွာ ဘာလုပ္တယ္ဆိုတာကို ျမင္ခြင့္ရတယ္။ သူတို႔ ဘာလုပ္တယ္ဆိုတာကို က်ေန္ာတို႔ေတြ အတိအက် ျမင္ခြင့္ရပါတယ္။ ေလ့က်င့္ေရးမွာနဲ႔ အနီးတဝိုက္မွာ သူတို႔ ဘယ္လိုေတြ ျပဳမႈလည္း က်ေန္ာတို႔ ေလ့လာခြင့္ရၾကတယ္။
သူတို႔ ေကာင္းမြန္တဲ့ ကစားသမားဘဝေတြ ပိုင္ဆိုင္ခဲ့တာက ဒါေၾကာင့္ပါလား ဆိုတာကို ျမင္ေတြ႔ခြင့္ရခဲ့တယ္။ သူတို႔ေတြကပဲ က်ေနာ္ကို ကစားသမားတစ္ေယာက္၊ လူပုဂၢိဳလ္တစ္ေယာက္၊ အသင္းေခါင္းေဆာင္ေကာင္းတစ္ေယာက္အျဖစ္ ရင့္က်က္လာေစေအာင္ လုပ္ေပးတယ္လို႔ ယူဆမိပါတယ္ ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။