လီဗာပူးအသင်းဟာ နွေဈေးကွက်မှာ ကွင်းလယ်ပိုင်းကို အားဖြည့်ဖို့အား ဦးစားပေးအဖြစ် မစဉ်းစားထားဘူးလို့ နားလည်ထားရပေမယ့်လည်း ကွင်းလယ်လူတွေဖြင့် သတင်းထွက်မှုက ရပ်တန့်မသွားပါဘူး။
ကလော့ပ်ရဲ့ နည်းစနစ်မှာ အရေးပါခဲ့တဲ့ ဝိုက်နယ်ဒမ်လို ကစားသမားကို လက်လွတ်ရပြီးတဲ့နောက် လာမယ့်ရာသီ လီဗာပူးကွင်းလယ်အတွဲနဲ့ ပတ်သက်လို့ စူးစမ်းခံရမှုတွေ များနေဆဲဖြစ်တယ်။ လက်ရှိ လီဗာပူးကွင်းလယ်မှာ ဟန်ဒါဆန်၊ မီလ်နာ၊ သီယာဂိုလို ၃၀ နဲ့ ၃၀ အထက် ကစားသမားတွေ ချိန်ဘာလိန်၊ ကိတ်တာလို ဒဏ်ရာရလွယ်တဲ့ ကစားသမားတွေ ရှိနေခြင်းကြောင့် ကွင်းလယ်ပိုင်း သတင်းထွက်မှုက ဆက်တိုက် ရှိနေသေးတာလို့ မှတ်ယူရတယ်။
လီဗာပူးနဲ့ သတင်းထူးတွေ ထပ်မံ ထွက်ရှိလာနေဆဲ ကွင်းလယ်လူက လက်စတာမှ တိုင်လီမန်းစ်ဖြစ်ပြီး ရိုးမားမှ ပယ်လီဂရီနီကလည်း အပြောင်းအရွှေ့ သတင်းတွေထဲ ပါဝင်လာတယ်။
တိုင်လီမန်းစ်ဟာ အသက် ၂၄ နှစ်အရွယ်ပဲ ရှိသေးကာ လက်စတာအသင်းအတွက် အတော်လေး အရေးပါသူတစ်ဦးဖြစ်တယ်။ ၂၀၂၃ ခုနှစ်ထိပဲ စာချုပ်ကျန်ရှိတော့တဲ့ ဘယ်ဂျီယံ ကွင်းလယ်လူအတွက် လက်စတာက ပေါင် သန်း ၆၀ လောက် ဈေးခေါ်လိုပေမယ့် ဒီပြောင်းရွှေ့ကြေးက မဖြစ်နိုင်သလို ချန်ပီယံလိဂ်ဝင်ခွင့် ကလပ်တစ်သင်းက ဝင်ကမ်းလှမ်းမယ်ဆိုရင် ကစားသမားကို ထိန်းရခက်မှာဖြစ်ကြောင်း မြေခွေးတွေဘက်ကလည်း နားလည်ပါလိမ့်မယ်။
စိတ်ဝင်စားစရာ ဖြစ်လာတာက လီဗာပူးသတင်းထောက် David Maddock ရဲ့ ပယ်လီဂရီနီကို လီဗာပူးဘက်က ပေါင် ၂၈.၅ သန်းဖြင့် ကမ်းလှမ်းနိုင်ကြောင်း သတင်းပဲဖြစ်တယ်။ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူဟာ ရိုးမားအသင်းထံ မော်ရင်ညို ရောက်လာပြီးနောက် အသင်းက ထွက်ခွာမယ်လို့ သတင်းကြီးနေပါတယ်။
ပယ်လီဂရီနီက တိုက်စစ်အားသန် ကွင်းလယ်လူအဖြစ်ကော ခံစစ်အားသန် ကွင်းလယ်လူနေရာမှာပါ ကစားနိုင်တဲ့ ဗဟိုကွင်းလယ်လူမျိုးဖြစ်တယ်။ သူနဲ့ ရိုးမားကြား စာချုပ်က ၂၀၂၂ ခုနှစ်ထိပဲ ကျန်ရှိနေကာ စာချုပ်ပါကြေး ယူရို သန်း ၃၀ ရှိထားသူဖြစ်ပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ေႏြေစ်းကြက္မွာ ကြင္းလယ္ပိုင္းကို အားျဖည့္ဖို႔အား ဦးစားေပးအျဖစ္ မစဥ္းစားထားဘူးလို႔ နားလည္ထားရေပမယ့္လည္း ကြင္းလယ္လူေတြျဖင့္ သတင္းထြက္မႈက ရပ္တန္႔မသြားပါဘူး။
