ဒဏ်ရာအခြေအနေတွေကြားက အင်္ဂလန်အသင်းထံ လိုက်ပါသွားတဲ့ ဟန်ဒါဆန်ဟာ တစ်ကိုယ်ကောင်းဆန်သူလို့ ပေါမာဆန်က စွပ်စွဲလိုက်ပါတယ်။ ကလပ်ပွဲတွေ လွဲချော်ထားတာ ၃ လ ကျော်ခဲ့ပြီးမှ လက်ရွေးစင်တာဝန်ကို ထမ်းဆောင်ခြင်းဟာ ကွင်းတွင်း စွမ်းဆောင်ရည်မှာ အကျိုးထူးမှာ မဟုတ်ဘူးလို့ ပေါမာဆန်က ယူဆနေပါတယ်။

ဒေါ့မွန်အသင်းက ဘယ်လင်ဟမ်ကို လီဗာပူးဘက်က စိတ်ဝင်စားနေကြောင်း နားလည်ထားတာမို့ ကစားသမားလေးကို စာချုပ်သစ် အမြန်ပေးဖို့ စီစဉ်နေပါတယ်။ စာချုပ်သစ်မှာတော့ ဘယ်လင်ဟမ်ကို တစ်ပတ် ပေါင် ၈၅၀၀၀ အထိ ပေးသွားမှာ ဖြစ်ပါတယ်။

လီဗာပူးရဲ့ ဘရာဇီးသား ကစားသမားတွေဖြစ်တဲ့ အယ်လီဆန်၊ ဖာမင်နို၊ ဖာဘင်ညိုတို့ဟာ ကိုပါအမေရိက ပြိုင်ပွဲကို ဘရာဇီးမှာ ကျင်းပဖို့ ဆုံးဖြတ်ခြင်းကို ဆန့်ကျင်ပေမယ့် လက်ရွေးစင်အသင်းကနေ နုတ်ထွက်မှာတော့ မဟုတ်ပါဘူး။

ယူရို ၂၀၂၀ မှာ လီဗာပူးအသင်း စောင့်ကြည့်မယ့် ကစားသမားက ဂျာမနီကွင်းလယ်လူ နွိုင်ဟောက်စ် တစ်ဦးတည်း မဟုတ်ဘူးလို့ သိရပါတယ်။

ကိတ်တာဟာ အားလပ်ရက်အဖြစ် အနားယူနေစဉ်မှာ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို အတော်လေး ကောင်းမွန်အောင် ထိန်းသိမ်းထားနိုင်တယ်လို့ သိရပြီး ရာသီကြိုကို ပူးပေါင်းဖို့ အဆင်သင့်ဖြစ်နေပါတယ်။

အန်ဖီးကွင်းက ပွဲကြည့်စင်ကို တိုးချဲ့ဖို့ လုပ်ငန်းစဉ်အတွက် လီဗာပူးဘက်က စတင်မှုတွေ လုပ်နေပါပြီ။ လာမယ့် အပတ်တွေမှာ ပိုမို မြင်သာတဲ့ လုပ်ငန်းစဉ်တွေ မြင်လာရဖို့ ရှိနေပါတယ်။

ခြေထောက်ဒဏ်ရာကြောင့် အင်္ဂလန်လူစာရင်းက နုတ်ထွက်ထားတဲ့ ထရန့်ဟာ အခြေအနေ ကောင်းနေတယ်လို့ သိရတယ်။ သူ့ရဲ့ ဒဏ်ရာ တိုးတက်မှု အသေးစိတ်ကိုတော့ အသင်းထံ ပြန်ပူးပေါင်းမယ့် ဇူလိုင်လ ၁၂ ရက်လောက်မှ သိရဖွယ် ရှိပါတယ်။

