မန်ယူအသင်းဟာ အတိတ်က အသုံးစရိတ်ကြီးတွေ အသုံးပြုပြီး မအောင်မြင်ထားတဲ့ ခေါ်ယူမှုတွေကို အနာဂတ်မှာ ထပ်မဖြစ်ရအောင် ကလပ်အသင်း ကစားသမားဟောင်း သုံးဦးပါဝင်မယ့် အပြောင်းအရွှေ့ဆိုင်ရာ ကော်မတီတစ်ခုကို ဖွဲ့စည်းသွားမှာဖြစ်တယ်။

မန်ယူဟာ လက်ရှိမှာ ဖလက်ချာနဲ့ ကာရင်တန်မှာ အဆိုပါကိစ္စ ဆွေးနွေးနေဆဲဖြစ်ပြီး အဆိုပါအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာ မသိရသေးပေမယ့် ဖာဒီနန်ကိုလည်း စကားပြောနေတယ်လို့ သိရတယ်။ လက်ရှိ လီဗာပူးမှာ ကျင့်သုံးနေတဲ့ စနစ်နဲ့လည်း တူညီတယ်လို့တော့ သိထားရတယ်။

မန်ယူဟာ ဖာဂူဆန် မရှိတော့တဲ့နောက် ဒီမာရီယာ၊ လူကာကူ၊ ပေါ့ဘာတို့ကို ဈေးကြီးပေးပြီး ခေါ်ယူခဲ့တဲ့အပြင် ဆန်းချက်ကိုလည်း လစာအများကြီးပေးပြီး ခေါ်ထားပေမယ့် ဒီသုံးယောက်စလုံးဆီက ထိုက်တန်တဲ့ခြေစွမ်းမျိုး ပြန်မရထားပါဘူး။

ဆိုးရှားလက်ထက်မှာ ခေါ်ယူမှုတွေကို အမှားမခံတော့ဖို့ရာ အစီအစဉ်တွေ ရေးဆွဲနေပြီး အပြောင်းအရွှေ့ကော်မတီက အများကြီး အထောက်အကူ ပြုနိုင်လိမ့်မယ်လို့လည်း သုံးသပ်ကြပါတယ်။ အဆိုပါအဖွဲ့ကို ဖွဲ့စည်းလိုက်ရင်တော့ အပြောင်းအရွှေ့တွေမှာ ဝုဒ်ဝတ်ရဲ့ လွှမ်းမိုးမှုက လျော့ကျလာဖို့ ရှိပါတယ်။

ယူနိုက်တက် ဖွဲ့စည်းမယ့် အပြောင်းအရွှေ့ ကော်မတီဟာ ကလပ်အသင်းအတွက် ကစားဖို့ရာ ကိုက်ညီတဲ့ အရည်အချင်းရှိသူ လူငယ်နဲ့ အရွယ်ကောင်း ကစားသမားတွေကို အဓိက ခေါ်ယူမှာဖြစ်ပြီး ဆိုးရှား ခေါ်ယူမယ့် လူသစ်တွေအပေါ်မှာ လွှမ်းမိုးမှု ကြီးမားမယ်လို့ သိရပါတယ်။