လီဗာပူးလူငယ် ရီမီ ဆာဗေ့ဂျ်ဟာ ပရီးမီးယားလိဂ်ကလပ် နယူးကာဆယ်နဲ့ ၃ နှစ်စာချုပ် လက်မှတ်ရေးထိုးသွားမယ်လို့ လီဗာပူးသတင်းထောက် James Pearce က အတည်ပြုပါတယ်။
အသက် ၁၉ နှစ်အရွယ် ခံစစ်သမားဟာ ဒီနွေမှာ လီဗာပူးနဲ့ စာချုပ် ကုန်ဆုံးခဲ့တာကြောင့် အလွတ်ဖြင့် ထွက်ခွာခွင့်ရသွားသူပါ။ စာချုပ်မကုန်ခင်မှာ လီဗာပူးဘက်က ၁ နှစ် သက်တမ်းတိုးစာချုပ် ကမ်းလှမ်းပေမယ့် အကယ်ဒမီထွက် ခံစစ်မှူးက စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ လမ်းခွဲခြင်းကိုပဲ ရွေးချယ်ခဲ့တာဖြစ်တယ်။
လီဗာပူးကနေ ထွက်ခွာစဉ်မှာ နယူးကာဆယ်ဘက်က စီနီယာအသင်းအတွက် ခေါ်ယူခဲ့ခြင်းဖြစ်ကာ အလွတ်ဖြင့် လက်မှတ်ထိုးမှာဖြစ်ပေမယ့် အကယ်ဒမီကြေးအဖြစ် လီဗာပူးဘက်ကို ပေါင် ၂ သိန်းခွဲ ပေးရမှာဖြစ်ပါတယ်။
ဗဟိုခံစစ်မှူးနဲ့ ဘယ်ခြမ်းခံစစ်နေရာတွေမှာ ကစားတဲ့ ဆားဗေ့ချ်ဟာ လီဗာပူးအသင်းထံ ယူ-၉ အသင်းထဲက ပူးပေါင်းခဲ့သူဖြစ်တယ်။ ယူ-၁၈ အသင်းကို စတီဗင်ဂျရတ် ကိုင်တွယ်တဲ့ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီမှာ လူငယ်အသင်းထံ တိုးမြင့်ရောက်ရှိလာခဲ့တယ်။ သူဟာ ၂၀၁၉ လူငယ်အက်ဖ်အေဖလား အနိုင်ရမှုမှာ အသင်းသားအဖြစ် ပါဝင်ခဲ့သေးသူဖြစ်တယ်။
ဒီနွေမှာ လီဗာပူးဘယ်အစွန်လူ လာရိုစီကလည်း စာချုပ်ကုန်ဆုံးခဲ့ပြီဖြစ်တယ်။ အသက် ၂၀ အရွယ် ဘယ်အစွန်လူကို ကလပ်ဘက်က သက်တမ်းတိုးစာချုပ် ပေးထားပေမယ့် လာရိုစီ ကိုယ်တိုင်ကတော့ အခြားသော ကမ်းလှမ်းမှုတွေလည်း ရထားတာကြောင့် အနာဂတ်အတွက် စဉ်းစားနေဆဲဖြစ်ကာ ထွက်ခွာဖို့ အခွင့်အလမ်းများနေပါတယ်။
ZAWGYI
လီဗာပူးလူငယ္ ရီမီ ဆာေဗ့ဂ်္ဟာ ပရီးမီးယားလိဂ္ကလပ္ နယူးကာဆယ္နဲ႔ ၃ ႏွစ္စာခ်ဳပ္ လက္မွတ္ေရးထိုးသြားမယ္လို႔ လီဗာပူးသတင္းေထာက္ James Pearce က အတည္ျပဳပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ ခံစစ္သမားဟာ ဒီေႏြမွာ လီဗာပူးနဲ႔ စာခ်ဳပ္ ကုန္ဆံုးခဲ့တာေၾကာင့္ အလြတ္ျဖင့္ ထြက္ခြာခြင့္ရသြားသူပါ။ စာခ်ဳပ္မကုန္ခင္မွာ လီဗာပူးဘက္က ၁ ႏွစ္ သက္တမ္းတိုးစာခ်ဳပ္ ကမ္းလွမ္းေပမယ့္ အကယ္ဒမီထြက္ ခံစစ္မွဴးက စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ဖို႔ လမ္းခြဲျခင္းကိုပဲ ေရြးခ်ယ္ခဲ့တာျဖစ္တယ္။
လီဗာပူးကေန ထြက္ခြာစဥ္မွာ နယူးကာဆယ္ဘက္က စီနီယာအသင္းအတြက္ ေခၚယူခဲ့ျခင္းျဖစ္ကာ အလြတ္ျဖင့္ လက္မွတ္ထိုးမွာျဖစ္ေပမယ့္ အကယ္ဒမီေၾကးအျဖစ္ လီဗာပူးဘက္ကို ေပါင္ ၂ သိန္းခြဲ ေပးရမွာျဖစ္ပါတယ္။
ဗဟိုခံစစ္မွဴးနဲ႔ ဘယ္ျခမ္းခံစစ္ေနရာေတြမွာ ကစားတဲ့ ဆားေဗ့ခ်္ဟာ လီဗာပူးအသင္းထံ ယူ-၉ အသင္းထဲက ပူးေပါင္းခဲ့သူျဖစ္တယ္။ ယူ-၁၈ အသင္းကို စတီဗင္ဂ်ရတ္ ကိုင္တြယ္တဲ့ ၂၀၁၇-၂၀၁၈ ေဘာလံုးရာသီမွာ လူငယ္အသင္းထံ တိုးျမင့္ေရာက္ရွိလာခဲ့တယ္။ သူဟာ ၂၀၁၉ လူငယ္အက္ဖ္ေအဖလား အႏုိင္ရမႈမွာ အသင္းသားအျဖစ္ ပါဝင္ခ့ဲေသးသူျဖစ္တယ္။
ဒီေႏြမွာ လီဗာပူးဘယ္အစြန္လူ လာရိုစီကလည္း စာခ်ဳပ္ကုန္ဆံုးခဲ့ျပီျဖစ္တယ္။ အသက္ ၂၀ အရြယ္ ဘယ္အစြန္လူကို ကလပ္ဘက္က သက္တမ္းတိုးစာခ်ဳပ္ ေပးထားေပမယ့္ လာရိုစီ ကိုယ္တုိင္ကေတာ့ အျခားေသာ ကမ္းလွမ္းမႈေတြလည္း ရထားတာေၾကာင့္ အနာဂတ္အတြက္ စဥ္းစားေနဆဲျဖစ္ကာ ထြက္ခြာဖို႔ အခြင့္အလမ္းမ်ားေနပါတယ္။