ZAWGYI

ဒဏ္ရာအေျခအေနေတြၾကားက အဂၤလန္အသင္းထံ လိုက္ပါသြားတဲ့ ဟန္ဒါဆန္ဟာ တစ္ကိုယ္ေကာင္းဆန္သူလို႔ ေပါမာဆန္က စြပ္စြဲလိုက္ပါတယ္။ ကလပ္ပြဲေတြ လြဲေခ်ာ္ထားတာ ၃ လ ေက်ာ္ခဲ့ျပီးမွ လက္ေရြးစင္တာဝန္ကို ထမ္းေဆာင္ျခင္းဟာ ကြင္းတြင္း စြမ္းေဆာင္ရည္မွာ အက်ိဳးထူးမွာ မဟုတ္ဘူးလို႔ ေပါမာဆန္က ယူဆေနပါတယ္။

ေဒါ့မြန္အသင္းက ဘယ္လင္ဟမ္ကို လီဗာပူးဘက္က စိတ္ဝင္စားေနေၾကာင္း နားလည္ထားတာမို႔ ကစားသမားေလးကို စာခ်ဳပ္သစ္ အျမန္ေပးဖို႔ စီစဥ္ေနပါတယ္။ စာခ်ဳပ္သစ္မွာေတာ့ ဘယ္လင္ဟမ္ကို တစ္ပတ္ ေပါင္ ၈၅၀၀၀ အထိ ေပးသြားမွာ ျဖစ္ပါတယ္။

လီဗာပူးရဲ႕ ဘရာဇီးသား ကစားသမားေတြျဖစ္တဲ့ အယ္လီဆန္၊ ဖာမင္ႏို၊ ဖာဘင္ညိဳတို႔ဟာ ကိုပါအေမရိက ျပိဳင္ပြဲကို ဘရာဇီးမွာ က်င္းပဖို႔ ဆံုးျဖတ္ျခင္းကို ဆန္႔က်င္ေပမယ့္ လက္ေရြးစင္အသင္းကေန ႏုတ္ထြက္မွာေတာ့ မဟုတ္ပါဘူး။

ယူရို ၂၀၂၀ မွာ လီဗာပူးအသင္း ေစာင့္ၾကည့္မယ့္ ကစားသမားက ဂ်ာမနီကြင္းလယ္လူ ႏိြဳင္ေဟာက္စ္ တစ္ဦးတည္း မဟုတ္ဘူးလို႔ သိရပါတယ္။

ကိတ္တာဟာ အားလပ္ရက္အျဖစ္ အနားယူေနစဥ္မွာ ခႏၶာကိုယ္ ၾကံ႕ခိုင္မႈကို အေတာ္ေလး ေကာင္းမြန္ေအာင္ ထိန္းသိမ္းထားႏုိင္တယ္လို႔ သိရျပီး ရာသီၾကိဳကို ပူးေပါင္းဖို႔ အဆင္သင့္ျဖစ္ေနပါတယ္။

အန္ဖီးကြင္းက ပြဲၾကည့္စင္ကို တိုးခ်ဲ႔ဖို႔ လုပ္ငန္းစဥ္အတြက္ လီဗာပူးဘက္က စတင္မႈေတြ လုပ္ေနပါျပီ။ လာမယ့္ အပတ္ေတြမွာ ပိုမို ျမင္သာတဲ့ လုပ္ငန္းစဥ္ေတြ ျမင္လာရဖို႔ ရွိေနပါတယ္။

ေျခေထာက္ဒဏ္ရာေၾကာင့္ အဂၤလန္လူစာရင္းက ႏုတ္ထြက္ထားတဲ့ ထရန္႔ဟာ အေျခအေန ေကာင္းေနတယ္လို႔ သိရတယ္။ သူ႔ရဲ႕ ဒဏ္ရာ တိုးတက္မႈ အေသးစိတ္ကိုေတာ့ အသင္းထံ ျပန္ပူးေပါင္းမယ့္ ဇူလိုင္လ ၁၂ ရက္ေလာက္မွ သိရဖြယ္ ရွိပါတယ္။