နွေအပြောင်းအရွှေ့မှာ လီဗာပူးအသင်းက ခေါ်ယူဖို့ သတင်းကြီးနေတဲ့ ဒါကာ အပြင် နွိုက်ဟောက်စ်ကလည်း ရာသီသစ်အတွင်း မာဆေးဆိုဒ်ကလပ်ထံ ပြောင်းလာဖို့ မျှော်လင့်ရ ခက်ခဲလာပါပြီ။

လီဗာပူးက ခေါ်ယူဖို့ စောင့်ကြည့်နေတဲ့ မိုချန်ဂလာဘတ် ကွင်းလယ်လူ နွိုက်ဟောက်စ်က ဒီနွေမှာ အသင်းပြောင်းဖို့ထက် ပုံမှန်ကစားခွင့်ပေးမယ့် ဂျာမနီကလပ်မှာပဲ တစ်နှစ် ဆက်နေသွားဖို့ အခြေအနေရှိနေကြာင်း ဒီကနေ့မှာပဲ ဂျာမာန် သတင်းထောက် Tobi Altschaffl က ဖော်ပြလာခဲ့တယ်။

ယခုချိန်ထိ မိုချန်ဂလာဘတ်က ကွင်းလယ်လူအတွက် ကမ်းလှမ်းလာမှုတွေကို လက်ခံရခြင်း မရှိသေးပါဘူး။ လီဗာပူးဘက်က ကစားသမားရဲ့ အေးဂျင့်ထံ ဒီနွေမှာ နွိုက်ဟောက်စ်ကို ခေါ်ယူခွင့်ရနိုင်မလား မေးမြန်းခဲ့ပေမယ့် တရားဝင် ကမ်းလှမ်းမှု ပေးပို့ခဲ့သေးခြင်း မရှိဘူး။ ဂလာဘတ်က ကမ်းလှမ်းမှုတွေ ရမယ်ဆိုရင် နားထောင်ပေးဖို့ရာ ငြင်းဆန်မှာ မဟုတ်ပေမယ့် အခုချိန်ထိတော့ နွိုက်စ်ဟောက်ကို တစ်နှစ်လောက် ဆက်ထိန်းဖို့ ဆန္ဒရှိနေဆဲဖြစ်တယ်။

လီဗာပူးရဲ့ အစောပိုင်း လေ့လာထားမှုတွေအရ အသက် ၂၄ နှစ်အရွယ် ကွင်းလယ်လူကို ဒီနွေမှာ ပေါင် ၃၄.၃ သန်းဖြင့် ခေါ်ယူနိုင်မှာဖြစ်တယ်။ ဝိုက်နယ်ဒမ်နေရာ အစားထိုးဖို့ရာ ဂျာမနီကွင်းလယ်လူဟာ သင့်လျော်တဲ့ စဉ်းစားစရာဖြစ်ပေမယ့် ယူရိုပြိုင်ပွဲ မပြီးခင်တော့ မာဆေးဆိုဒ်ကလပ်ထံက ကမ်းလှမ်းမှုတွေ မြင်ရဖို့ မရှိပါဘူး။

Bild သတင်းထောက် Tobi Altschaffl က ဂလာဘတ်မန်နေဂျာသစ် ဟက်သာနဲ့ နွိုက်စ်ဟောက်ကြား ဆွေးနွေးမှုဟာ အကောင်းမြင်စရာဖြစ်ခဲ့ပြီး ကွင်းလယ်လူက လက်ရှိကလပ်မှာ တစ်နှစ် ဆက်နေလိုနေတယ်လို့ ဖော်ပြခဲ့တယ်။ ရာသီသစ်မှာ မန်နေဂျာသစ်ထံက ပုံမှန်ပွဲထွက်ခွင့် ဆက်ရမှာကိုလည်း နွိုက်စ်ဟောက်က စိတ်လှုပ်ရှားနေပါတယ်။

နွေဈေးကွက်အတွင်း လီဗာပူးနဲ့ သတင်းကြီးထားတဲ့ နောက်ထပ် ကစားသမားဖြစ်သူ ဆဲလ်ဘတ်တိုက်စစ်မှူး ဒါကာကလည်း လာမယ့် အပတ်မှာ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်းထံ ရောက်ရှိကြောင်း တရားဝင် ကြေညာချက်တွေ ထွက်လာမယ်လို့လည်း သိထားရတာဖြစ်ပါတယ်။

