ယူရိုပြိုင်ပွဲအပြီးမှာ နီကိုး ဝီလီယမ်ကို ရောင်းထုတ်ဖို့ကို လီဗာပူးအသင်းဘက် လုပ်ရှားသွားမှာဖြစ်ကာ ပြောင်းရွှေ့ကြေး ပေါင် ၁၀ သန်း တေင်းဆိုမယ်လို့ သတင်းထောက် James Pearce က အတည်ပြုပါတယ်။

အသင်းဘက်က နီကိုးကို ဆက်ထိန်းပြီး ထရန့်နေရာ အစားထိုးဖို့ကို ဦးစားပေးအဖြစ် ရွေးချယ်ခဲ့တယ်။ သို့ပေမယ့် နီကိုးက ပုံမှန်ပွဲကစားခွင့် ရလိုနေကာ ဒီနွေမှာ သူ့ကို ခေါ်ယူလိုတဲ့ ကလပ်တွေ များပြားလာခြင်းကြောင့် မှန်ကန်တဲ့ ပြောင်းရွှေ့ကြေးရမယ်ဆိုရင် အကယ်ဒမီထွက် ညာအစွန်လူကို ရောင်းထုတ်ဖို့အား လီဗာပူးဘက်က စဉ်းစားလာခဲ့ပါတယ်။

အသက် ၉ နှစ်ကတည်းက လီဗာပူးနဲ့ စတင်ပူးပေါင်းခဲ့တဲ့ နီကိုးဟာ ပုံမှန် တိုးတက်မှုနှုန်းထားတွေ ရှိသူဖြစ်တယ်။ ဒါပေမယ့်လည်း စီနီယာအသင်းမှာ ထရန့်လို အသင်းသား ရှိနေခြင်းကြောင့် ညာအစွန်မှာ ကစားခွင့်ဟာ အကန့်အသတ်ဖြစ်လာခဲ့ပါတယ်။

ကုန်ခဲ့တဲ့ ၂ ရာသီအတွင်း ပြိုင်ပွဲစုံ ၂၅ ပွဲပဲ ကစားခွင့်ရထားတဲ့ နီကိုးဟာ ထရန့် ဒဏ်ရာရနေချိန်မှမှ ပွဲထွက်လူစာရင်းက ပါဝင်နိုင်ပြီး ပရီးမီးယားလိဂ် ပွဲထွက်စာရင်းမှာ ၆ ပွဲပဲ ပါဝင်ထားနိုင်ပါတယ်။ ယူရို ၂၀၂၀ မှာ ပါဝင်ကစားခွင့်တွေ ရနေတဲ့နောက် နီကိုးက ပုံမှန်ကစားခွင့်ဟာ သူ့အတွက် အရေးပါတယ်ဆိုတာကို နားလည်လာခဲ့ပါတယ်။

ဒီနွေမှာ နီကိုးကို ခေါ်ယူဖို့ လိဒ်၊ ဆောက်သမ်တန်၊ အက်စတွန်ဗီလာနဲ့ ဘန်လေတို့က အဓိက စိတ်ဝင်စားနေတယ်။ သူတို့ထဲက လီဗာပူးရဲ့ တောင်းဆိုမှုကို လိုက်လျောနိုင်တဲ့ ကမ်းလှမ်းမှု ပေးနိုင်တဲ့အသင်း ထွက်ပေါ်လာမလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။

လီဗာပူးကတော့ နီကိုးကို ရောင်းထုတ်ခဲ့မယ်ဆိုရင်လည်း ညာအစွန်နေရာအတွက် အင်အားဖြည့်မှာ မဟုတ်ပါဘူး။ ဂိုးမက်စ်ကို အဆိုပါနေရာအတွက် ကာဗာ ထားမှာဖြစ်ကာ အကယ်ဒမီမှာ တောက်ပနေပြီး အသက် ၁၇ နှစ်အရွယ်မှာတင် မြောက်အိုက်ယာလန် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံထားရတဲ့ ဘရတ်ဒလေကို စီနီယာအသင်းထံ ခေါ်ဆောင်သွားမှာဖြစ်ပါတယ်။

