ယူရို ၂၀၂၀ မှာ သြစတြီးယားနဲ့အတူ ပါဝင်ယှဉ်ပြိုင်နေတဲ့ ကွင်းလယ်လူ ဘမ်းဂါနာက ဒီနွေမှာ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့ ဇာတ်လမ်းတွေကို ကျေနပ်ပါကြောင်း ထုတ်ပြောလာပါတယ်။
အသက် ၂၁ နှစ်အရွယ် ဘမ်းဂါနာဟာ ဂျာမနီကလပ် ဟော့ဖန်ဟိမ်းမှာ ကစားနေသူဖြစ်တယ်။ သူ့ကို ခေါ်ယူဖို့ လီဗာပူးအသင်းက စိတ်ဝင်စားနေပါကြောင်း သတင်းတွေ ထွက်လာနေခြင်းဖြစ်ကာ ကစားသမားက အပြောင်းအရွှေ့ ကိစ္စတွေကို အာရုံမစိုက်နိုင်သေးပေမယ့် နှစ်သက်ကြောင်း ဆိုလာပါတယ်။
ဘမ်းဂါနာက “ ယူရိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေရတာက အပြောင်းအရွှေ့ ကောလဟာလတွေအပေါ် စဉ်းစားဖို့ အချိန်မရှိပါဘူး။ ကျနော်ရဲ့ ကစားသမားဘဝမှာ သိလာရတာက အပြောင်းအရွှေမှာ အခြားသော ကလပ်တွေနဲ့ ချိတ်ဆက်ပေးမှုတွေက အမြဲတမ်းရှိတယ် ဆိုတာပါပဲ။
အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး သတင်းထွက်နေတာတွေကို ငြင်းဆန်လိုခြင်း မရှိပါဘူး။ အဲ့တာတွေ ကြားရတာကို ကျနော် နှစ်သက်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေမှာတော့ ကျနော်အတွက် အပြောင်းအရွှေ့ ကိစ္စတွေက အရေးမကြီးဘဲ ပြိုင်ပွဲအတွက်ပဲ အာရုံစိုက်နေပါတယ်။
ဒီလို ကောလဟာလတွေကို ရင်ဆိုင်ဖို့ဆိုတာက ကျနော် အလုပ်ရဲ့ တစိတ်တပိုင်းပဲ ဖြစ်ပါတယ်။ အဲ့အတွက်လည်း အတွေ့အကြုံ ရှိထားပါပြီ။ အခြား ကောလဟာလတွေထက် အပြောင်းအရွှေ့ ကောလဟာလတွေ ထွက်တာက ပိုကောင်းတာပေါ့ ” လို့ တုန့်ပြန်သွားပါတယ်။
လီဗာပူးအသင်းဟာ ယူရို ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နေတဲ့ လူငယ် ကစားသမား အများအပြားကို စောင့်ကြည့်နေကြောင်း သတင်းတွေ ထွက်ပေါ်ထားတယ်။ ဒါပေမယ့်လို့ အခုချိန်ထိ တရားဝင် ကမ်းလှမ်းမှုတွေ စတင်လာခြင်းတော့ မရှိသေးတာ ဖြစ်ပါတယ်။
ZAWGYI
ယူရို ၂၀၂၀ မွာ ၾသစၾတီးယားနဲ႔အတူ ပါဝင္ယွဥ္ျပိဳင္ေနတဲ့ ကြင္းလယ္လူ ဘမ္းဂါနာက ဒီေႏြမွာ ထြက္ေပၚေနတဲ့ အေျပာင္းအေရႊ႔ ဇာတ္လမ္းေတြကို ေက်နပ္ပါေၾကာင္း ထုတ္ေျပာလာပါတယ္။
အသက္ ၂၁ ႏွစ္အရြယ္ ဘမ္းဂါနာဟာ ဂ်ာမနီကလပ္ ေဟာ့ဖန္ဟိမ္းမွာ ကစားေနသူျဖစ္တယ္။ သူ႔ကို ေခၚယူဖို႔ လီဗာပူးအသင္းက စိတ္ဝင္စားေနပါေၾကာင္း သတင္းေတြ ထြက္လာေနျခင္းျဖစ္ကာ ကစားသမားက အေျပာင္းအေရႊ႔ ကိစၥေတြကို အာရံုမစိုက္ႏုိင္ေသးေပမယ့္ ႏွစ္သက္ေၾကာင္း ဆိုလာပါတယ္။
ဘမ္းဂါနာက “ ယူရိုျပိဳင္ပြဲမွာ ပါဝင္ယွဥ္ျပိဳင္ေနရတာက အေျပာင္းအေရႊ႔ ေကာလဟာလေတြအေပၚ စဥ္းစားဖို႔ အခ်ိန္မရွိပါဘူး။ က်ေနာ္ရဲ႕ ကစားသမားဘဝမွာ သိလာရတာက အေျပာင္းအေရႊမွာ အျခားေသာ ကလပ္ေတြနဲ႔ ခ်ိတ္ဆက္ေပးမႈေတြက အျမဲတမ္းရွိတယ္ ဆိုတာပါပဲ။
အေျပာင္းအေရႊ႔နဲ႔ ပတ္သက္ျပီး သတင္းထြက္ေနတာေတြကို ျငင္းဆန္လိုျခင္း မရွိပါဘူး။ အဲ့တာေတြ ၾကားရတာကို က်ေနာ္ ႏွစ္သက္ပါတယ္။ ဒါေပမယ့္ ဒီအေျခအေနမွာေတာ့ က်ေနာ္အတြက္ အေျပာင္းအေရႊ႔ ကိစၥေတြက အေရးမၾကီးဘဲ ျပိဳင္ပြဲအတြက္ပဲ အာရံုစိုက္ေနပါတယ္။
ဒီလို ေကာလဟာလေတြကို ရင္ဆိုင္ဖို႔ဆိုတာက က်ေနာ္ အလုပ္ရဲ႕ တစိတ္တပိုင္းပဲ ျဖစ္ပါတယ္။ အဲ့အတြက္လည္း အေတြ႔အၾကံဳ ရွိထားပါျပီ။ အျခား ေကာလဟာလေတြထက္ အေျပာင္းအေရႊ႔ ေကာလဟာလေတြ ထြက္တာက ပိုေကာင္းတာေပါ့ ” လို႔ တုန္႔ျပန္သြားပါတယ္။
လီဗာပူးအသင္းဟာ ယူရို ျပိဳင္ပြဲမွာ ပါဝင္ယွဥ္ျပိဳင္ေနတဲ့ လူငယ္ ကစားသမား အမ်ားအျပားကို ေစာင့္ၾကည့္ေနေၾကာင္း သတင္းေတြ ထြက္ေပၚထားတယ္။ ဒါေပမယ့္လို႔ အခုခ်ိန္ထိ တရားဝင္ ကမ္းလွမ္းမႈေတြ စတင္လာျခင္းေတာ့ မရွိေသးတာ ျဖစ္ပါတယ္။