လီဗာပူး တိုက်စစ်မှူး ဒီယေဂို ဂျိုတာရဲ့ ပေါ်တူဂီ အသင်းဟာ ညက ယူရိုအုပ်စုပွဲမှာ ဂျာမနီကို ၄-၂ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဂျိုတာကတော့ ခြေစွမ်းပြကာ ဂိုးလည်း သွင်းနိုင်ခဲ့ပါတယ်။
ဟန်ဂေရီနဲ့ ပွဲမှာ ခရစ္စတီယာနို ရော်နယ်ဒိုထံ ဘောလုံး မပေးခဲ့တာကြောင့် ဝေဖန်မှုတွေ ညံခဲ့သော်လည်း ဂျာမနီ နဲ့ ပွဲမှာတော့ ရော်နယ်ဒိုနဲ့ အတူ ဂျိုတာက တွဲဖက် အစွမ်းပြခဲ့တာပါ။ ပေါ်တူဂီ ရခဲ့တဲ့ ၂ ဂိုးလုံးကလည်း ဂျိုတာနဲ့ ရော်နယ်ဒို နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် ဖန်တီးပြီး တစ်ဂိုးစီ သွင်းခဲ့တာ ဖြစ်ပါတယ်။
ဒါပေမယ့် ဂျာမနီဘက် own goal တွေ ပေးခဲ့ရတာနဲ့ ပေါ်တူဂီက နည်းစနစ်ပိုင်း ဂျာမနီကို မယှဉ်နိုင်ခဲ့တာတွေကြောင့် အရှုံးရလဒ်နဲ့ ကြုံခဲ့ရတာပါ။ ဒီပွဲမှာ ရလဒ်ရှုံးခဲ့ပေမယ့် ဂျိုတာရဲ့ ပွဲတွင်း စွမ်းဆောင်ရည် အချက်အလက်တွေက ကောင်းမွန်ခဲ့ပါတယ်။
ဂျိုတာက ဘောလုံး ပေးပို့မှု ၁၅ ကြိမ်မှာ ၁၃ ကြိမ် အောင်မြင်ပြီး တိကျမှု ၈၇% ရှိခဲ့ပါတယ်။ ဂိုးအခွင့်အရေးကောင်း တစ်ခု ဖန်တီးနိုင်ပြီး ရော်နယ်ဒို သွင်းဂိုးအတွက် ကူညီနိုင်ခဲ့ပါတယ်။ ဂိုးပေါက် ကန်ချက်က ၃ ကြိမ် ရှိခဲ့ပြီး ၁ ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဘောလုံး ဖြတ်တောက်ယူမှု တစ်ကြိမ်လည်း အောင်မြင်ခဲ့ပါတယ်။
ဂျိုတာရဲ့ သွင်းဂိုး တစ်ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ်က ပေါ်တူဂီရဲ့ အရှုံးကိုတော့ မရပ်တန့်နိုင်ခဲ့ပါဘူး။ ဒါပေမယ့် ယူရို ပြိုင်ပွဲ ကစားပြီးသမျှထဲမှာ ဖျော်ဖြေမှု အပေးနိုင်ဆုံး ပွဲကောင်း တစ်ပွဲ ဖြစ်ခဲ့ပါတယ်။
ပေါ်တူဂီက အုပ်စု နောက်ဆုံး ပွဲ အဖြစ် ပြင်သစ်နဲ့ ကစားရဦးမှာ ဖြစ်ပြီး ဟန်ဂေရီက ပြင်သစ်ကို သရေ ကစား ထားတာကြောင့် အုပ်စု တက်ဖို့ အဆုံးအဖြတ်က အခွင့်အရေး ရှိနေဆဲ ဖြစ်ပါတယ်။