ZAWGYI

ယူရိုျပိဳင္ပြဲအျပီးမွာ နီကိုး ဝီလီယမ္ကို ေရာင္းထုတ္ဖို႔ကို လီဗာပူးအသင္းဘက္ လုပ္ရွားသြားမွာျဖစ္ကာ ေျပာင္းေရႊ႔ေၾကး ေပါင္ ၁၀ သန္း ေတင္းဆိုမယ္လို႔ သတင္းေထာက္ James Pearce က အတည္ျပဳပါတယ္။

အသင္းဘက္က နီကိုးကို ဆက္ထိန္းျပီး ထရန္႔ေနရာ အစားထိုးဖို႔ကို ဦးစားေပးအျဖစ္ ေရြးခ်ယ္ခဲ့တယ္။ သို႔ေပမယ့္ နီကိုးက ပံုမွန္ပြဲကစားခြင့္ ရလိုေနကာ ဒီေႏြမွာ သူ႔ကို ေခၚယူလိုတဲ့ ကလပ္ေတြ မ်ားျပားလာျခင္းေၾကာင့္ မွန္ကန္တဲ့ ေျပာင္းေရႊ႔ေၾကးရမယ္ဆိုရင္ အကယ္ဒမီထြက္ ညာအစြန္လူကို ေရာင္းထုတ္ဖို႔အား လီဗာပူးဘက္က စဥ္းစားလာခဲ့ပါတယ္။

အသက္ ၉ ႏွစ္ကတည္းက လီဗာပူးနဲ႔ စတင္ပူးေပါင္းခဲ့တဲ့ နီကိုးဟာ ပံုမွန္ တိုးတက္မႈႏႈန္းထားတေြ ရွိသူျဖစ္တယ္။ ဒါေပမယ့္လည္း စီနီယာအသင္းမွာ ထရန္႔လို အသင္းသား ရွိေနျခင္းေၾကာင့္ ညာအစြန္မွာ ကစားခြင့္ဟာ အကန္႔အသတ္ျဖစ္လာခဲ့ပါတယ္။

ကုန္ခဲ့တဲ့ ၂ ရာသီအတြင္း ျပိဳင္ပြဲစံု ၂၅ ပြဲပဲ ကစားခြင့္ရထားတဲ့ နီကိုးဟာ ထရန္႔ ဒဏ္ရာရေနခ်ိန္မွမွ ပြဲထြက္လူစာရင္းက ပါဝင္ႏုိင္ျပီး ပရီးမီးယားလိဂ္ ပြဲထြက္စာရင္းမွာ ၆ ပြဲပဲ ပါဝင္ထားႏုိင္ပါတယ္။ ယူရို ၂၀၂၀ မွာ ပါဝင္ကစားခြင့္ေတြ ရေနတဲ့ေနာက္ နီကိုးက ပံုမွန္ကစားခြင့္ဟာ သူ႔အတြက္ အေရးပါတယ္ဆိုတာကို နားလည္လာခဲ့ပါတယ္။

ဒီေႏြမွာ နီကိုးကို ေခၚယူဖို႔ လိဒ္၊ ေဆာက္သမ္တန္၊ အက္စတြန္ဗီလာနဲ႔ ဘန္ေလတို႔က အဓိက စိတ္ဝင္စားေနတယ္။ သူတို႔ထဲက လီဗာပူးရဲ႕ ေတာင္းဆိုမႈကို လိုက္ေလ်ာႏုိင္တဲ့ ကမ္းလွမ္းမႈ ေပးႏုိင္တဲ့အသင္း ထြက္ေပၚလာမလား ေစာင့္ၾကည့္ရမွာျဖစ္ပါတယ္။

လီဗာပူးကေတာ့ နီကိုးကို ေရာင္းထုတ္ခဲ့မယ္ဆိုရင္လည္း ညာအစြန္ေနရာအတြက္ အင္အားျဖည့္မွာ မဟုတ္ပါဘူး။ ဂိုးမက္စ္ကို အဆိုပါေနရာအတြက္ ကာဗာ ထားမွာျဖစ္ကာ အကယ္ဒမီမွာ ေတာက္ပေနျပီး အသက္ ၁၇ ႏွစ္အရြယ္မွာတင္ ေျမာက္အိုက္ယာလန္ လက္ေရြးစင္အသင္းအတြက္ ေရြးခ်ယ္ခံထားရတဲ့ ဘရတ္ဒေလကို စီနီယာအသင္းထံ ေခၚေဆာင္သြားမွာျဖစ္ပါတယ္။