နွေအပြောင်းအရွှေ့ စတင်ဖွင့်လှစ်တဲ့ ဇွန်လ ၉ ရက်နေ့ နောက်ပိုင်းမှာ လီဗာပူးရဲ့ ဈေးကွက်ထဲ ဝင်ရောက်မှုက ရပ်တန့်မနေဘဲ စတင်လာခဲ့ပြီလို့ ယူဆရပါတယ်။

တိုင်လီမန်းစ်၊ ပယ်လီဂရီနီတို့ဖြင့် သတင်းတွေ ထွက်ရှိနေတဲ့ လီဗာပူးဟာ ဂျာမာန်လူငယ် ကွင်းလယ်လူ နွိုင်ဟောက်စ်ကို ခေါ်ယူရေးအတွက် မိုချန်ဂလာဘတ်အသင်းနဲ့ စကားပြောမှုတွေ စတင်ပြီလို့ သတင်းတွေ ထွက်ပေါ်လာတယ်။ ဒီသတင်းကို ဂျာမာန် ဂုဏ်သိက္ခာရှိ သတင်းတွေက စတင် ဖော်ပြလာခြင်းဖြစ်ပါတယ်။

Sport1 သတင်းထောက် Florian Plettenberg က မန်နေဂျာကလော့ပ်ဟာ နွိုင်ဟောက်စ်ကို ခေါ်ယူလိုကြောင်း ဖော်ပြလာခဲ့သလို ကစားသမားဘက်က ကိုယ်စားလှယ်တွေနဲ့ စကားပြောမှုတွေ စတင်ထားပြီလို့ ဖော်ထုတ်ခဲ့တယ်။ သူ့ရဲ့ သတင်းကို BILD Sport ရဲ့ အကြီးတန်း ဘောလုံးသတင်းထောက် Christian Falk ကလည်း မှန်ကန်ကြောင်း ထောက်ခံခဲ့ပါတယ်။

ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ ရှာဖွေနေတဲ့ လီဗာပူးက ဂျာမနီမှာ တောက်ပလာနေတဲ့ ၂၃ နှစ်သား ကစားသမားလေး နွိုင်ဟောက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်။ သူဟာ ဂျာမနီကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ် ရှိနေသေးတာဖြစ်ကာ စာချုပ်ထဲမှာတော့ ယူရို သန်း ၄၀ ရရင် အသင်းပြောင်းခွင့်ရှိတယ်လို့ ပါဝင်ထားကြောင်း သိထားရတာ ဖြစ်ပါတယ်။

ချန်ပီယံလိဂ်မှာ ၁၆ သင်းအဆင့် ရံှူးထွက်ကို ရောက်ရှိခဲ့သေးတဲ့ မိုချန်ဂလာဘတ်ဟာ ဘွန်ဒက်လီဂါ အမှတ်ပေးဇယားမှာ အဆင့် ၈ နေရာမှာပဲ ရပ်တည်ခဲ့ပါတယ်။ ဒါကြောင့် လာမယ့်ရာသီမှာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့သလို ယူရိုပါလိဂ်ပါ ဝင်ခွင့်မရခဲ့ခြင်းကြောင့် နွိုင်ဟောက်စ်ကို ဆက်ထိန်းရေး အခက်တွေ့မယ်လို့တော့ သတင်းတွေ ကြားနေရဆဲဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔ စတင္ဖြင့္လွစ္တဲ့ ဇြန္လ ၉ ရက္ေန႔ ေနာက္ပိုင္းမွာ လီဗာပူးရဲ႕ ေစ်းကြက္ထဲ ဝင္ေရာက္မႈက ရပ္တန္႔မေနဘဲ စတင္လာခဲ့ျပီလို႔ ယူဆရပါတယ္။

တိုင္လီမန္းစ္၊ ပယ္လီဂရီနီတို႔ျဖင့္ သတင္းေတြ ထြက္ရွိေနတဲ့ လီဗာပူးဟာ ဂ်ာမာန္လူငယ္ ကြင္းလယ္လူ ႏိြဳင္ေဟာက္စ္ကို ေခၚယူေရးအတြက္ မိုခ်န္ဂလာဘတ္အသင္းနဲ႔ စကားေျပာမႈေတြ စတင္ျပီလို႔ သတင္းေတြ ထြက္ေပၚလာတယ္။ ဒီသတင္းကို ဂ်ာမာန္ ဂုဏ္သိကၡာရွိ သတင္းေတြက စတင္ ေဖာ္ျပလာျခင္းျဖစ္ပါတယ္။

Sport1 သတင္းေထာက္ Florian Plettenberg က မန္ေနဂ်ာကေလာ့ပ္ဟာ ႏိြဳင္ေဟာက္စ္ကို ေခၚယူလိုေၾကာင္း ေဖာ္ျပလာခဲ့သလို ကစားသမားဘက္က ကိုယ္စားလွယ္ေတြနဲ႔ စကားေျပာမႈေတြ စတင္ထားျပီလို႔ ေဖာ္ထုတ္ခ့ဲတယ္။ သူ႔ရဲ႕ သတင္းကို BILD Sport ရဲ႕ အၾကီးတန္း ေဘာလံုးသတင္းေထာက္ Christian Falk ကလည္း မွန္ကန္ေၾကာင္း ေထာက္ခံခဲ့ပါတယ္။

ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ ရွာေဖြေနတဲ့ လီဗာပူးက ဂ်ာမနီမွာ ေတာက္ပလာေနတဲ့ ၂၃ ႏွစ္သား ကစားသမားေလး ႏိြဳင္ေဟာက္စ္ကို ေခၚယူဖို႔ စိတ္ဝင္စားေနတယ္။ သူဟာ ဂ်ာမနီကလပ္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ ရွိေနေသးတာျဖစ္ကာ စာခ်ဳပ္ထဲမွာေတာ့ ယူရို သန္း ၄၀ ရရင္ အသင္းေျပာင္းခြင့္ရွိတယ္လို႔ ပါဝင္ထားေၾကာင္း သိထားရတာ ျဖစ္ပါတယ္။

ခ်န္ပီယံလိဂ္မွာ ၁၆ သင္းအဆင့္ ရံွဴးထြက္ကို ေရာက္ရွိခဲ့ေသးတဲ့ မိုခ်န္ဂလာဘတ္ဟာ ဘြန္ဒက္လီဂါ အမွတ္ေပးဇယားမွာ အဆင့္ ၈ ေနရာမွာပဲ ရပ္တည္ခ့ဲပါတယ္။ ဒါေၾကာင့္ လာမယ့္ရာသီမွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ မရခဲ့သလို ယူရိုပါလိဂ္ပါ ဝင္ခြင့္မရခဲ့ျခင္းေၾကာင့္ ႏိြဳင္ေဟာက္စ္ကို ဆက္ထိန္းေရး အခက္ေတြ႔မယ္လို႔ေတာ့ သတင္းေတြ ၾကားေနရဆဲျဖစ္ပါတယ္။