လီဗာပူးဟာ မွန်ချန်ဂလာဘတ် ကွင်းလယ်လူ နွိုင်ဟောက်စ်ကို ခေါ်ယူရေးအတွက် တရားဝင် ကမ်းလှမ်းမှု မလုပ်ပေမယ့် လှုပ်ရှားမှုတွေ ရှိလာခဲ့ပါပြီ။
ယူရိုပြိုင်ပွဲမှာ နွိုင်ဟောက်စ် အပါအဝင် ကြယ်ပွင့် ကစားသမားအချို့ကို စောင့်ကြည့်ဖို့ လီဗာပူးက ဆုံးဖြတ်ထားတယ်။ ဂျာမာန်သတင်းဌာန Sport1 ရဲ့ အကြီးတန်း သတင်းထောက် Florian Plettenberg က လီဗာပူးဟာ ဂျာမနီအသင်းနဲ့ လေ့ကျင့်ရေးဝင်နေတဲ့ နွိုင်ဟောက်စ်ထံ ဆက်သွယ်မှုပါ ပြုလုပ်ထားပြီလို့ ဆိုပါတယ်။
Florian Plettenberg က ” ကျနော်ရထားတဲ့ အချက်အလက်ကတော့ ညိနှိုင်းမှုတွေအတွက် အာရုံစိုက်နေကြခြင်း မရှိဘူး။ ဒါပေမယ့် ကစားသမားရဲ့ ကိုယ်စားလှယ်နဲ့ လီဗာပူး တာဝန်ရှိသူတွေကြားမှာ ဆက်သွယ်မှုတော့ လုပ်ခဲ့ကြတယ်။
လီဗာပူးက နွိုင်ဟောက်စ်ကို အတော်လေး စိတ်ဝင်စားနေပါတယ်။ ဘာလို့လည်းဆိုတော့ ဂျာမာန်သားက အရည်အချင်းရှိတယ်၊ စွယ်စုံသုံးနိုင်တဲ့ ကစားသမားဖြစ်သလို ဂျာမနီလိဂ်ရဲ့ အကောင်းဆုံးတွေထဲက တစ်ဦးဖြစ်ပါတယ်။ မေးခွန်းကတော့ သူက မိုချန်ဂလာဘတ်ကနေ ထွက်ခွာလိုမလားပါပဲ။
သူက ဂျာမနီကလပ်နဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားတယ်။ စာချုပ်ပါ ဖျက်သိမ်းကြေးလည်း မရှိပါဘူး။ အကယ်လို့ ဒီနွေမှာ လီဗာပူးက သူ့အတွက် ကမ်းလှမ်းမယ်ဆိုရင် အားကစားဒါရိုက်တာနဲ့ စကားပြောရမှုတွေ ရှိလာမှာပါ။
အခုချိန်ထိတော့ လာမယ့် ၂၀၂၂ နွေဈေးကွက်မှ သူထွက်ခွာဖို့ ဖြစ်နိုင်နေဆဲပါ။ ဒါပေမယ့် အားလုံးက လီဗာပူးအပေါ်မှာပဲ မူတည်နေပါတယ်။ ဒီနွေမှာ ခေါ်ယူဖို့ ကိန်းဂဏန်းအချို့ကို သူတို့ စားပွဲပေါ်တင် ကမ်းလှမ်းမလား မကမ်းလှမ်းဘူးလားပေါ့ ?” လို့ ဆိုခဲ့တာဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူအတွက် လီဗာပူးက ယူရို သန်း ၄၀ သုံးရမယ်လို့ ခန့်မှန်းထားပေမယ့် တိကျတဲ့ ပြောင်းရွှေ့ကြေးက ထွက်ပေါ်မလာသေးတာ ဖြစ်ပါတယ်။