Zawgyi – လီဗာပူး တိုက္စစ္မွဴး ဒီေယဂို ဂ်ိဳတာရဲ႕ ေပၚတူဂီ အသင္းဟာ ညက ယူရိုအုပ္စုပြဲမွာ ဂ်ာမနီကို ၄-၂ ရလဒ္နဲ႕ ရွံဳးနိမ့္ခဲ့ေပမယ့္ ဂ်ိဳတာကေတာ့ ေျခစြမ္းျပကာ ဂိုးလည္း သြင္းနုိင္ခဲ့ပါတယ္။
ဟန္ေဂရီနဲ႕ ပြဲမွာ ခရစၥတီယာနို ေရာ္နယ္ဒိုထံ ေဘာလံုး မေပးခဲ့တာေၾကာင့္ ေ၀ဖန္မႈေတြ ညံခဲ့ေသာ္လည္း ဂ်ာမနီ နဲ႕ ပြဲမွာေတာ့ ေရာ္နယ္ဒိုနဲ႕ အတူ ဂ်ိဳတာက တြဲဖက္ အစြမ္းျပခဲ့တာပါ။ ေပၚတူဂီ ရခဲ့တဲ့ ၂ ဂိုးလံုးကလည္း ဂ်ိဳတာနဲ႕ ေရာ္နယ္ဒို နွစ္ေယာက္ တစ္ေယာက္နဲ႕ တစ္ေယာက္ ဖန္တီးျပီး တစ္ဂိုးစီ သြင္းခဲ့တာ ျဖစ္ပါတယ္။
ဒါေပမယ့္ ဂ်ာမနီဘက္ own goal ေတြ ေပးခဲ့ရတာနဲ႕ ေပၚတူဂီက နည္းစနစ္ပိုင္း ဂ်ာမနီကို မယွဥ္နုိင္ခဲ့တာေတြေၾကာင့္ အရွံဳးရလဒ္နဲ႕ ၾကံဳခဲ့ရတာပါ။ ဒီပြဲမွာ ရလဒ္ရွံဳးခဲ့ေပမယ့္ ဂ်ိဳတာရဲ႕ ပြဲတြင္း စြမ္းေဆာင္ရည္ အခ်က္အလက္ေတြက ေကာင္းမြန္ခဲ့ပါတယ္။
ဂ်ိဳတာက ေဘာလံုး ေပးပို႔မႈ ၁၅ ၾကိမ္မွာ ၁၃ ၾကိမ္ ေအာင္ျမင္ျပီး တိက်မႈ ၈၇% ရွိခဲ့ပါတယ္။ ဂိုးအခြင့္အေရးေကာင္း တစ္ခု ဖန္တီးနိုင္ျပီး ေရာ္နယ္ဒို သြင္းဂိုးအတြက္ ကူညီနိုင္ခဲ့ပါတယ္။ ဂိုးေပါက္ ကန္ခ်က္က ၃ ၾကိမ္ ရွိခဲ့ျပီး ၁ ဂိုး သြင္းနုိင္ခဲ့ပါတယ္။ ေဘာလံုး ျဖတ္ေတာက္ယူမႈ တစ္ၾကိမ္လည္း ေအာင္ျမင္ခဲ့ပါတယ္။
ဂ်ိဳတာရဲ႕ သြင္းဂိုး တစ္ဂိုးနဲ႕ ဂိုးဖန္တီးမႈ ၁ ၾကိမ္က ေပၚတူဂီရဲ႕ အရွံဳးကိုေတာ့ မရပ္တန္႔နုိင္ခဲ့ပါဘူး။ ဒါေပမယ့္ ယူရို ျပိဳင္ပြဲ ကစားျပီးသမွ်ထဲမွာ ေဖ်ာ္ေျဖမႈ အေပးနိုင္ဆံုး ပြဲေကာင္း တစ္ပြဲ ျဖစ္ခဲ့ပါတယ္။
ေပၚတူဂီက အုပ္စု ေနာက္ဆံုး ပြဲ အျဖစ္ ျပင္သစ္နဲ႕ ကစားရဦးမွာ ျဖစ္ျပီး ဟန္ေဂရီက ျပင္သစ္ကို သေရ ကစား ထားတာေၾကာင့္ အုပ္စု တက္ဖို႔ အဆံုးအျဖတ္က အခြင့္အေရး ရွိေနဆဲ ျဖစ္ပါတယ္။