လီဗာပူးဂန္တဝင်ကြီး ဂျွန်ဘမ်းစ်က ချိန်ဘာလိန်အနေနဲ့ ပွဲကစားခွင့်တွေအတွက် ဒီနွေမှာ လက်စတာနဲ့ ဝက်ဟမ်းအသင်းတွေထံ ပြောင်းရွှေ့ဖို့ တိုက်တွန်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ပရီးမီးယားလိဂ်ကစားခွင့်ကို နောက်ဆုံးရခဲ့တဲ့ ချိန်ဘာလိန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ နှစ်ခုလုံးမှာ ဒဏ်ရာပြဿနာတွေကြောင့် ပုံမှန်ပွဲကစားနိုင်ခဲ့ခြင်း မရှိပါဘူး။ ရာသီကြိုမှာ ရခဲ့တဲ့ ဒဏ်ရာကနေ ဒီဇင်ဘာမှ ပြန်လာနိုင်ခဲ့ပေမယ့် သူ့ရဲ့ ကြံ့ခိုင်မှုဟာ ယာဂင်ကလော့ပ် ရွေးချယ်ရလောက်တဲ့ထိ အဆင်သင့်ဖြစ်မနေခဲ့တာပါ။

၂၀၁၇ မှာ အာဆင်နယ်ကနေ လီဗာပူးကို ပေါင် ၃၅ သန်းဖြင့် ပြောင်းလာခဲ့တဲ့ ချိန်ဘာလိန်ဟာ အသက် ၂၇ နှစ်အရွယ်ရှိပြီဖြစ်ကာ ကစားသမားဘဝ အကောင်းဆုံးကာလတွေအတွက် အသင်းသစ်ကို ပြောင်းသင့်ပြီလို့ ဂျွန်ဘမ်းက မြင်ပါတယ်။

တိုက်စစ်သမားဟောင်းက ဆိုရာမှာ “ ချိန်ဘာလိန်အနေနဲ့ လက်စတာ (သို့) ဝက်ဟမ်းကို ပြောင်းသင့်တယ်လို့ ကျနော် ထင်ပါတယ်။ လက်စတာက သူနဲ့ ပိုအံဝင်မှာဖြစ်ပြီး မြေခွေးတွေက ဝက်ဟမ်းထက်စာရင် ထိပ်ဆုံး ၇ သင်းအဖြစ် ပိုမို အသားကျနေခဲ့တယ်။ ဝက်ဟမ်းကတော့ ထိပ်ဆုံးအဆင့်တွေကို စိန်ခေါ်နိုင်ခြင်း မရှိသေးပါဘူး။

သို့ပေမယ့် ချိန်ဘာလိန်က တောင်ဘက်ကို ပြန်ပြောင်းလိုတယ်ဆိုရင်တော့ ဝက်ဟမ်းက သူ့အတွက် ကောင်းမွန်တဲ့ ရွေးချယ်စရာ ဖြစ်လာပါလိမ့်မယ် ” လို့ ဆိုခဲ့တာဖြစ်တယ်။

လီဗာပူးကွင်းလယ်လူတွေဖြစ်တဲ့ ကိတ်တာနဲ့ ချိန်ဘာလိန်တို့ဟာ မန်နေဂျာကလော့ပ် အများကြီး မျှော်လင့်ခဲ့ရသူတွေဖြစ်ပေမယ့် ဒဏ်ရာပြဿနာတွေနဲ့ပဲ ရုန်းကန်နေခဲ့ရတယ်။ လီဗာပူးဘက်ကတော့ ဒီနွေမှာ ကွင်းလယ်လူတွေကို အခွင့်အရေး ထပ်ပေးမယ်လို့ ဆိုထားပါသေးတယ်။

ပရီးမီးယားလိဂ်ကလပ်တွေက ကိတ်တာနဲ့ ချိန်ဘာလိန်တို့ကို ခေါ်ယူလိုကြောင်း သတင်းထွက်နေမှုလည်းရှိပြီး တရားဝင် ကမ်းလှမ်းမှုတွေတော့ ထွက်ပေါ်မလာသေးတာဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး ဂၽြန္ဘမ္းစ္က ခ်ိန္ဘာလိန္အေနနဲ႔ ပြဲကစားခြင့္ေတြအတြက္ ဒီေႏြမွာ လက္စတာနဲ႔ ဝက္ဟမ္းအသင္းေတြထံ ေျပာင္းေရႊ႔ဖို႔ တိုက္တြန္းလုိက္ပါတယ္။