ZAWGYI
လီဗာပူးဟာ မြန္ခ်န္ဂလာဘတ္ ကြင္းလယ္လူ ႏိြဳင္ေဟာက္စ္ကို ေခၚယူေရးအတြက္ တရားဝင္ ကမ္းလွမ္းမႈ မလုပ္ေပမယ့္ လႈပ္ရွားမႈေတြ ရွိလာခဲ့ပါျပီ။
ယူရိုျပိဳင္ပြဲမွာ ႏိြဳင္ေဟာက္စ္ အပါအဝင္ ၾကယ္ပြင့္ ကစားသမားအခ်ိဳ႔ကို ေစာင့္ၾကည့္ဖို႔ လီဗာပူးက ဆံုးျဖတ္ထားတယ္။ ဂ်ာမာန္သတင္းဌာန Sport1 ရဲ႕ အၾကီးတန္း သတင္းေထာက္ Florian Plettenberg က လီဗာပူးဟာ ဂ်ာမနီအသင္းနဲ႔ ေလ့က်င့္ေရးဝင္ေနတဲ့ ႏိြဳင္ေဟာက္စ္ထံ ဆက္သြယ္မႈပါ ျပဳလုပ္ထားျပီလို႔ ဆိုပါတယ္။
Florian Plettenberg က ” က်ေနာ္ရထားတဲ့ အခ်က္အလက္ကေတာ့ ညိႏိႈင္းမႈေတြအတြက္ အာရံုစိုက္ေနၾကျခင္း မရွိဘူး။ ဒါေပမယ့္ ကစားသမားရဲ႕ ကိုယ္စားလွယ္နဲ႔ လီဗာပူး တာဝန္ရွိသူေတြၾကားမွာ ဆက္သြယ္မႈေတာ့ လုပ္ခဲ့ၾကတယ္။
လီဗာပူးက ႏိြဳင္ေဟာက္စ္ကို အေတာ္ေလး စိတ္ဝင္စားေနပါတယ္။ ဘာလို႔လည္းဆိုေတာ့ ဂ်ာမာန္သားက အရည္အခ်င္းရွိတယ္၊ စြယ္စံုသံုးႏုိင္တဲ့ ကစားသမားျဖစ္သလို ဂ်ာမနီလိဂ္ရဲ႕ အေကာင္းဆံုးေတြထဲက တစ္ဦးျဖစ္ပါတယ္။ ေမးခြန္းကေတာ့ သူက မိုခ်န္ဂလာဘတ္ကေန ထြက္ခြာလိုမလားပါပဲ။
သူက ဂ်ာမနီကလပ္နဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတယ္။ စာခ်ဳပ္ပါ ဖ်က္သိမ္းေၾကးလည္း မရွိပါဘူး။ အကယ္လို႔ ဒီေႏြမွာ လီဗာပူးက သူ႔အတြက္ ကမ္းလွမ္းမယ္ဆိုရင္ အားကစားဒါရိုက္တာနဲ႔ စကားေျပာရမႈေတြ ရွိလာမွာပါ။
အခုခ်ိန္ထိေတာ့ လာမယ့္ ၂၀၂၂ ေႏြေစ်းကြက္မွ သူထြက္ခြာဖို႔ ျဖစ္ႏုိင္ေနဆဲပါ။ ဒါေပမယ့္ အားလံုးက လီဗာပူးအေပၚမွာပဲ မူတည္ေနပါတယ္။ ဒီေႏြမွာ ေခၚယူဖို႔ ကိန္းဂဏန္းအခ်ိဳ႔ကို သူတို႔ စားပြဲေပၚတင္ ကမ္းလွမ္းမလား မကမ္းလွမ္းဘူးလားေပါ့ ?” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူအတြက္ လီဗာပူးက ယူရို သန္း ၄၀ သံုးရမယ္လို႔ ခန္႔မွန္းထားေပမယ့္ တိက်တဲ့ ေျပာင္းေရႊ႔ေၾကးက ထြက္ေပၚမလာေသးတာ ျဖစ္ပါတယ္။