ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်းကို ချိတ်ဆက်နေတဲ့ လီဗာပူး

လီဗာပူးအသင်းဟာ ပီအက်စ်ဗီတိုက်စစ်မှူး မေလန်ကို ဒီနွေမှာ ခေါ်ယူနိုင်မလား အခြေအနေအတွက် စကားမေးမြန်းမှု လုပ်ထားပါတယ်။ ဒီသတင်းကို စကိုင်းစပေါ့သတင်းထောက်က ဖော်ပြလာခြင်းဖြစ်ကာ နယ်သာလန်သား တိုက်စစ်မှူးဟာ ပြီးခဲတဲ့ ရာသီမှာ ၃၂ ပွဲအတွင်း ကိုယ်တိုင် ၁၉ ဂိုးသွင်းပြီး ဂိုးထောက်ပံ့မှု ၈ ကြိမ် လုပ်ထားနိုင်သူဖြစ်တယ်။

အေဂျက်နဲ့ အာဆင်နယ် အကယ်ဒမီတွေမှာ ပညာသင်ယူခဲ့ဖူးတဲ့ ၂၂ နှစ်သား တိုက်စစ်သမားဟာ အထောင်တိုက်စစ်နေရာကို အဓိက ကစားသူဖြစ်ပြီး ဘယ်တောင်ပံကော ညာတောင်ပံမှာပါ ကစားနိုင်စွမ်း ရှိသူဖြစ်ပါတယ်။ သူဟာ ပီအက်စ်ဗီနဲ့ ၂၀၂၄ ခုနှစ်ထိ စာချုပ်ရှိထားတယ်။ သူ့ရဲ့ မြန်နှုန်းနဲ့ အဆုံးသတ်ပိုင်း ကောင်းမွန်မှုဟာ လီဗာပူးအသင်းနဲ့ အံဝင်မယ်လို့ ယုံကြည်ထားရမှုတွေ ရှိနေတာဖြစ်ပါတယ်။

မီနာမီနိုနဲ့ နီကိုးအတွဲကို လိုချင်တဲ့ ဆောက်သမ်တန်

ဆောက်သမ်တန်အသင်းဟာ သူတို့ အငှားခေါ်ယူထားတဲ့ လီဗာပူးတိုက်စစ်သမား မီနာမီနိုကို အပြီးသတ် စာချုပ်ဖြင့် ခေါ်ယူလိုနေပါတယ်။ ဆောက်သမ်တန်ဘက်က မီနာမီနိုအပြင် နီကိုးကိုလည်း ခေါ်ယူလိုပြီး နှစ်ဦးအတွက် ပေါင် ၁၅ သန်း ဝန်းကျင်ပေးမှာဖြစ်တယ်။ မီနာမီနိုကို အပြီးသတ် ခေါ်ယူလိုကာ နီကိုးကို အငှားစာချုပ်ဖြင့် ခေါ်ယူလိုခြင်းလို့ သိရတယ်။

ကလပ်နှစ်သင်းကြား ဆွေးနွေးမှုတွေ ရှိပေမယ့်လည်း သဘောတူညီမှုတော့ မရသေးပါဘူး။ မန်နေဂျာကလော့ပ်ဘက်က ထရန့်ရဲ့ အရန်အဖြစ် နီကိုးကို ဆက်ထားလိုပြီး အသင်းဟာ ဒီအပြောင်းအရွှေ့မှာ အစွန်လူသစ်တစ်ဦး ခေါ်ယူဖို့ အစီအစဉ် မရှိပါဘူး။

ချန်ပီယံရှစ်ကလပ်ထံ အငှားထပ်ထွက်မယ့် ဗန်ဒန်ဘတ်

ချန်ပီယံရှစ်ကလပ် ပရီစတန်အသင်းဟာ လီဗာပူးရဲ့ နယ်သာလန်သား ခံစစ်သမား ဗန်ဒန်ဘတ်ကို နောက်တစ်ရာသီ အငှားခေါ်ယူခွင့်အား စောင့်ဆိုင်းနေပါတယ်။ ဗန်ဒန်ဘတ် အင်္ဂလန်ကို ပြန်ရောက်လာတာနဲ့ စာချုပ်ကိစ္စ စကားပြောမှာဖြစ်ကာ ၎င်းတို့ကတော့ ခံစစ်သမားကို ညာအစွန်နေရာမှာပဲ ဦးစားပေးသုံးဖို့ လျာထားပါတယ်။