ကေလာ့ပ္ရဲ႕ နည္းစနစ္မွာ အေရးပါခဲ့တဲ့ ဝိုက္နယ္ဒမ္လို ကစားသမားကို လက္လြတ္ရျပီးတဲ့ေနာက္ လာမယ့္ရာသီ လီဗာပူးကြင္းလယ္အတြဲနဲ႔ ပတ္သက္လို႔ စူးစမ္းခံရမႈေတြ မ်ားေနဆဲျဖစ္တယ္။ လက္ရွိ လီဗာပူးကြင္းလယ္မွာ ဟန္ဒါဆန္၊ မီလ္နာ၊ သီယာဂိုလို ၃၀ နဲ႔ ၃၀ အထက္ ကစားသမားေတြ ခ်ိန္ဘာလိန္၊ ကိတ္တာလို ဒဏ္ရာရလြယ္တဲ့ ကစားသမားေတြ ရွိေနျခင္းေၾကာင့္ ကြင္းလယ္ပိုင္း သတင္းထြက္မႈက ဆက္တိုက္ ရွိေနေသးတာလို႔ မွတ္ယူရတယ္။
လီဗာပူးနဲ႔ သတင္းထူးေတြ ထပ္မံ ထြက္ရွိလာေနဆဲ ကြင္းလယ္လူက လက္စတာမွ တိုင္လီမန္းစ္ျဖစ္ျပီး ရိုးမားမွ ပယ္လီဂရီနီကလည္း အေျပာင္းအေရႊ႔ သတင္းေတြထဲ ပါဝင္လာတယ္။
တိုင္လီမန္းစ္ဟာ အသက္ ၂၄ ႏွစ္အရြယ္ပဲ ရွိေသးကာ လက္စတာအသင္းအတြက္ အေတာ္ေလး အေရးပါသူတစ္ဦးျဖစ္တယ္။ ၂၀၂၃ ခုႏွစ္ထိပဲ စာခ်ဳပ္က်န္ရွိေတာ့တဲ့ ဘယ္ဂ်ီယံ ကြင္းလယ္လူအတြက္ လက္စတာက ေပါင္ သန္း ၆၀ ေလာက္ ေစ်းေခၚလိုေပမယ့္ ဒီေျပာင္းေရႊ႔ေၾကးက မျဖစ္ႏုိင္သလို ခ်န္ပီယံလိဂ္ဝင္ခြင့္ ကလပ္တစ္သင္းက ဝင္ကမ္းလွမ္းမယ္ဆိုရင္ ကစားသမားကို ထိန္းရခက္မွာျဖစ္ေၾကာင္း ေျမေခြးေတြဘက္ကလည္း နားလည္ပါလိမ့္မယ္။
စိတ္ဝင္စားစရာ ျဖစ္လာတာက လီဗာပူးသတင္းေထာက္ David Maddock ရဲ႕ ပယ္လီဂရီနီကို လီဗာပူးဘက္က ေပါင္ ၂၈.၅ သန္းျဖင့္ ကမ္းလွမ္းႏုိင္ေၾကာင္း သတင္းပဲျဖစ္တယ္။ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ရိုးမားအသင္းထံ ေမာ္ရင္ညိဳ ေရာက္လာျပီးေနာက္ အသင္းက ထြက္ခြာမယ္လို႔ သတင္းၾကီးေနပါတယ္။
ပယ္လီဂရီနီက တိုက္စစ္အားသန္ ကြင္းလယ္လူအျဖစ္ေကာ ခံစစ္အားသန္ ကြင္းလယ္လူေနရာမွာပါ ကစားႏုိင္တဲ့ ဗဟိုကြင္းလယ္လူမ်ိဳးျဖစ္တယ္။ သူနဲ႔ ရိုးမားၾကား စာခ်ဳပ္က ၂၀၂၂ ခုႏွစ္ထိပဲ က်န္ရွိေနကာ စာခ်ဳပ္ပါေၾကး ယူရို သန္း ၃၀ ရွိထားသူျဖစ္ပါတယ္။