တိုကျို အိုလံပစ်ကို ဇူလိုင်လ ၂၃ ရက်နေ့ကနေ သြဂုတ်လ ၈ ရက်နေ့ထိ ယှဉ်ပြိုင်သွားမှာဖြစ်ကာ လီဗာပူးအသင်းကတော့ အဆိုပါ ပြိုင်ပွဲမှာ အသင်းရဲ့ ကစားသမား တစ်ဦးကိုမှ စေလွှတ်ဖို့ အစီအစဉ် မရှိပါဘူး။

ပြီးခဲ့တဲ့ ၂၀၁၆ အိုလံပစ်မှာတုန်းက လီဗာပူးဟာ ခံစစ်မှူး အိုင်လိုရီကို ပေါ်တူဂီအသင်းအတွက် စေလွှတ်ပေးခဲ့ရတယ်။ ၂၀၁၂ အိုလံပစ်တုန်းကလည်း ဘယ်လာမီကို ဂရိတ်ဗြိတိန်၊ ဆွာရက်စ်နဲ့ ကိုအားတက်စ်တို့ကို ဥရေုဂွေးအသင်းတွေအတွက် လက်လွတ်ပေးခဲ့သေးတာဖြစ်တယ်။

ဒီနွေမှာတော့ ဆာလာ၊ မီနာမီနိုနဲ့ ကိုနာတေးတို့ကို လက်လွတ်ရမယ်လို့ သတင်းကြီးနေပြီး လီဗာပူးဘက်ကတော့ ဟန့်တားသွားဖို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ အသက် ၂၂ နှစ်အရွယ် ကိုနားတေးဟာ ဒီနွေတုန်းကပဲ ယူ-၂၁ ယူရို ပြိုင်ပွဲထံ ပါဝင် ယှဉ်ပြိုင်ခဲ့သေးတာဖြစ်တယ်။

ဂျပန်မှာ ကျင်းပမယ့် အိုလံပစ်ကို ကိုဗစ်-၁၉ ကပ်ဘေး ပြဿနာတွေကြောင့် လီဗာပူးက ကစားသမားတွေ စေလွှတ်ပေးလိုခြင်း မရှိပါဘူး။ မီနာမီနိုကို ရောင်းထုတ်ဖို့ ကြိုးစားနေပေမယ့် ပြိုင်ပွဲ မစတင်ချိန်ထိ လီဗာပူးအသင်းသား ဖြစ်နေဦးမယ်ဆိုရင် ပြိုင်ပွဲမှာ ပါဝင်ဖို့ထက် ရာသီကြိုမှာ အသင်းနဲ့ ပူးပေါင်းစေဖို့ကိုပဲ အသင်းဘက်က အားစိုက်ဖို့ ရှိနေတယ်။

ဆာလာ၊ ကိုနာတေး၊ မီနာမီနိုတို့ကို အိုလံပစ်အတွက် လက်လွတ်ရမယ်ဆိုရင် လီဗာပူးရဲ့ ရာသီကြိုတင် မကဘဲ ပရီးမီးယားလိဂ် အစပိုင်းပွဲတွေကိုပါ လွဲချော်ခွင့်ပြုရမှာဖြစ်တယ်။ မနှစ်ကရာသီကို ဒဏ်ရာတွေကြောင့် ခက်ခဲစွာ ယှဉ်ပြိုင်ခဲ့ရအပြီး ဒီနွေမှာတော့ အသင်းသား အားလုံး ရာသီကြိုမှာ လိုက်ပါနိုင်ရေးက မန်နေဂျာကလော့ပ်ရဲ့ ဦးစားပေး ကိစ္စလို့လည်း သိရတာ ဖြစ်ပါတယ်။

ZAWGYI

တိုက်ိဳ အိုလံပစ္ကို ဇူလိုင္လ ၂၃ ရက္ေန႔ကေန ၾသဂုတ္လ ၈ ရက္ေန႔ထိ ယွဥ္ျပိဳင္သြားမွာျဖစ္ကာ လီဗာပူးအသင္းကေတာ့ အဆိုပါ ျပိဳင္ပြဲမွာ အသင္းရဲ႕ ကစားသမား တစ္ဦးကိုမွ ေစလႊတ္ဖို႔ အစီအစဥ္ မရွိပါဘူး။

ျပီးခဲ့တဲ့ ၂၀၁၆ အိုလံပစ္မွာတုန္းက လီဗာပူးဟာ ခံစစ္မွဴး အိုင္လိုရီကို ေပၚတူဂီအသင္းအတြက္ ေစလႊတ္ေပးခဲ့ရတယ္။ ၂၀၁၂ အိုလံပစ္တုန္းကလည္း ဘယ္လာမီကို ဂရိတ္ျဗိတိန္၊ ဆြာရက္စ္နဲ႔ ကိုအားတက္စ္တို႔ကို ဥေရုေဂြးအသင္းေတြအတြက္ လက္လြတ္ေပးခဲ့ေသးတာျဖစ္တယ္။

ဒီေႏြမွာေတာ့ ဆာလာ၊ မီနာမီႏိုနဲ႔ ကိုနာေတးတို႔ကို လက္လြတ္ရမယ္လို႔ သတင္းၾကီးေနျပီး လီဗာပူးဘက္ကေတာ့ ဟန္႔တားသြားဖို႔ စိတ္ပိုင္းျဖတ္ထားပါတယ္။ အသက္ ၂၂ ႏွစ္အရြယ္ ကိုနားေတးဟာ ဒီေႏြတုန္းကပဲ ယူ-၂၁ ယူရို ျပိဳင္ပြဲထံ ပါဝင္ ယွဥ္ျပိဳင္ခဲ့ေသးတာျဖစ္တယ္။

ဂ်ပန္မွာ က်င္းပမယ့္ အိုလံပစ္ကို ကိုဗစ္-၁၉ ကပ္ေဘး ျပႆနာေတြေၾကာင့္ လီဗာပူးက ကစားသမားေတြ ေစလႊတ္ေပးလိုျခင္း မရွိပါဘူး။ မီနာမီႏိုကို ေရာင္းထုတ္ဖို႔ ၾကိဳးစားေနေပမယ့္ ျပိဳင္ပြဲ မစတင္ခ်ိန္ထိ လီဗာပူးအသင္းသား ျဖစ္ေနဦးမယ္ဆိုရင္ ျပိဳင္ပြဲမွာ ပါဝင္ဖို႔ထက္ ရာသီၾကိဳမွာ အသင္းနဲ႔ ပူးေပါင္းေစဖို႔ကိုပဲ အသင္းဘက္က အားစိုက္ဖို႔ ရွိေနတယ္။

ဆာလာ၊ ကိုနာေတး၊ မီနာမီႏိုတို႔ကို အိုလံပစ္အတြက္ လက္လြတ္ရမယ္ဆိုရင္ လီဗာပူးရဲ႕ ရာသီၾကိဳတင္ မကဘဲ ပရီးမီးယားလိဂ္ အစပိုင္းပြဲေတြကိုပါ လြဲေခ်ာ္ခြင့္ျပဳရမွာျဖစ္တယ္။ မႏွစ္ကရာသီကို ဒဏ္ရာေတြေၾကာင့္ ခက္ခဲစြာ ယွဥ္ျပိဳင္ခဲ့ရအျပီး ဒီေႏြမွာေတာ့ အသင္းသား အားလံုး ရာသီၾကိဳမွာ လိုက္ပါႏုိင္ေရးက မန္ေနဂ်ာကေလာ့ပ္ရဲ႕ ဦးစားေပး ကိစၥလို႔လည္း သိရတာ ျဖစ္ပါတယ္။