မန်ယူဟာ ပီအက်စ်ဂျီအသင်းမှ ကွင်းလယ်လူ ပြင်သစ်သားလေး ရာဘီရော့ကို နွေအပြောင်းအရွှေ့မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်ဖို့ ဦးတည်လာခဲ့ပါပြီ။

အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ ဒီဇင်ဘာကတည်းက ပီအက်စ်ဂျီရဲ့ ကမ်းလှမ်းမှုတွေကို ပယ်ချထားပြီး နောက်ထပ် ကလပ်တစ်သင်းကိုပဲ ပြောင်းရွှေ့ဖို့ စိတ်ပိုင်းဖြတ်ထားတာကြောင့် ပြင်သစ်ကလပ်နဲ့ အဆင်မပြေဖြစ်နေခဲ့တာပါ။

မန်ယူကို ရှုံးပြီး ပီအက်စ်ဂျီ ချန်ပီယံလိဂ် က ထွက်ခဲ့ရတဲ့ ပွဲပြီးနောက် အင်စတာဂရမ်မှာ ပက်ထရစ် အီဗရာတင်ထားတဲ့ အောင်ပွဲခံ ဗီဒီယိုကို လိုက်ခ် လုပ်ခဲ့မိတာကြောင့် ကွင်းလယ်ကစားသမား ရာဘီရော့ဟာ မိခင်ကလပ်အသင်းရဲ့ ပိတ်ပင် လစာဖြတ်ခံရတဲ့ ပြစ်ဒဏ်ချမှတ်ခြင်း ခံခဲ့ရဖူးပါတယ်။

ကစားသမားကို ပီအက်စ်ဂျီအသင်းက ကစားခွင့်ပိတ်ပင်ခြင်း ခံရပြီး ၆ ရက်စာ လစာဖြတ်တောက်ခြင်းပါ ခံလိုက်ရပါတယ်။ ပြင်သစ် အခြေစိုက် သတင်းဌာန RMC Sport ဖော်ထုတ်မှုအရ အပြစ်ပေးခံရခြင်းဟာ မတ်လ ၁၅ ရက်နဲ့ ၂၀ ရက်ကြားမှာ ဖြစ်ခဲ့တာဖြစ်ပြီး ကစားသမားဟာ ပထမအသင်းနဲ့ ခွဲထားခြင်း ခံခဲ့ရပါတယ်။

ဧပြီလ ၃ ရက်နေ့ ရက်စွဲနဲ့ ပီအက်စ်ဂျီ ကလပ်အသင်းဘက်က ရာဘီရော့ရဲ့ အင်စတာဂရမှာ လိုက်ခ် လုပ်ခဲ့မှုဟာ ကလပ်အသင်းရဲ့ ပုံရိပ်နဲ့ မီဒီယာပိုင်း ထိခိုက်မှု ရှိခဲ့ခြင်းအပေါ် အသေးစိတ်ဖော်ပြထားချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် မန်ယူကို ရာဘီရော့ ရောက်လာနိုင်မလား စိတ်လှုပ်ရှားနေမိပါပြီ။