လီဗာပူးအသင်းဟာ ဝိုက်နယ်ဒမ်နေရာ အစားထိုးမှု ပြုလုပ်မယ်လို့ သေချာပေါက် လုပ်ဆောင်နေခြင်း မရှိပါဘူး။ ယာဂင်ကလော့ပ်က ကွင်းလယ်လူ ကာတစ်ဂျုံးကို နေရာပိုပေးဖို့လည်း စိတ်ဝင်စားနေပါတယ်။
လီဗာပူးအသင်းဟာ ဂျာမာန်စတား နွိုင်ဟောက်စ်ကို တော်တော်လေး စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေက မှန်ကန်ပါတယ်။ သို့ပေမယ့် အပြောင်းအရွှေ့အတွက် စကားပြောမှု လုံးဝ မလုပ်သေးဘဲ ယူရို ၂၀၂၀ အပြီးထိ စောင့်ကြည့်ဦးမှာ ဖြစ်ပါတယ်။
ဂျော်ဒန်ဟန်ဒါဆန်ဟာ ကလပ်ဘေးကာလအတွင်း နိုင်ငံအတွက် သူ့ရဲ့ ကြိုးစားထမ်းဆောင်မှုတွေအတွက် MBE ဆုတံဆိပ် ချီးမြင့်ခံခဲ့ရပြီဖြစ်ပါတယ်။
အက်ဆာလေ့ကျင့်ရေးမှာ ကလော့ပ် အကြိုက် ကွင်းလယ်လူလို့ လူသိများတဲ့ လိုက်တန် ကလာဆန်ဟာ လာမယ့်ရာသီ ဘလက်ဘန်းအသင်းထံ အငှားထွက်ဖို့ အခြေအနေ ကောင်းနေပါတယ်။
ဘလက်ဘန်းအသင်းဟာ မနှစ်ကရာသီ အငှားခေါ်ယူခဲ့ပြီး တောက်ပခဲ့တဲ့ အီးလီးယော့ကို လာမယ့်ရာသီမှာလည်း ထပ်မံ အငှားခေါ်ယူလိုနေပါတယ်။ ဒါပေမယ့်လို့ အီးလီးယော့ကတော့ ရာသီကြိုမှာ လီဗာပူးအသင်းနဲ့အတူပဲ ပူးပေါင်းလိုနေတယ်။
ကွင်းလယ်လူ ကိတ်တာဟာ ရာသီကြိုအတွက် သူ့ရဲ့ တစ်ဦးတည်း လေ့ကျင့်နေမှု ဗီဒီယို အတိုတွေကို ထုတ်ပြလာပါတယ်။ အင်အားဖြည့်နေတဲ့ဆိုတဲ့ ကိတ်တာဟာ လာမယ့် ရာသီတွေကထက် အများကြီး ကြံ့ခိုင်နေပုံရပါတယ်။
ရှာကွီရီနဲ့ အိုရီဂီကို ရောင်းထုတ်နိုင်ခြင်း မရှိပါဘဲ လီဗာပူးအသင်းက တိုက်စစ်သမားသစ် ခေါ်ယူလို့ ရနိုင်မှာ မဟုတ်ပါဘူး။ ကလပ်က ရောင်းလိုပေမယ့် ကမ်းလှမ်းတဲ့ကလပ်တွေ မရလာခဲ့ရင် အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ သိရပါတယ်။
ညာအစွန်လူ နီကိုးကို ခေါ်ယူလိုနေတဲ့ ပရီးမီးယားလိဂ်ကလပ် အနည်းဆုံး ၄ သင်းထိ ရှိနေပြီး လီဗာပူးဘက်ကတော့ ထရန့်ရဲ့နေရာ အရန်အဖြစ် ဆက်ထားဖို့ပဲ လက်တလော ဆုံးဖြတ်ထားပါတယ်။
