ယူရို ပြိုင်ပွဲဝင် ခရိုအေးရှားအသင်းရဲ့ အပြီးသတ် ၂၆ ဦးစာရင်းထဲ ပါဝင်လာတဲ့ ခံစစ်မှူး Josko Gvardiol က သူ့ရဲ့ အနာဂတ် ရည်မှန်းချက်က သူနှစ်သက် အားပေးရတဲ့ လီဗာပူးအသင်းအတွက် ကစားပေးရဖို့ဖြစ်ကြောင်း ထုတ်ပြောလိုက်ပါတယ်။

အသက် ၁၉ နှစ်ပဲ ရှိသေးတဲ့ ဘယ်ခြမ်း အစွန်နဲ့ ဗဟိုခံစစ်မှူးနေရာတွေမှာ ကစားတဲ့ လူငယ်လေးဟာ ၂၀၂၀ ယူရို ပြိုင်ပွဲမှာ စောင့်ကြည့်ရမယ့် လူငယ်တစ်ဦးအဖြစ် ထင်ရှားလာခဲ့သူပါ။ သူဟာ ငယ်မြွေးခြံပေါက်ကလပ် ဇာဂရပ်ကနေ ဘွန်ဒက်လီဂါကလပ် လိုက်ဇစ်ထံ ယူရို ၁၉ သန်း ဝန်းကျင့်ဖြင့် ပြောင်းရွှေ့ခဲ့သူဖြစ်ကာ မနှစ်က တစ်ရာသီလုံးမှာတော့ ဇာဂရပ်ထံပြန်ပြီး အငှားထွက်ကစားနေခဲ့တယ်။

Josko Gvardiol က ” လီဗာပူးက ကျနော် အနှစ်သက်ဆုံး နိုင်ငံခြားအသင်းဖြစ်ပါတယ်။ ကျနော် ငယ်ငယ်လေးတည်းက လီဗာပူးပွဲတွေကို အဖေနဲ့အတူကြည့်လာခဲ့တာပါ။ လီဗာပူးပွဲတွေကို ကြည့်ရှုအားပေးရင်းပဲ အရွယ်ရောက်လာခဲ့ရတာ ဖြစ်ပါတယ်။

ဘောလုံးနဲ့ ပတ်သက်ပြီး ကျနော် အလေးအနက် စတင်ကစားလာတည်းက လီဗာပူးပွဲတွေကို အမြဲတမ်း စောင့်ကြည့်ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်နဲ့ လီဗာပူးအသင်းထံ ကျနော် အရမ်းပဲ ပြောင်းရွှေ့ ကစားလိုပါတယ် ” လို့ ဝန်ခံခဲ့တာဖြစ်တယ်။

Gvardiol ဟာ ပရီးမီးယားလိဂ်ထံ ပြောင်းကစားလိုတယ်လို ဆိုခဲ့ပြီး အဲ့ အခွင့်အရေးက မရခဲ့တာတော့ မဟုတ်ပါဘူး။ မနှစ်တုန်းက လိဒ်ယူနိုက်တက်ဟာ သူ့ကို ခေါ်ယူဖို့ ယူရို ၂၂ သန်းနဲ့တောင်မှ ကြိုးစားခဲ့သေးတာပါ။ သို့ပေမယ့် ကစားသမားလေးက သူ့ရဲ့ ခြေစွမ်းတိုးတက်မှုအတွက် ပုံမှန် ပွဲထွက်ခွင့်ရဖို့ ဇာဂရပ်ထံပဲ အငှားထွက်ကစားခဲ့တာဖြစ်ပါတယ်။

အနာဂတ်မှာ Gvardiol တစ်ယောက် လီဗာပူးအသင်းထံ ရောက်လာမလားဆိုတာ အခုချိန် ပြောနိုင်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လို့ လီဗာပူးနဲ့ ရတ်ဘူးလ်အဖွဲ့တို့ဟာ ဆက်ဆံရေးကောင်းတွေရှိနေကြောင်းကို အက်ဆာလေ့ကျင့်ရေးက အသင်းသားတွေထဲမှာ ရတ်ဘူးလ်အနွယ်တွေ များပြားလာနေခဲ့ခြင်းက သက်သေပဲ ဖြစ်ပါလိမ့်မယ်။