ျပီးခဲ့တဲ့ ဇန္နဝါရီမွာ ပရီးမီးယားလိဂ္ကစားခြင့္ကို ေနာက္ဆံုးရခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ ျပီးခဲ့တဲ့ ေဘာလံုးရာသီ ႏွစ္ခုလံုးမွာ ဒဏ္ရာျပႆနာေတြေၾကာင့္ ပံုမွန္ပြဲကစားႏုိင္ခဲ့ျခင္း မရွိပါဘူး။ ရာသီၾကိဳမွာ ရခဲ့တဲ့ ဒဏ္ရာကေန ဒီဇင္ဘာမွ ျပန္လာႏုိင္ခဲ့ေပမယ့္ သူ႔ရဲ႕ ၾကံ႕ခိုင္မႈဟာ ယာဂင္ကေလာ့ပ္ ေရြးခ်ယ္ရေလာက္တဲ့ထိ အဆင္သင့္ျဖစ္မေနခဲ့တာပါ။

၂၀၁၇ မွာ အာဆင္နယ္ကေန လီဗာပူးကို ေပါင္ ၃၅ သန္းျဖင့္ ေျပာင္းလာခဲ့တဲ့ ခ်ိန္ဘာလိန္ဟာ အသက္ ၂၇ ႏွစ္အရြယ္ရွိျပီျဖစ္ကာ ကစားသမားဘဝ အေကာင္းဆံုးကာလေတြအတြက္ အသင္းသစ္ကို ေျပာင္းသင့္ျပီလို႔ ဂၽြန္ဘမ္းက ျမင္ပါတယ္။

တိုက္စစ္သမားေဟာင္းက ဆိုရာမွာ “ ခ်ိန္ဘာလိန္အေနနဲ႔ လက္စတာ (သို႔) ဝက္ဟမ္းကို ေျပာင္းသင့္တယ္လို႔ က်ေနာ္ ထင္ပါတယ္။ လက္စတာက သူနဲ႔ ပိုအံဝင္မွာျဖစ္ျပီး ေျမေခြးေတြက ဝက္ဟမ္းထက္စာရင္ ထိပ္ဆံုး ၇ သင္းအျဖစ္ ပိုမို အသားက်ေနခဲ့တယ္။ ဝက္ဟမ္းကေတာ့ ထိပ္ဆံုးအဆင့္ေတြကို စိန္ေခၚႏိုင္ျခင္း မရွိေသးပါဘူး။

သို႔ေပမယ့္ ခ်ိန္ဘာလိန္က ေတာင္ဘက္ကို ျပန္ေျပာင္းလိုတယ္ဆိုရင္ေတာ့ ဝက္ဟမ္းက သူ႔အတြက္ ေကာင္းမြန္တဲ့ ေရြးခ်ယ္စရာ ျဖစ္လာပါလိမ့္မယ္ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

လီဗာပူးကြင္းလယ္လူေတြျဖစ္တဲ့ ကိတ္တာနဲ႔ ခ်ိန္ဘာလိန္တို႔ဟာ မန္ေနဂ်ာကေလာ့ပ္ အမ်ားၾကီး ေမွ်ာ္လင့္ခဲ့ရသူေတြျဖစ္ေပမယ့္ ဒဏ္ရာျပႆနာေတြနဲ႔ပဲ ရုန္းကန္ေနခဲ့ရတယ္။ လီဗာပူးဘက္ကေတာ့ ဒီေႏြမွာ ကြင္းလယ္လူေတြကို အခြင့္အေရး ထပ္ေပးမယ္လို႔ ဆိုထားပါေသးတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြက ကိတ္တာနဲ႔ ခ်ိန္ဘာလိန္တို႔ကို ေခၚယူလိုေၾကာင္း သတင္းထြက္ေနမႈလည္းရွိျပီး တရားဝင္ ကမ္းလွမ္းမႈေတြေတာ့ ထြက္ေပၚမလာေသးတာျဖစ္ပါတယ္။