ZAWGYI
လီဗာပူးအသင္းဟာ ဝိုက္နယ္ဒမ္ေနရာ အစားထိုးမႈ ျပဳလုပ္မယ္လို႔ ေသခ်ာေပါက္ လုပ္ေဆာင္ေနျခင္း မရွိပါဘူး။ ယာဂင္ကေလာ့ပ္က ကြင္းလယ္လူ ကာတစ္ဂ်ံဳးကို ေနရာပိုေပးဖို႔လည္း စိတ္ဝင္စားေနပါတယ္။
လီဗာပူးအသင္းဟာ ဂ်ာမာန္စတား ႏိြဳင္ေဟာက္စ္ကို ေတာ္ေတာ္ေလး စိတ္ဝင္စားေနတယ္ဆိုတဲ့ သတင္းေတြက မွန္ကန္ပါတယ္။ သို႔ေပမယ့္ အေျပာင္းအေရႊ႔အတြက္ စကားေျပာမႈ လံုးဝ မလုပ္ေသးဘဲ ယူရို ၂၀၂၀ အျပီးထိ ေစာင့္ၾကည့္ဦးမွာ ျဖစ္ပါတယ္။
ေဂ်ာ္ဒန္ဟန္ဒါဆန္ဟာ ကလပ္ေဘးကာလအတြင္း ႏုိင္ငံအတြက္ သူ႔ရဲ႕ ၾကိဳးစားထမ္းေဆာင္မႈေတြအတြက္ MBE ဆုတံဆိပ္ ခ်ီးျမင့္ခံခဲ့ရျပီျဖစ္ပါတယ္။
အက္ဆာေလ့က်င့္ေရးမွာ ကေလာ့ပ္ အၾကိဳက္ ကြင္းလယ္လူလို႔ လူသိမ်ားတဲ့ လိုက္တန္ ကလာဆန္ဟာ လာမယ့္ရာသီ ဘလက္ဘန္းအသင္းထံ အငွားထြက္ဖို႔ အေျခအေန ေကာင္းေနပါတယ္။
ဘလက္ဘန္းအသင္းဟာ မႏွစ္ကရာသီ အငွားေခၚယူခဲ့ျပီး ေတာက္ပခဲ့တဲ့ အီးလီးေယာ့ကို လာမယ့္ရာသီမွာလည္း ထပ္မံ အငွားေခၚယူလိုေနပါတယ္။ ဒါေပမယ့္လို႔ အီးလီးေယာ့ကေတာ့ ရာသီၾကိဳမွာ လီဗာပူးအသင္းနဲ႔အတူပဲ ပူးေပါင္းလိုေနတယ္။
ကြင္းလယ္လူ ကိတ္တာဟာ ရာသီၾကိဳအတြက္ သူ႔ရဲ႕ တစ္ဦးတည္း ေလ့က်င့္ေနမႈ ဗီဒီယို အတိုေတြကို ထုတ္ျပလာပါတယ္။ အင္အားျဖည့္ေနတဲ့ဆိုတဲ့ ကိတ္တာဟာ လာမယ့္ ရာသီေတြကထက္ အမ်ားၾကီး ၾကံ႕ခိုင္ေနပံုရပါတယ္။
ရွာကီြရီနဲ႔ အိုရီဂီကို ေရာင္းထုတ္ႏုိင္ျခင္း မရွိပါဘဲ လီဗာပူးအသင္းက တိုက္စစ္သမားသစ္ ေခၚယူလို႔ ရႏုိင္မွာ မဟုတ္ပါဘူး။ ကလပ္က ေရာင္းလိုေပမယ့္ ကမ္းလွမ္းတဲ့ကလပ္ေတြ မရလာခဲ့ရင္ အလုပ္ျဖစ္မွာ မဟုတ္ဘူးလို႔ သိရပါတယ္။
ညာအစြန္လူ နီကိုးကို ေခၚယူလိုေနတဲ့ ပရီးမီးယားလိဂ္ကလပ္ အနည္းဆံုး ၄ သင္းထိ ရွိေနျပီး လီဗာပူးဘက္ကေတာ့ ထရန္႔ရဲ႕ေနရာ အရန္အျဖစ္ ဆက္ထားဖို႔ပဲ လက္တေလာ ဆံုးျဖတ္ထားပါတယ္။