ဥရောပတိုက်သား ဦးစားပေး ခေါ်ယူရတော့မယ့် လီဗာပူး

အာဖရိကဖလားကို ဇန်နဝါရီ ၉ ရက်နေ့မှာ စတင်ကျင်းမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ အပြီးသတ်မယ်လို့ အတည်ပြုလိုက်ပါတယ်။ ဒါကြောင့် ဆာလာ၊ မာနေးနဲ့ ကိတ်တာတို့ဟာ ရာသီဝက်ကာလမှာ အာဖရိကဖလား သွားရောက် ယှဉ်ပြိုင်ရမှာဖြစ်ကာ ဗိုလ်လုပွဲထိ ရောက်ခဲ့မယ်ဆိုရင် လီဗာပူးရဲ့ ပွဲစဉ် ၆ ပွဲလောက်ထိ လွဲချော်မှာဖြစ်ပါတယ်။

လီဗာပူးဘက်ကတော့ ဒီနွေမှာ ဥရောပတိုက်သား ကစားသမားတွေကို ဦးစားပေး ခေါ်ယူဖွယ်ရှိကာ စွမ်းဆောင်ရည်နဲ့ ကြံ့ခိုင်မှုကို အကဲဖြတ်နိုင်ဖို့ ယူရို ၂၀၂၀ ပြိုင်ပွဲ ပြီးဆုံးချိန်ထိ စောင့်ဆိုင်းသွားဖွယ် ရှိနေပါတယ်။

ZAWGYI

ပရီးမီးယားလိဂ္ တိုက္စစ္မွဴးေဟာင္းကို ခ်ိတ္ဆက္ေနတဲ့ လီဗာပူး

လီဗာပူးအသင္းဟာ ပီအက္စ္ဗီတိုက္စစ္မွဴး ေမလန္ကို ဒီေႏြမွာ ေခၚယူႏုိင္မလား အေျခအေနအတြက္ စကားေမးျမန္းမႈ လုပ္ထားပါတယ္။ ဒီသတင္းကို စကိုင္းစေပါ့သတင္းေထာက္က ေဖာ္ျပလာျခင္းျဖစ္ကာ နယ္သာလန္သား တိုက္စစ္မွဴးဟာ ျပီးခဲတဲ့ ရာသီမွာ ၃၂ ပြဲအတြင္း ကိုယ္တိုင္ ၁၉ ဂိုးသြင္းျပီး ဂိုးေထာက္ပံ့မႈ ၈ ၾကိမ္ လုပ္ထားႏုိင္သူျဖစ္တယ္။

ေအဂ်က္နဲ႔ အာဆင္နယ္ အကယ္ဒမီေတြမွာ ပညာသင္ယူခဲ့ဖူးတဲ့ ၂၂ ႏွစ္သား တိုက္စစ္သမားဟာ အေထာင္တိုက္စစ္ေနရာကို အဓိက ကစားသူျဖစ္ျပီး ဘယ္ေတာင္ပံေကာ ညာေတာင္ပံမွာပါ ကစားႏုိင္စြမ္း ရွိသူျဖစ္ပါတယ္။ သူဟာ ပီအက္စ္ဗီနဲ႔ ၂၀၂၄ ခုႏွစ္ထိ စာခ်ဳပ္ရွိထားတယ္။ သူ႔ရဲ႕ ျမန္ႏႈန္းနဲ႔ အဆံုးသတ္ပိုင္း ေကာင္းမြန္မႈဟာ လီဗာပူးအသင္းနဲ႔ အံဝင္မယ္လို႔ ယံုၾကည္ထားရမႈေတြ ရွိေနတာျဖစ္ပါတယ္။