ZAWGYI

ေႏြအေျပာင္းအေရႊ႔မွာ လီဗာပူးအသင္းက ေခၚယူဖို႔ သတင္းၾကီးေနတဲ့ ဒါကာ အျပင္ ႏိြဳက္ေဟာက္စ္ကလည္း ရာသီသစ္အတြင္း မာေဆးဆိုဒ္ကလပ္ထံ ေျပာင္းလာဖို႔ ေမွ်ာ္လင့္ရ ခက္ခဲလာပါျပီ။

လီဗာပူးက ေခၚယူဖို႔ ေစာင့္ၾကည့္ေနတဲ့ မိုခ်န္ဂလာဘတ္ ကြင္းလယ္လူ ႏိြဳက္ေဟာက္စ္က ဒီေႏြမွာ အသင္းေျပာင္းဖို႔ထက္ ပံုမွန္ကစားခြင့္ေပးမယ့္ ဂ်ာမနီကလပ္မွာပဲ တစ္ႏွစ္ ဆက္ေနသြားဖို႔ အေျခအေနရွိေနၾကာင္း ဒီကေန႔မွာပဲ ဂ်ာမာန္ သတင္းေထာက္ Tobi Altschaffl က ေဖာ္ျပလာခဲ့တယ္။

ယခုခ်ိန္ထိ မိုခ်န္ဂလာဘတ္က ကြင္းလယ္လူအတြက္ ကမ္းလွမ္းလာမႈေတြကို လက္ခံရျခင္း မရွိေသးပါဘူး။ လီဗာပူးဘက္က ကစားသမားရဲ႕ ေအးဂ်င့္ထံ ဒီေႏြမွာ ႏိြဳက္ေဟာက္စ္ကို ေခၚယူခြင့္ရႏုိင္မလား ေမးျမန္းခဲ့ေပမယ့္ တရားဝင္ ကမ္းလွမ္းမႈ ေပးပို႔ခဲ့ေသးျခင္း မရွိဘူး။ ဂလာဘတ္က ကမ္းလွမ္းမႈေတြ ရမယ္ဆိုရင္ နားေထာင္ေပးဖို႔ရာ ျငင္းဆန္မွာ မဟုတ္ေပမယ့္ အခုခ်ိန္ထိေတာ့ ႏိြဳက္စ္ေဟာက္ကို တစ္ႏွစ္ေလာက္ ဆက္ထိန္းဖို႔ ဆႏၵရွိေနဆဲျဖစ္တယ္။

လီဗာပူးရဲ႕ အေစာပိုင္း ေလ့လာထားမႈေတြအရ အသက္ ၂၄ ႏွစ္အရြယ္ ကြင္းလယ္လူကို ဒီေႏြမွာ ေပါင္ ၃၄.၃ သန္းျဖင့္ ေခၚယူႏုိင္မွာျဖစ္တယ္။ ဝိုက္နယ္ဒမ္ေနရာ အစားထိုးဖို႔ရာ ဂ်ာမနီကြင္းလယ္လူဟာ သင့္ေလ်ာ္တဲ့ စဥ္းစားစရာျဖစ္ေပမယ့္ ယူရိုျပိဳင္ပြဲ မျပီးခင္ေတာ့ မာေဆးဆိုဒ္ကလပ္ထံက ကမ္းလွမ္းမႈေတြ ျမင္ရဖို႔ မရွိပါဘူး။

Bild သတင္းေထာက္ Tobi Altschaffl က ဂလာဘတ္မန္ေနဂ်ာသစ္ ဟက္သာနဲ႔ ႏိြဳက္စ္ေဟာက္ၾကား ေဆြးေႏြးမႈဟာ အေကာင္းျမင္စရာျဖစ္ခဲ့ျပီး ကြင္းလယ္လူက လက္ရွိကလပ္မွာ တစ္ႏွစ္ ဆက္ေနလိုေနတယ္လို႔ ေဖာ္ျပခဲ့တယ္။ ရာသီသစ္မွာ မန္ေနဂ်ာသစ္ထံက ပံုမွန္ပြဲထြက္ခြင့္ ဆက္ရမွာကိုလည္း ႏိြဳက္စ္ေဟာက္က စိတ္လႈပ္ရွားေနပါတယ္။

ေႏြေစ်းကြက္အတြင္း လီဗာပူးနဲ႔ သတင္းၾကီးထားတဲ့ ေနာက္ထပ္ ကစားသမားျဖစ္သူ ဆဲလ္ဘတ္တိုက္စစ္မွဴး ဒါကာကလည္း လာမယ့္ အပတ္မွာ ပရီးမီးယားလိဂ္ကလပ္ လက္စတာအသင္းထံ ေရာက္ရွိေၾကာင္း တရားဝင္ ေၾကညာခ်က္ေတြ ထြက္လာမယ္လို႔လည္း သိထားရတာျဖစ္ပါတယ္။