ZAWGYI

ယူရို ျပိဳင္ပြဲဝင္ ခရိုေအးရွားအသင္းရဲ႕ အျပီးသတ္ ၂၆ ဦးစာရင္းထဲ ပါဝင္လာတဲ့ ခံစစ္မွဴး Josko Gvardiol က သူ႔ရဲ႕ အနာဂတ္ ရည္မွန္းခ်က္က သူႏွစ္သက္ အားေပးရတဲ့ လီဗာပူးအသင္းအတြက္ ကစားေပးရဖို႔ျဖစ္ေၾကာင္း ထုတ္ေျပာလိုက္ပါတယ္။

အသက္ ၁၉ ႏွစ္ပဲ ရွိေသးတဲ့ ဘယ္ျခမ္း အစြန္နဲ႔ ဗဟိုခံစစ္မွဴးေနရာေတြမွာ ကစားတဲ့ လူငယ္ေလးဟာ ၂၀၂၀ ယူရို ျပိဳင္ပြဲမွာ ေစာင့္ၾကည့္ရမယ့္ လူငယ္တစ္ဦးအျဖစ္ ထင္ရွားလာခဲ့သူပါ။ သူဟာ ငယ္ေျမြးျခံေပါက္ကလပ္ ဇာဂရပ္ကေန ဘြန္ဒက္လီဂါကလပ္ လိုက္ဇစ္ထံ ယူရို ၁၉ သန္း ဝန္းက်င့္ျဖင့္ ေျပာင္းေရႊ႔ခဲ့သူျဖစ္ကာ မႏွစ္က တစ္ရာသီလံုးမွာေတာ့ ဇာဂရပ္ထံျပန္ျပီး အငွားထြက္ကစားေနခဲ့တယ္။

Josko Gvardiol က ” လီဗာပူးက က်ေနာ္ အႏွစ္သက္ဆံုး ႏုိင္ငံျခားအသင္းျဖစ္ပါတယ္။ က်ေနာ္ ငယ္ငယ္ေလးတည္းက လီဗာပူးပြဲေတြကို အေဖနဲ႔အတူၾကည့္လာခဲ့တာပါ။ လီဗာပူးပြဲေတြကို ၾကည့္ရႈအားေပးရင္းပဲ အရြယ္ေရာက္လာခဲ့ရတာ ျဖစ္ပါတယ္။

ေဘာလံုးနဲ႔ ပတ္သက္ျပီး က်ေနာ္ အေလးအနက္ စတင္ကစားလာတည္းက လီဗာပူးပြဲေတြကို အျမဲတမ္း ေစာင့္ၾကည့္ျဖစ္ပါတယ္။ ပရီးမီးယားလိဂ္နဲ႔ လီဗာပူးအသင္းထံ က်ေနာ္ အရမ္းပဲ ေျပာင္းေရႊ႔ ကစားလိုပါတယ္ ” လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

Gvardiol ဟာ ပရီးမီးယားလိဂ္ထံ ေျပာင္းကစားလိုတယ္လို ဆိုခဲ့ျပီး အဲ့ အခြင့္အေရးက မရခဲ့တာေတာ့ မဟုတ္ပါဘူး။ မႏွစ္တုန္းက လိဒ္ယူႏုိက္တက္ဟာ သူ႔ကို ေခၚယူဖို႔ ယူရို ၂၂ သန္းနဲ႔ေတာင္မွ ၾကိဳးစားခဲ့ေသးတာပါ။ သို႔ေပမယ့္ ကစားသမားေလးက သူ႔ရဲ႕ ေျခစြမ္းတိုးတက္မႈအတြက္ ပံုမွန္ ပြဲထြက္ခြင့္ရဖို႔ ဇာဂရပ္ထံပဲ အငွားထြက္ကစားခဲ့တာျဖစ္ပါတယ္။

အနာဂတ္မွာ Gvardiol တစ္ေယာက္ လီဗာပူးအသင္းထံ ေရာက္လာမလားဆိုတာ အခုခ်ိန္ ေျပာႏုိင္ဦးမွာ မဟုတ္ပါဘူး။ ဒါေပမယ့္လို႔ လီဗာပူးနဲ႔ ရတ္ဘူးလ္အဖြဲ႔တို႔ဟာ ဆက္ဆံေရးေကာင္းေတြရွိေနေၾကာင္းကို အက္ဆာေလ့က်င့္ေရးက အသင္းသားေတြထဲမွာ ရတ္ဘူးလ္အႏြယ္ေတြ မ်ားျပားလာေနခဲ့ျခင္းက သက္ေသပဲ ျဖစ္ပါလိမ့္မယ္။