မီနာမီႏိုနဲ႔ နီကိုးအတြဲကို လိုခ်င္တဲ့ ေဆာက္သမ္တန္

ေဆာက္သမ္တန္အသင္းဟာ သူတို႔ အငွားေခၚယူထားတဲ့ လီဗာပူးတိုက္စစ္သမား မီနာမီႏိုကို အျပီးသတ္ စာခ်ဳပ္ျဖင့္ ေခၚယူလိုေနပါတယ္။ ေဆာက္သမ္တန္ဘက္က မီနာမီႏိုအျပင္ နီကိုးကိုလည္း ေခၚယူလိုျပီး ႏွစ္ဦးအတြက္ ေပါင္ ၁၅ သန္း ဝန္းက်င္ေပးမွာျဖစ္တယ္။ မီနာမီႏိုကို အျပီးသတ္ ေခၚယူလိုကာ နီကိုးကို အငွားစာခ်ဳပ္ျဖင့္ ေခၚယူလိုျခင္းလို႔ သိရတယ္။

ကလပ္ႏွစ္သင္းၾကား ေဆြးေႏြးမႈေတြ ရွိေပမယ့္လည္း သေဘာတူညီမႈေတာ့ မရေသးပါဘူး။ မန္ေနဂ်ာကေလာ့ပ္ဘက္က ထရန္႔ရဲ႕ အရန္အျဖစ္ နီကိုးကို ဆက္ထားလိုျပီး အသင္းဟာ ဒီအေျပာင္းအေရႊ႔မွာ အစြန္လူသစ္တစ္ဦး ေခၚယူဖို႔ အစီအစဥ္ မရွိပါဘူး။

ခ်န္ပီယံရွစ္ကလပ္ထံ အငွားထပ္ထြက္မယ့္ ဗန္ဒန္ဘတ္

ခ်န္ပီယံရွစ္ကလပ္ ပရီစတန္အသင္းဟာ လီဗာပူးရဲ႕ နယ္သာလန္သား ခံစစ္သမား ဗန္ဒန္ဘတ္ကို ေနာက္တစ္ရာသီ အငွားေခၚယူခြင့္အား ေစာင့္ဆိုင္းေနပါတယ္။ ဗန္ဒန္ဘတ္ အဂၤလန္ကို ျပန္ေရာက္လာတာနဲ႔ စာခ်ဳပ္ကိစၥ စကားေျပာမွာျဖစ္ကာ ၄င္းတို႔ကေတာ့ ခံစစ္သမားကို ညာအစြန္ေနရာမွာပဲ ဦးစားေပးသံုးဖို႔ လ်ာထားပါတယ္။

ဥေရာပတိုက္သား ဦးစားေပး ေခၚယူရေတာ့မယ့္ လီဗာပူး

အာဖရိကဖလားကို ဇန္နဝါရီ ၉ ရက္ေန႔မွာ စတင္က်င္းမွာျဖစ္ျပီး ေဖေဖာ္ဝါရီလ ၆ ရက္ေန႔မွာ အျပီးသတ္မယ္လို႔ အတည္ျပဳလိုက္ပါတယ္။ ဒါေၾကာင့္ ဆာလာ၊ မာေနးနဲ႔ ကိတ္တာတို႔ဟာ ရာသီဝက္ကာလမွာ အာဖရိကဖလား သြားေရာက္ ယွဥ္ျပိဳင္ရမွာျဖစ္ကာ ဗိုလ္လုပြဲထိ ေရာက္ခဲ့မယ္ဆိုရင္ လီဗာပူးရဲ႕ ပြဲစဥ္ ၆ ပြဲေလာက္ထိ လြဲေခ်ာ္မွာျဖစ္ပါတယ္။

လီဗာပူးဘက္ကေတာ့ ဒီေႏြမွာ ဥေရာပတိုက္သား ကစားသမားေတြကို ဦးစားေပး ေခၚယူဖြယ္ရွိကာ စြမ္းေဆာင္ရည္နဲ႔ ၾကံ႕ခိုင္မႈကို အကဲျဖတ္ႏုိင္ဖို႔ ယူရို ၂၀၂၀ ျပိဳင္ပြဲ ျပီးဆံုးခ်ိန္ထိ ေစာင့္ဆိုင္းသြားဖြယ္ ရွိေနပါတယ္။