လက်စတာဟာ ဘာစီလိုနာ ကွင်းလယ်လူ ကော်တင်ညိုအတွက် အံ့သြသင့်ဖွယ် ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ဖို့ စီစဉ်နေပြီလို့ စပိန်သတင်းတွေက ဖော်ပြပါတယ်။
၂၀၁၈ ခုနှစ်မှာ လီဗာပူးကနေ စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၁၄၂ သန်းဖြင့် ထွက်ခွာသွားတဲ့ ဘရာဇီးသားကို ပရီးမီးယားလိဂ်ထံ ပြန်ခေါ်ပြီး ဆရာဟောင်း ရော်ဂျာနဲ့ တွဲဘက်ပေးဖို့ကို လက်စတာဘက်က ဆန္ဒရှိနေတာပါ။ ကော်တင်ညိုဟာ စပိန်မှာတော့ လာလီဂါပွဲ ၆၄ ပွဲပဲ ကစားထားရသူဖြစ်ပြီး သွင်းဂိုး ၁၅ ဂိုး သွင်းယူထားခဲ့တယ်။
အသက် ၂၉ နှစ်အရွယ် ကွင်းလယ်လူဟာ ဒီဇင်ဘာနှောင်းပိုင်းမှာ အီဘာအသင်းနဲ့ ရင်ဆိုင်စဉ် ရခဲ့တဲ့ ဒူးဒဏ်ရာကြောင့် ခွဲစိတ်မှု နှစ်ကြိမ် ဝင်ခဲ့ရတယ်။ သူဟာ ၂၀၂၁ ခုနှစ်အတွင်း ဘာကာအတွက် ပွဲလုံးဝ ကစားပေးထားရခြင်း မရှိပါဘူး။
မေလတုန်းကပဲ ဘာစီလိုနာဟာ ၎င်းတို့ရဲ့ ကွင်းလယ်လူ ကော်တင်ညိုကို ပြန်လည် ခေါ်ယူဖို့ လီဗာပူးအသင်းအား ကမ်းလှမ်းမှု ပြုလုပ်သွားပါကြောင်း စပိန်သတင်းဌာန AS က ဖော်ပြခဲ့ပါသေးတယ်။ ဘာကာဟာ တတိယအဖွဲ့ထံ ပေးဆပ်ရဦးမယ့် ကော်တင်ညိုအတွက် ကြွေးကျန်ကို ဖယ်ရှားနိုင်ဖို့ ယူရို သန်း ၅၀ ဖြင့် ခေါ်ယူနိုင်ကြောင်း လီဗာပူးကို ကမ်းလှမ်းခြင်းလည်း ဖြစ်ပါတယ်။
လီဗာပူးဘက်က စိတ်ဝင်စားခြင်း မရှိခဲ့တဲ့ ကော်တင်ညိုကို လက်စတာဘက်က ပေါင် သန်း ၂၀ ဖြင့် ခေါ်ယူနိုင်ဖို့ ကြိုးစားလိုနေတယ်။ ဘာစီလိုနာဘက်ကလည်း ဘရာဇီးသားရဲ့ မြင့်မားတဲ့ လုပ်ခကို ရှင်းထုတ်နိုင်ဖို့ ဒီနွေမှာတင် ရောင်းချရေးကို ဦးစားပေးဖြစ်ပါတယ်။
ကော်တင်ညိုရဲ့ အကောင်းဆုံး အချိန်တွေ ကုန်ခဲ့ပြီလို့ အသင်းအများအပြားက ယုံကြည်နေပေမယ့် မန်နေဂျာရော်ဂျာမှာ ခြားနားတဲ့ အမြင်ရှိဟန်တူတယ်။ လက်စတာမန်နေဂျာ ရော်ဂျာနဲ့ ကော်တင်ညိုတို့ဟာ ၂၀၁၃-၂၀၁၄ ဘောလုံးရာသီတုန်းက လီဗာပူးအသင်းနဲ့အတူ အမှတ်ပေးချန်ပီယံဖြစ်ဖို့ နီးစပ်ခဲ့ကြသေးတာ ဖြစ်ပါတယ်။
