မန်ချက်စတာယူနိုက်တက်ဟာ ဘရာဇီးကလပ် ဖလူမီနိစ်အသင်းမှ တိုက်စစ်မှူး ပတ်ဒရိုကို ခေါ်ယူရန်အတွက် ကမ်းလှမ်းဆက်သွယ်မှု ပြုလုပ်ထဲ့ပါတယ်။

ပတ်ဒရိုကို ခေါ်ယူရန်အတွက် စပိန်ကလပ် ရီးရဲမက်ဒရစ်ဘက်က စိတ်ဝင်စားမှုရှိခဲ့ဖူးပြီး၊ ကစားသမားမှာ ဒူးအရွတ်စုတ်ပြဲဒ ဏ်ရာရရှိသွားခဲ့သည့်အတွက် ခေါ်ယူရန် လက်လျော့လိုက်ခြင်းဖြစ်သည်။ ဒဏ်ရာက ကာလအတန်ကြာအနားယူပြီးနောက် ပွဲထွက်ပြန်လည်ပါဝင်လာပြီး ဂိုးတွေသွင်းယူပေးခဲ့သည်။

အသက် ၂၁ နှစ်အရွယ် ကစားသမားအတွက် မန်ယူဘက်က ပြောင်းရွှေ့ကြေး ပမာဏ ပေါင် သန်း ၂၀ နီးပါး အသုံးပြုရမယ်လို့ သိထားရတယ်။ မန်ယူအပြင် ဥရောပကလပ် အများအပြားကလည်း ပတ်ဒရိုရဲ့ ခြေစွမ်းပိုင်းကို စောင့်ကြည့်ဖို့ ကင်းထောက်များစေလွှတ်ထားခဲ့တယ်။

လူငယ်ကစားသမားများကို ဦးစားပေးခေါ်ယူသွားမည့် ဆိုးရှားသည် ပတ်ဒရို အပါအ၀င် ဆွမ်ဆီးကစားသမား ဒန်နီရယ်ဂျိမ်းစ်ကိုလည်း ခေါ်ယူရန် ကြိုးစားနေတယ်။

လာမယ့် ရက်တွေမှာတော့ သဘောတူညီမှုများနဲ့ အပြီးသတ်ခေါ်နိုင်ဖို့ ကြိုးစားမှုတွေ ထွက်ပေါ်လာတော့မှာ ဖြစ်ပါတယ်။