RedBird Capital ဟာ ဥရောပကလပ်တွေကို ဝယ်ယူဖို့ ကြိုးစားနေမှုကို အရှိန်မြင့်တင်နေပြီး စပိန် ဒုတိယတန်းလိဂ်က ရီးရဲလ် ဇာရာဂိုဇာကို ဝယ်ယူနိုင်ဖို့ ကြိုးစားနေပြီဖြစ်ပါတယ်။
စပိန်းသတင်းဌာနတွေရဲ့ ဖော်ပြမှုက အဆိုပါ အမေရိကန် ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဟာ ရေတိုအတွက်ဆိုရင် စပိန်မှာ မြုပ်နှံမှုလုပ်ဖို့ စိတ်ဝင်စားခြင်း မရှိပေမယ့်လည်း ကမ်းလှမ်းမှုတွေ ပေးခဲ့တဲ့ အနေအထားဖြစ်တယ်။ RedBird ဟာ Red Bull ကဲ့သို့သော ဘောလုံးအင်ပါယာတစ်ခုကို ထူထောင်လိုနေကြောင်း ၎င်းတို့ရဲ့ လုပ်ရပ်တွေက သက်သေပြနေခဲ့ပြီးဖြစ်တယ်။
RedBird Capital ဆိုတာက NBA ကြယ်ပွင့် LeBron James ပါဝင်ထားတဲ့ ဓနအင်အားကြီး အမေရိကန် ရင်းနှီးမြုပ်နှံမှု အဖွဲ့ဖြစ်တယ်။ ၎င်းတို့ဟာ မကြာသေးခင်ကပဲ ပရီးမီးယားလိဂ်ကလပ် လီဗာပူးအသင်းရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ Fenway Sports Group (FSG) ရဲ့ ရှယ်ယာ ၁၀% ကို ပေါင် ၅၃၃ သန်းပေးပြီး ဝယ်ယူထားပါသေးတယ်။
FSG နဲ့ RedBird Capital တို့ကြား ပူးပေါင်းမှုဟာ Red Bull အဖွဲ့ရဲ့ ဆဲလ်ဘတ်၊ နယူးယောက်နှင့် လိုက်ဇစ် ကလပ်တွေဖြင့် ဘောလုံးကွန်ယက်တစ်ခု ဖွဲ့စည်းထားမှုကဲ့သို့ ဖြစ်လာမယ်။ တနည်းအားဖြင့် မန်စီးတီးအသင်းလို စီးတီးဂရုတစ်ခုပုံစံ ဖြစ်လာမယ်လို့ ယုံကြည်ရပါတယ်။
လီဗာပူးအသင်းရဲ့ တတိယအကြီးဆုံး ရှယ်ယာရှင်ဖြစ်လာတဲ့ RedBird ဟာ မနှစ်ကပဲ လိဂ်တူးကလပ် တူးလော့အသင်းရဲ့ ရှယ်ယာ ၈၅%ကို ပိုင်ဆိုင်ထားသေးတာပါ။ ၎င်းတို့က စပိန်လိဂ်-၂ ဖြစ်တ့ ဇာရာဂိုဇာကို ဝယ်ယူဖို့ ကမ်းလှမ်းခြင်းဟာ ဥရောပကွန်ယက်ကို ပိုကျယ်ပြန့်အောင်နဲ့ ပိုချိတ်ဆက်နိုင်အောင်ဖြစ်လာဖို့ ရှိနေပါတယ်။
RedBird ဟာ ဥရောပမှာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ချပြခြင်း နည်းပါးနေသေးပေမယ့် ၎င်း ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဟာ လော့အိန်ဂျလိစ် အခြေစိုက် ကမ္ဘာအင်အားကြီး အားကစားအေဂျင့်စီကိုလည်း ရှယ်ယာ ၄၀% ထိ ပိုင်ဆိုင်ထားသေးတာဖြစ်တယ်။
လီဗာပူး၊ တူးလော့၊ ဇာရာဂိုဇာတို့ရဲ့ အဓိက ရှယ်ယာရှင်တွေဖြစ်လာချိန်မှာ RedBird ဟာ ကြယ်ပွင့် ကစားသမားတွေအတွက် ရင်းနှီးမြုပ်နှံမှု ကွန်ယက်တွေကို စတင် အသက်သွင်းဖွယ်ရှိပြီး ၎င်းတို့ရဲ့ အဓိက လမ်းကြောင်းကို ချပြသွားမယ်လို့ ယူဆခံနေရတာ ဖြစ်ပါတယ်။
ZAWGYI
RedBird ဟာ ဥရောပမှာ သူတို့ရဲ့ လုပ်နိုင်စွမ်းတွေကို ချပြခြင်း နည်းပါးနေသေးပေမယ့် ၄င်း ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီဟာ လော့အိန်ဂျလိစ် အခြေစိုက် ကမ္ဘာအင်အားကြီး အားကစားအေဂျင့်စီကိုလည်း ရှယ်ယာ ၄၀% ထိ ပိုင်ဆိုင်ထားသေးတာဖြစ်တယ်။
လီဗာပူး၊ တူးလော့၊ ဇာရာဂိုဇာတို့ရဲ့ အဓိက ရှယ်ယာရှင်တွေဖြစ်လာချိန်မှာ RedBird ဟာ ကြယ်ပွင့် ကစားသမားတွေအတွက် ရင်းနှီးမြုပ်နှံမှု ကွန်ယက်တွေကို စတင် အသက်သွင်းဖွယ်ရှိပြီး ၄င်းတို့ရဲ့ အဓိက လမ်းကြောင်းကို ချပြသွားမယ်လို့ ယူဆခံနေရတာ ဖြစ်ပါတယ်။