ZAWGYI
လက္စတာဟာ ဘာစီလိုနာ ကြင္းလယ္လူ ေကာ္တင္ညိဳအတြက္ အံ့ၾသသင့္ဖြယ္ ကမ္းလွမ္းမႈတစ္ခုကို ျပဳလုပ္ဖို႔ စီစဥ္ေနျပီလို႔ စပိန္သတင္းေတြက ေဖာ္ျပပါတယ္။
၂၀၁၈ ခုႏွစ္မွာ လီဗာပူးကေန စံခ်ိန္တင္ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၄၂ သန္းျဖင့္ ထြက္ခြာသြားတဲ့ ဘရာဇီးသားကို ပရီးမီးယားလိဂ္ထံ ျပန္ေခၚျပီး ဆရာေဟာင္း ေရာ္ဂ်ာနဲ႔ တြဲဘက္ေပးဖို႔ကို လက္စတာဘက္က ဆႏၵရွိေနတာပါ။ ေကာ္တင္ညိဳဟာ စပိန္မွာေတာ့ လာလီဂါပြဲ ၆၄ ပြဲပဲ ကစားထားရသူျဖစ္ျပီး သြင္းဂိုး ၁၅ ဂိုး သြင္းယူထားခဲ့တယ္။
အသက္ ၂၉ ႏွစ္အရြယ္ ကြင္းလယ္လူဟာ ဒီဇင္ဘာေႏွာင္းပိုင္းမွာ အီဘာအသင္းနဲ႔ ရင္ဆိုင္စဥ္ ရခဲ့တဲ့ ဒူးဒဏ္ရာေၾကာင့္ ခြဲစိတ္မႈ ႏွစ္ၾကိမ္ ဝင္ခဲ့ရတယ္။ သူဟာ ၂၀၂၁ ခုႏွစ္အတြင္း ဘာကာအတြက္ ပြဲလံုးဝ ကစားေပးထားရျခင္း မရွိပါဘူး။
ေမလတုန္းကပဲ ဘာစီလိုနာဟာ ၄င္းတို႔ရဲ႕ ကြင္းလယ္လူ ေကာ္တင္ညိဳကို ျပန္လည္ ေခၚယူဖို႔ လီဗာပူးအသင္းအား ကမ္းလွမ္းမႈ ျပဳလုပ္သြားပါေၾကာင္း စပိန္သတင္းဌာန AS က ေဖာ္ျပခဲ့ပါေသးတယ္။ ဘာကာဟာ တတိယအဖြဲ႔ထံ ေပးဆပ္ရဦးမယ့္ ေကာ္တင္ညိဳအတြက္ ေၾကြးက်န္ကို ဖယ္ရွားႏုိင္ဖို႔ ယူရို သန္း ၅၀ ျဖင့္ ေခၚယူႏုိင္ေၾကာင္း လီဗာပူးကို ကမ္းလွမ္းျခင္းလည္း ျဖစ္ပါတယ္။
လီဗာပူးဘက္က စိတ္ဝင္စားျခင္း မရွိခဲ့တဲ့ ေကာ္တင္ညိဳကို လက္စတာဘက္က ေပါင္ သန္း ၂၀ ျဖင့္ ေခၚယူႏုိင္ဖို႔ ၾကိဳးစားလိုေနတယ္။ ဘာစီလိုနာဘက္ကလည္း ဘရာဇီးသားရဲ႕ ျမင့္မားတဲ့ လုပ္ခကို ရွင္းထုတ္ႏုိင္ဖို႔ ဒီေႏြမွာတင္ ေရာင္းခ်ေရးကို ဦးစားေပးျဖစ္ပါတယ္။
ေကာ္တင္ညိဳရဲ႕ အေကာင္းဆံုး အခ်ိန္ေတြ ကုန္ခဲ့ျပီလို႔ အသင္းအမ်ားအျပားက ယံုၾကည္ေနေပမယ့္ မန္ေနဂ်ာေရာ္ဂ်ာမွာ ျခားနားတဲ့ အျမင္ရွိဟန္တူတယ္။ လက္စတာမန္ေနဂ်ာ ေရာ္ဂ်ာနဲ႔ ေကာ္တင္ညိဳတို႔ဟာ ၂၀၁၃-၂၀၁၄ ေဘာလံုးရာသီတုန္းက လီဗာပူးအသင္းနဲ႔အတူ အမွတ္ေပးခ်န္ပီယံျဖစ္ဖို႔ နီးစပ္ခဲ့ၾကေသးတာ ျဖစ္ပါတယ္။